Main menu

Background

ဖိလစ်ပိုင်ဘဏ်များက အေတီ အမ်ကွန်ရက်ကိုဖွဲ့စည်းမည်

Thu, 02/05/2015 - 21:24 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

             စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်ဖို့နဲ့ ကုန်ကျ စရိတ်သက်သာဖို့အတွက် ဖိလစ်ပိုင်ဘဏ်များကအလို အလျောက် ငွေထုတ်စက်(အေတီအမ်)ကွန်ရက်ကို ထူ ထောင်တော့မှာဖြစ်တဲ့အတွက် အေတီအမ်စက်တွေမှ တစ်ဆင့် ငွေထုတ်ငွေသွင်းလုပ်တဲ့အခါကောက်ခံတဲ့ ဆောင်ရွက်ခတွေကျဆင်းလာတော့မှာဖြစ်ကြောင်းဖိလစ်ပိုင်ဗဟိုဘဏ်Bangko Sentral ng Philipina  ပြောပါတယ်။ ဒီသတင်းကို ဝက်ဘ်ဆိုက် သတင်း မှာ ဖော်ပြပါတယ်။
''လာမယ့်ရက်သတ္တပတ်မှာ   ဖိလစ်ပိုင်ဘဏ် လုပ်ငန်းရှင်များအသင်း၊  BancNet eJY Megalink တို့က အေတီအမ်ကွန်ရက်နှစ်ခုကိုဖွဲ့စည်းတည် ထောင်ကြမှာဖြစ်ပါတယ်'' လို့ ဗဟိုဘဏ်အုပ်ချုပ်ရေး မှူး အာမန်ဒိုအမ်တဲတန်ကို (ဂျူနီယာ)က ယခင်ရက် သတ္တပတ်အကုန်က ပြောပါတယ်ဘဏ်တွေက ဖောက်သည်တွေ အများကြီးကို ကူညီနိုင်ဖို့အတွက် အေတီအမ်က အကူအညီပေးပြီး စက်တွေကို ၂၄ နာရီ ၇ ရက်အချိန်မလပ် ဖွင့်ပေးထား တဲ့အတွက်ငွေလိုအပ်တဲ့အသုံးပြုသူတွေအတွက်အရေးပါတဲ့ကိရိယာဖြစ်နေပါတယ်။လက်ရှိအချိန်မှာဘဏ်တွေမှာရှိတဲ့အေတီအမ်စက်တွေကငွေထုတ်တဲ့အခါအခကြေးငွေကပီဆို ၁၀ မှ ၁၅ ပီဆို အတွင်း ကောက်ခံ ပါတယ်။ငွေလက်ကျန်စုံစမ်းတဲ့အခါနဲ့ တခြားဝန်ဆောင် မှုတွေအတွက်လည်း  အခကြေးငွေကို ကောက်ခံပါ တယ်။ နိုင်ငံအတွင်းရှိ အေတီအမ်စက်အရေအတွက် က ၂၀၁၃ ခုနှစ်ကာလတူမှာ ၁၃၆၂၁ ခုရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်မှာ ၁၅၁၈၇ ခုထိ ရောက်ရှိ ခဲ့တဲ့အတွက် ၁၁ ရာခိုင်နှုန်း  ထပ်မံမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ဒီစက်တွေအနက် ဘဏ်တွေရဲ့ ပရဝုဏ်အတွင်း မှာ ၈၈၄၅ ခုနဲ့ ဈေး ဆိုင်တန်းတွေနဲ့ တခြားအဆောက် အဦလို ဘဏ်ပြင်ပနေရာတွေမှာ ၆၃၄၂ ခုရှိ ပါတယ်။
ဉာဏ်တင်စုစည်းတင်ပြသည်။