Main menu

Background

တောင်ကိုရီးယားရဲ့ သြဂုတ်စက်မှုကုန်ထွက် ကိုးလအတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Mon, 10/07/2013 - 12:59 -- ydnar

မော်တော်ကားထုတ်လုပ်မှုနဲ့ မိုဘိုင်းဖုန်းထုတ်လုပ်မှုတိုးတက်လာတဲ့ အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ သြဂုတ်စက်မှုကုန်ထွက်က ကိုးလ အတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက်က နိုင်ငံပိုင်မီဒီ ယာတွေမှာ ဖော်ပြတယ်လို့ အေအက်ဖ် ပီသတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

သတ္တုတူးဖော်ရေး၊ ကုန်ချောထုတ် လုပ်ရေး၊ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ် စွမ်းအားစက်မှုလုပ်ငန်းတွေမှာ ဇူလိုင်က သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နောက် သြဂုတ်မှာ လအလိုက်နှိုင်းယှဉ် ပါက ၁ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း ကိုရီးယားစာရင်းရုံးက ထုတ် ပြန်ပါတယ်။
ယခင်နှစ် နိုဝင်ဘာမှာ ၂ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးတိုးတက်ခဲ့တာဖြစ်ပါတယ်။ ယခင်နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ရင် သြဂုတ်လထုတ်လုပ်မှုက ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့အတွက် ဇန်နဝါ ရီနောက်ပိုင်း နှစ်အလိုက်တိုးတက်နှုန်း အမြင့်ဆုံးရရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံရဲ့အဓိကပို့ကုန်တွေဖြစ်တဲ့ တယ်လီဗွီးရှင်းနဲ့ မိုဘိုင်းဖုန်းထုတ်လုပ်မှု က ဇူလိုင်မှာ ၁၈ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်းအသီးသီးတိုး တက်ခဲ့ပါတယ်။ အာရှရဲ့ စတုတ္ထအကြီး မားဆုံးဖြစ်တဲ့ တောင်ကိုရီးယားစီးပွား ရေးက ပြန်လည်ရှင်သန်လာတဲ့ လက္ခ ဏာတွေကို ပြသလာပြီး ဧပြီ-ဇွန်သုံးလ ပတ်မှာ နှစ်နှစ်အတွင်း တိုးတက်မှု အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
တစ်နှစ်လုံးတိုးတက်နှုန်းက ၂၀၁၂ ခုနှစ်မှာ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နောက် ယခုနှစ်မှာ ၂ ဒသမ ၈ ရာခိုင် နှုန်းတိုးတက်မယ်လို့ခန့်မှန်းထားပါတယ်။