Main menu

Background

အာမခံကုမ္ပဏီများအတွက် အိန္ဒိယနိုင်ငံက သဘာဝအန္တရာယ် အများဆုံးကျရောက်တဲ့၁၀ နိုင်ငံထဲမှာပါဝင်

Wed, 06/17/2015 - 20:24 -- journal_editor

    သဘာဝဘေးအန္တရာယ် ကျရောက် မှုအခြေအနေနှင့်    ပတ်သက်ပါက အိန္ဒိယနိုင်ငံကထိပ်ဆုံး ၁၀ နိုင်ငံစာရင်း တွင်ပါဝင်ကြောင်း  အာမခံအေဂျင်စီ တစ်ခုဖြစ်တဲ့Bajaj Allianz ရဲ့ပြောကြား ချက်ကို ကိုးကားပြီး Business Standard သတင်းမှာ   ဖော်ပြပါတယ်။   ဂျမူးနဲ့ ကက်ရ်ှမီးယား ရေလွှမ်းမိုးမှု၊ ဥတ္တရခန်း မြေပြိုမှု၊ ဟွဒ်ဟွဒ်ဆိုင်ကလုန်း  စတဲ့ သဘာဝဘေး အန္တရာယ်တွေ မကြာခဏ ဖြစ်ပွားမှုကြောင့် အိန္ဒိယရဲ့ ရေလွှမ်းမိုးမှု အန္တရာယ်က  ထပ်မံတိုးပွားလာဦးမယ် လို့ အေဂျင်စီက ယုံကြည်ထားပါတယ်။
ဂျပန်နဲ့    ဖိလစ်ပိုင်အပါအဝင် အခြားနိုင်ငံများနည်းတူ အိန္ဒိယနိုင်ငံက မြေငလျင်၊ဆိုင်ကလုန်းနဲ့ ရေလွှမ်းမိုးမှုစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားရာ မှာ ထိပ်တန်း ၁၀ နိုင်ငံထဲမှာ  ပါဝင်ပါ တယ်။    ဒီလိုဖြစ်ပွားနေတဲ့အတွက် အာမခံလုပ်ငန်းတွေအနေနဲ့   သဘာ၀ ဘေးအန္တရာယ်များအတွက်    အာမခံ ကြေးပိုမိုထားရမယ့်သဘောရှိပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ ပရီမီယံကြေး က ဖိလစ်ပိုင်နိုင်ငံနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျ နေဆဲဖြစ်ပါတယ်။
''မြေငလျင်၊ ဆိုင်ကလုန်းနဲ့ ရေလွှမ်း မိုးမှု စတဲ့  သဘာဝဘေးအန္တရာယ်နဲ့ ပတ် သက်လို့အဆင့်သတ်မှတ်ရာမှာ အိန္ဒိယ  က ထိပ်ဆုံးကပါဝင်နေပါတယ်။ လော လောဆယ်မှာ အိန္ဒိယနိုင်ငံက မြေငလျင် ဘေးအန္တရာယ်အတွက် ပြင်ဆင်မှုတွေ သာဆောင်ရွက်ပြီး ရေလွှမ်းမိုး မှုအတွက် ပြင်ဆင်မှုတွေ များများစားစား မရှိသေး တာကိုတွေ့ရပါတယ်။ ရေလွှမ်းမိုးမှု တွေဟာ ကြီးကြပ်ကွပ်ကဲဖို့   ခက်ခဲတဲ့ သဘာဝဘေးအန္တရာယ်တွေ    ဖြစ်ပါ တယ်'' လို့ Bajaj Allianz ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာနဲ့  အမှုဆောင်အရာရှိချုပ် တာပန်ဆင်ဂဲက ပြောပါတယ်။
အာမခံကုမ္ပဏီတွေက မြေငလျင် လိုသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက် တဲ့  အစီအမံတွေကိုသာ ရေးဆွဲထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။Bajaj Allianz    မြေငလျင်နဲ့ပတ်သက်တဲ့အချက်အလက် ပုံစံဒီဇိုင်းသာရှိပြီး    ရေလွှမ်းမိုးမှုနဲ့ပတ် သက်လို့တော့    မွမ်ဘိုင်းရေလွှမ်းမိုးမှုနဲ့ ပတ်သက်တဲ့  ပုံစံဒီဇိုင်းသာရှိပါတယ်။

ဉာဏ်တင် စုစည်းတင်ပြသည်