မန္တလေးမြို့ ၇၈ လမ်းနဲ့ ၇၇ လမ်းအကြား ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ ရတနာပုံဈေးမှာ ယခုလ အရောင်းအဝယ်ပါးခြင်းကြောင့် ဆိုင်ခန်းအငှားရော အရောင်းဈေးနှုန်းပါ ကျဆင်းလာကြောင်း သိရပါတယ်။ရွှေနိုင်ငံအထည်ဆိုင်မှ မအေးအေးမိုးက "အရောင်းအဝယ်ပါးတော့ ဆိုင်ခန်း ဈေးကလည်း ခပ်ပါးပါးပဲ။ ဈေးကျပေမယ့် ဆိုင်ခန်းဝယ်ယူသူနည်းပြီး အငှားတော့ ရှိတယ်။ အရောင်းအဝယ်ပါးနေတာ ၃ လလောက်ရှိပြီ။ ၄ လပိုင်းမှာတော့ အရောင်း အဝယ်ပြန်ကောင်းနိုင်တယ်။ ဒီလက စကောစက ဖြစ်နေတာ။ နွေရာသီမဟုတ်၊ ဆောင်းရာသီမဟုတ်ဖြစ်နေတော့ အရောင်းအဝယ်ပါးနေတာ။ မင်္ဂလာပစ္စည်းတွေ လောက်ပဲ အရောင်းအဝယ်ဖြစ်တယ်။ ကျန်တဲ့ပစ္စည်းတွေက မရောင်းရသလောက် ပဲ။ တိုးတက်နေတဲ့အတွက် ဆိုင်တွေကလည်း နေရာတိုင်းမှာပေါ်လာတော့ ဈေးမှာ တကူးတကလာဝယ်တဲ့သူလည်း နည်းသွားပြီ။ နယ်ကဖောက်သည်လည်း ပါးနေ တယ်"လို့ ပြောပါတယ်။ရတနာပုံဈေးဆိုင်ခန်း အရောင်းဈေးနှုန်းမှာ ထောင့်ခန်းတစ်ခန်းကို ကျပ်သိန်း တစ်ထောင်ကျော်ရှိပြီး၊ အတွင်းခန်းတစ်ခန်းကို ကျပ်သိန်းငါးရာကျော်၊ ၂ ခန်းတွဲ ချောင်ကျခန်းမှာ ကျပ်သိန်း ၆၀၀ ခန့်ရှိပြီး အငှားဈေးနှုန်းမှာ အပြင်ဘက်အခန်း တစ်ခန်းကို ကျပ် ၁ သိန်းခွဲ၊ ၂ သိန်း၊ အတွင်းခန်းတစ်ခန်းကို ကျပ် ၅ သောင်းဈေးနဲ့ အငှားရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background