Main menu

Background

UK မှ ချီးမြှင့်မည့် စီးပွားရေးဆိုင်ရာ ဒီပလိုမာသင်တန်း ပြည်တွင်း၌ ဖွင့်လှစ်မည်

Fri, 02/05/2010 - 12:10 -- Anonymous (not verified)

    City of Sunderland College UK မှ တိုက်ရိုက်ချီးမြှင့်မည့် ဒီပလိုမာသင် တန်းများဖြစ်သော National Qualifications Framework (NQF) Level 3 အဆင့်စီးပွားရေးဆိုင်ရာ Diploma in Business (Marketing) နှင့် Diploma in Business (Management) သင်တန်းများကို ပြည်တွင်း၌ပင်ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်းNoble Nine Education မှသိရသည်။    ယင်းဒီပလိုမာရရှိပြီးပါက ပြည်တွင်း၊ ပြည်ပစက်ရုံအလုပ်ရုံများ တွင် NQF Level 3 အဆင့်မြင့် Manager, Secretary, Administrator တစ်ယောက်အဖြစ် လွယ်ကူစွာရရှိနိုင်ပြီး၊ စင်ကာပူကဲ့သို့သော နိုင်ငံများတွင် s'pass လျှောက်ထားရလွယ်ကူစေခြင်း နှင့်မလေးရှား၊ ထိုင်းနိုင်ငံများတွင်လည်း နေရာကောင်း၊ လစာ ကောင်းများရရှိစေ နိုင်မည်ဖြစ်ကြောင်းသိရသည်။    ပြည်တွင်းတွင် တက်ရောက် သင်ကြားမည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်္ဂလန်နိုင်ငံတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကဲ့သို့ သင်တန်းကာလပြီးဆုံးပါက ယင်းဒီပလိုမာကို တစ်ပြေးညီရရှိစေမည်ဖြစ်သည်။ စာမေးပွဲဖြေဆို သည့်စနစ်မဟုတ်ဘဲ ယူကေပညာရေး သင်ကြားသော တက္ကသိုလ်ကောလိပ် များအားလုံးတွင် တစ်ပြေးညီသင်ကြား သည့်သင်ရိုးညွှန်းတမ်းဖြင့် Activity, Task, Assignment တို့ကို စာတွေ့၊  လက်တွေ့ဟန်ချက်ညီ၊ နိုင်ငံတကာမှ ဘွဲ့ရပြီး၊ အတွေ့အကြုံရှိဆရာများမှ သင်ကြားမှုပုံစံသစ်ဖြင့်သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် အသေးစိတ်အချက် အလက်ကို ဖုန်း-၃၉၆၉၁၅၊ ၀၉၅၀၁၁၆၁၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။