Main menu

Background

Taylor's University College မှ ၂၀၁၀ အတွက် Program အသစ်တိုးမြှင့်

Fri, 02/05/2010 - 12:43 -- Anonymous (not verified)

    Taylor's University College  မှ Foundation in Science Program တွင် Engineering Science နှင့် Health Science Program ၂ မျိုးရှိပြီး Health Science Program မှာ ၂၀၁၀ ခုနှစ် အတွက် ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးသော  Program  ဖြစ်ကြောင်း Myanmar Search International (MSI) မှသိရ သည်။    Health Science Program သည် 'Medical Degree' ကိုသင်ကြား ရယူလိုသောကျောင်းသား/သူများအ တွက် World wide recognized University များမှစံချိန်စံညွှန်းနှင့်သတ်မှတ် ထားသော အရည်အချင်းနှင့် ပြည့်စုံပါက တိုက်ရိုက် ဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပြီး၊ ပထမစာသင် နှစ် ၆ လတွင် English (1),Fundamental  Physics, Statistics & Calculus Cell Biology နှင့် Organic Chemistry တို့ကိုသင်ကြား ပေးရမည်ဖြစ်ပြီး၊ ဒုတိယစာသင်နှစ် (၆)လတွင် English(2),Human Biology,Physics & Inorganic Chemistry Psychologyနှင့် Algebra  & Geometry တို့ကိုဆက် လက်သင်ကြား ရမည်ဖြစ်သည်။    အဆိုပါ Program တွင် တက်ရောက်လိုသူများအတွက် ၁၀ တန်း အောင်မြင်ပြီးသူများအနေဖြင့် ၁၀ တန်း အမှတ် ၁ ဘာသာလျှင် ပျမ်းမျှအ မှတ် ၇၀ နှင့် အထက်ရရှိရမည်ဖြစ်ပြီး GCE ''o'' Level တွင် Minimum 5 Credit ရရှိမည်ဖြစ်ပြီး English Language နှင့်ပတ်သက်၍ IELTS 5.5 နှင့် TOFEL 550  ရှိရမည်ဖြစ်သည်။   ၎င်းအပြင်အဆိုပါ Program ကိုတစ်နှစ်တက်ရောက်ပြီးပါက School of Engineering တွင် Electrical & ELectronic Engineering,Chemical Engineering,Mechanical Engineeering တို့အပြင် Civil Engineering နှင့် Bio Medical Science နှင့် School of Medicine တို့တွင်လည်း Bio-Medical Science,Bio-Technology  နှင့် Medical Degree Transfer Program တို့ကို ဆက်လက်တက်ရောက် သင်ယူနိုင်ကြောင်း နှင့်အသေး စိတ်အချက်အလက်ကိုဖုန်း-၂၅၀၉၂၉၊ ၃၈၉၉၁၅ သို့ဆက်သွယ်မေးမြန်းနိုင် ကြောင်းသိရသည်။