Main menu

Background

Scholarships for ASEAN National အစီအစဉ်အရ စင်ကာပူအစိုးရတက္ကသိုလ် (NUS) တွင် ၉ဝ ရာခိုင်နှုန်း ကျောင်းလခ လွတ်ကင်းခွင့်လျှောက်ထားနိုင်

Tue, 03/23/2010 - 10:08 -- Anonymous (not verified)

    စင်ကာပူနိုင်ငံအစိုးရ တက္ကသိုလ်ဖြစ်သည့် National University of Singapore (NUS) မှ သြဂုတ်လတွင် ဖွင့်လှစ်မည့် Master of Computing NUS Graduate Scholarships for ASEAN National အစီအစဉ်အရ ကျောင်းလခ၏ ၉ဝ ရာခိုင်နှုန်းကင်းလွတ်ခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။    ကျောင်းလခ ၉ဝ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကို Full Time Course တက်ရောက်နိုင်သူများ သာလျှောက်ထားနိုင်ပြီး၊ အနိမ့်ဆုံးပညာအရည်အချင်းမှာ ကွန်ပျူတာတက္ကသိုလ်မှ ဂုဏ်ထူးတန်းအထိ အောင်မြင်ထားသူ (သို့) ကွန်ပျူတာ နည်းပညာနှင့် ပတ်သက်သည့် ဘွဲ့နှင့်အိုင်တီလုပ်ငန်း အတွေ့အကြုံ နှစ်နှစ်ရှိထားရမည်ဟု သိရသည်။    Computer Science? Infocomm Security ? Information Technology Project Management ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်လိုသူများသည် Crown Education ဖုန်း ၂၁၁၈၈၈ Ext: ၂၂၈-၂၂၉၊ ဝ၉၅ဝ၈၅၁၈၅ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။