Main menu

Background

စိန်တံဆိပ်ဘိလပ်မြေတင်သွင်းခဲ့

Mon, 02/20/2012 - 08:39 -- Anonymous (not verified)

စိန်တံဆိပ်ဘိလပ်မြေတင်သွင်းခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း ဘိလပ်မြေ ၇၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ် လာ ခြောက်သိန်းနှစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ စိန်တံဆိပ်ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။  ယခင် သီတင်း ပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ရှစ်ထောင့်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တန်ချိန်ရှစ်ရာငါးဆယ်ကျော် လျော့နည်းပြီး တင် သွင်းခဲ့တာ တွေ့ရပါတယ်။                                   MIRT (DOT)နယ်စပ်မှ ဘိလပ်မြေအသွင်းပိုကန်ပိုက်တီးနယ်စပ်နဲ့ တာချီလိတ်နယ်စပ်တို့မှ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၇၁ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၁၃၈ တန်ကျော် တင်သွင်းမှုရှိခဲ့ရာ ယခင်အပတ်ကထက် ၆၇၅ တန်ကျော် ပိုမို တင်သွင်းမှုရှိခဲ့ပါတယ်။ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေများ အသွင်းပိုလာတာတွေ့ရပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေက တော့ ကန်ပိုက်တီးမှ ၁၁၆၇ တန်နဲ့ တာချီလိတ်မှ ၉၇၂ တန်ခန့် အသီးသီး ဖြစ်ပါတယ်။                                                MIRT (DOBT)ဈေးကွက်အတွင်း ပုံမှန်လေးပဲ ရောင်းအားရှိနေတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းပုံမှန်ရှိတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဒီတစ်ပတ်မှာ ဆင်(ထိုင်း)က ယခင်တစ်ပတ်ဈေးနဲ့ အရောင်းဖြစ်ပေမဲ့ ကြံ့(မြိုင်ကလေး) က ၂၀၀ ကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရပါ တယ်။ ဆင် (ထိုင်း) က ယခင်ဈေး အတိုင်း ၄၇၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး ကြံ့(မြိုင်ကလေး) က ဒီတစ် ပတ်မှာ ၄၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ ဈေးကလည်း အတက်အကျမရှိဘဲ ပုံမှန် ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ကြည့် ရင် အပြောင်းအလဲမရှိပေမဲ့ ယခင်လဒီအချိန်ဈေးနဲ့ ကြည့်ရင် စိန်(ယိုးဒယား)က ၂၀၀ ကျပ်ဈေးမြင့်လာပြီး ခြင်္သေ့က ၆၀၀ ကျပ် ဈေးကျလာပါတယ်။ မြို့တော်နဲ့ နဂါးက ဈေးမပြောင်းဘဲ အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက စိန်(ယိုးဒယား)က ၇၁၀၀ ကျပ်၊ ခြင်္သေ့က ၅၃၀၀ ကျပ်၊ မြို့တော် ၄၅၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက ရောင်းအားရှိတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပစ္စည်းအဝယ်လိုက် ပေမယ့် ဈေးကငြိမ်နေတယ်လို့ သိရပါတယ်။ နှစ်ဆန်းပိုင်းလောက်မှစပြီး အရောင်း အဝယ်ဖြစ်လာတာလို့ ၎င်းင်းအရောင်းဆိုင်မှ တာဝန်ရှိသူကပဲပြောပါတယ်။ ဒီတစ် ပတ်ဈေးကွက်ထဲ မောင်းတိန်းဘိလပ်မြေက ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်မှာဖြစ်နေတဲ့ ဈေးက ဆင်တံဆိပ် ၄၉၀၀ ကျပ်၊ စိန်တံဆိပ် ၄၈၀၀ ကျပ်နဲ့ ကျောက်ဆူးတံဆိပ် ၄၅၀၀ ကျပ်ဈေး ရှိနေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းရှိတယ်လို့ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ဈေးကတော့ ငြိမ်နေ ဆဲပဲလို့ အဆိုပါဝန်ထမ်းမှ ဆက်လက်ပြောပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ကြည့်ရင် ဆင်မင်းက ၁၀၀ ကျပ်ဈေးမြင့်ပြီး ကျားခေါင်းက ၁၀၀ ကျပ် ဈေးကျလာပါတယ်။ ကျန်ဘိလပ်မြေတွေက အရင်ဈေးအတိုင်းနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။  အေသုံးလုံးက ၅၃၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) က ၅၉၀၀ ကျပ်၊ စိန် (ထိုင်း) ၅၈၀၀ ကျပ်၊ ဆင်မင်း ၄၆၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၄၀၀ ကျပ်ဈေးအသီးသီးရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။   MIRT (DOT)