ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၂ ခုနှစ် မတ် ၁၄ ရက်မှ ၁၈ ရက်အထိ Thailand International Furniture Fair 2012 ပြပွဲကို Bangkok International Trade and Exhibition Centre (BITEC) တွင် ကျင်းပမည်ဖြစ် ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းစီးပွားရေး သံမှူးရုံးမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်သို့ ဖိတ်ကြားလာပါ သည်။ ပြပွဲကျင်းပရေးကော်မတီမှ ပြခန်း ခြောက် ခန်း ကူညီပေးမည်ဟု သိရှိရပြီး ပြပွဲသို့ သွား ရောက် ပြသခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် မြန်မာ့ပရိဘောဂပစ္စည်းများ ကမ္ဘာ့ဈေးကွက် သို့ ထိုးဖောက်နိုင်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲသို့ မြန်မာလုပ်ငန်းရှင် ကုမ္ပဏီ သုံးခုမှလည်း ကြိမ်ထည်ပစ္စည်းများ၊ ကြမ်းခင်း ပစ္စည်းများနှင့် ပရိဘောဂပစ္စည်း (နမူနာ) များကို သွားရောက်ပြသမည် ဖြစ်ကြောင်း UMFCCI မှ စုံစမ်းသိရှိရပါသည်။ ခိုင်ကြည်သာ
Background