ကမ္ဘာ့တဲဘလက်ပီစီဈေးကွက်မှာ အက်ပဲနဲ့ အမေဇုန် တို့ကကျော်တက်တာကိုခံရပြီး တတိယနေရာကို ရောက်ရှိခဲ့ ပြီးတဲ့နောက် ဆမ်ဆောင်းကုမ္ပဏီက သူရဲ့ပြိုင်ဆိုင်မှုစွမ်းရည် ထက်မြက်လာစေဖို့အတွက် တန်ဖိုးနည်းထုတ်ကုန်တွေကို အသုံးပြုပြီး ယှဉ်ပြိုင်ဖို့ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ပီစီမိုဒယ်လ်သစ်တွေ ထုတ်လုပ်ဖို့အတွက် ကုမ္ပဏီရဲ့အနာဂတ် စီမံကိန်းကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆမ်ဆောင်းမိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း အကြီးအကဲ ရှင်းဂျွန်ကျွန်းက ဖော်ထုတ်တင်ပြခဲ့ပါတယ်။ '' ၂၀၁၁ ခုနှစ်ကတဲဘလက်ပီစီ ၇ ဒသမ ၅ သန်းရောင်း ချဖို့ ရည်မှန်းချက်ထားခဲ့ပါတယ်။ဒါပေမဲ့ ၆ သန်းအထိတော့ ရောင်းချခဲ့ရပါတယ်။ဒီနှစ် ပထမနှစ်ဝက်မှာတော့ ရည်မှန်း ချက်ကို ပြည့်မီအောင် တန်ဖိုးနည်း ပီစီတွေထုတ်ဖို့ ရှိပါ တယ်"လို့ ရှင်းကပြောပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ပတ်လည်ရောင်းချရာမှာ အက်ပဲက အိုင်ပက် ၄၀ ဒသမ ၄၉ သန်းကိုတင်ပို့ရောင်းချပြီး ဈေးကွက် ကို လွှမ်းမိုးထားပါတယ်။ ဆမ်ဆောင်းက ဒုတိယနေရာကို ရယူထားပြီး အမေဇုန်က Kindle Fire အီးဘုတ်ရီဒါတွေကို စတင်မိတ်ဆက်ပြီး တတိယနေရာကို ရယူခဲ့ပါတယ်။ဒါပေမဲ့ ၂၀၁၁ ခုနှစ်နောက်ဆုံး သုံးလပတ်မှာ အမေဇုန်က Kindle Fire ၃ဒသမ ၈၈ သန်းရောင်းချပြီး ဆမ်ဆောင်းကို ကျော် တက်ခဲ့ပါတယ်။ ဆမ်ဆောင်းကတဲဘက် ပီစီ ၂ ဒသမ ၁၄ သန်းကိုရောင်းချပြီး တတိယနေရာကို ရောက်ရှိခဲ့ပါတယ်။ ဈေးကွက်မှာ ခြေကုပ်ပြန်ခိုင်မြဲဖို့အတွက် ကုမ္ပဏီက ထုတ်ကုန်တွေကို အမျိုးမျိုးခွဲဖြန့်ထားဖို့ ကုမ္ပဏီ ကစီစဉ်နေ ကြောင်း ရှင်းက ပြောပါတယ်။ယခုလက်ရှိ ကမ္ဘာ့မိုဘိုင်းလ်ကွန် ဂရက် မှာ Galaxy Note 10-1 နဲ့အတူ ၇ လက်မနဲ့ ၁၀ လက်မအရွယ် Galaxy Tab ကိုပွဲထုတ်ခဲ့ပါတယ်။ Source. chosun.com
Background