Main menu

Background

၂၀၁၄ ခုနှစ်အတွင် ဆွစ်ဇာလန်မှ အိန္ဒိယသို့ ရွှေတင်ပို့မှု ရူပီး ၁၂ သန်းကျော်ရှိခဲ့

Thu, 02/05/2015 - 21:26 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

          ရွှေတုံးများကို  တရားမဝင်  ငွေကြေး များရရှိဖို့ နည်းလမ်းအဖြစ်သုံးနေတယ် ဆိုတဲ့  စိုးရိမ်မှုတွေ  တည်ရှိနေပေမယ့် ၂၀၁၄ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံသို့ ဆွစ်ဇာလန်နိုင်ငံရဲ့ ရွှေတင်ပို့မှုက ရူပီး ၁၂ သန်းကျော်ခဲ့ကြောင်း ဟိန္ဒူသတင်း မှာ ဖော်ပြပါတယ်၂၀၁၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ လကုန်အထိ ၁၁ လတာကာလအတွင်း ဆွစ်ဇာလန်မှ အိန္ဒိယသို့တင်ပို့ခဲ့တဲ့ ရွှေ တန်ဖိုးက ဆွန်ဖရန့် ၁၇ ဒသမ ၁ ဘီလီယံ(ရူပီး သန်း ၁၂ သိန်းကျော်)ရှိခဲ့ ကြောင်း ဆွစ်ဇာလန်အစိုးရကထုတ်ပြန် ပါတယ်။
    ၂၀၁၄ ခုနှစ်   နိုဝင်ဘာတစ်လ တည်းမှာ ဆွစ်ဇာလန်မှ ရွှေတုံးတင်ပို့မှု ကဆွစ်ဖရန့် ၂ ဒသမ ၉ ဘီလီယံ(ရူပီး သန်း ၂၀ သိန်းကျော်)    ရှိခဲ့ပါတယ်။ အောက်တိုဘာလအတွင်း တင်ပို့မှုက လည်း ဒီပမာဏနီးပါးလောက်ရှိကြောင်း  ဆွစ်ဇာလန်အကောက်ခွန်အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။၂၀၁၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ အထိကာလအတွင်း  ဆွစ်ဇာလန်နိုင်ငံ မှအိန္ဒိယသို့တင်ပို့မှုက ရွှေ ၄၅၇ ကီလို ဂရမ်ကျော်   ရှိပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ အိန္ဒိယနိုင်ငံဟာဆွစ်ဇာလန်နိုင်ငံရဲ့ရွှေတင်ပို့မှုမှာ အကြီးမားဆုံး ဒေသကြီးတစ်ခု ဖြစ်ခဲ့ပါ တယ်။ အိန္ဒိယနိုင်ငံက ထုတ်ပြန်တဲ့  နောက်ဆုံးကိန်း ဂဏန်းများအရ နိုဝင် ဘာလအတွင်း ရွှေတင်သွင်းမှုက ခြောက်ဆမြင့်တက်ပြီး အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၁ ဘီလီယံ(ရူပီး သန်း ၃၅၀၀၀၀)ရှိခဲ့ပါတယ်။
    ရွှေတင်သွင်းမှု   မြင့်မားရတဲ့ အဓိကအကြောင်းရင်းက   လက်ထပ် ရာသီနဲ့  ပွဲတော်ကာလဝယ်လိုအားမြင့် တက်မှုနဲ့ နိုဝင်ဘာမှာ သွင်းကုန်ထိန်း ချုပ်မှုတွေကို  လျှော့ချပေးလိုက်လို့ဖြစ် ပါတယ်။ အောက်တိုဘာလရဲ့ ရွှေတင် သွင်းမှုက ၂၈၀ ရာခိုင်နှုန်းမြင့်တက်ပြီး ဒေါ်လာ ၄ ဒသမ ၁၇ ဘီလီယံဖိုး  ရှိခဲ့ ပါတယ်။   စက်တင်ဘာလမှာလည်း ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံဖိုး  တင် သွင်းခဲ့ပါတယ်။
ဉာဏ်တင်စုစည်းတင်ပြသည်။