Main menu

Background

ဥရောပရဲ့လှည့်လည်ငွေကြေးပမာဏမြင့်မားရေး အစီအစဉ်ကြောင့် စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ရာမှာ အခက်အခဲဖြစ်စေနိုင်

Thu, 02/05/2015 - 21:21 -- journal_editor

    အတွဲ(၁၅)အမှတ်(၅)

    အမေရိကန်  ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတို့ကဆောင်ရွက်နေတဲ့ လှည့်လှည်ငွေကြေးအရေအတွက် တိုးမြှင့် ရေးအစီအစဉ်(Quantitative Easing-QE) ကိုနမူနာယူပြီး ဥရောပဗဟိုဘဏ်(အီးစီဘီ)ဥက္ကဋ္ဌမာရီယို ဒရပ်ဂီကQE အစီအစဉ်သစ်ကို မတ်လမှာစတင်ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။QE အစီအစဉ်ကြေညာ လိုက်တဲ့ဂယက်အဖြစ်  ဒေါ်လာနဲ့ ဖလှယ်ရာမှာယူရိုငွေကြေးရဲ့ ဖလှယ်နှုန်း က တစ်ယူရို ၁ ဒသမ ၁၅ ဒေါ်လာဝန်းကျင်ကို  ကျဆင်းခဲ့ပါတယ်။ ယခုနှစ်အတွင်း  ဒီနှုန်းကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာဖြစ်ကြောင်း wantch- inatime ဝက်ဘ်ဆိုက်မှာ  ဖော်ပြပါ တယ်။
     ၂၀၁၄ ခုနှစ် နှစ်လည်မှာယူရိုတန် ဖိုးကတစ်ဟုန်ထိုးစတင်ကျဆင်းခဲ့ပါ တယ်။ ဇန်နဝါရီ ၁၄ ရက်ကတစ်ယူရိုကို ၁ ဒသမ ၁၇ ဒေါ်လာနှုန်းထိရောက်ရှိကာ   ယူရိုစတင်သုံးစွဲစဉ်ကရှိခဲ့တဲ့ ဖလှယ်နှုန်းဖြစ်တဲ့ တစ်ယူရို  ၁ ဒသမ ၁၈ ဒေါ်လာနှုန်းအောက်ကို ရောက် ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ တစ် ယူရို ကို ၁ ဒသမ ၁၅ဒေါ်လာနှုန်းအထ ရောက်ခဲ့ပါတယ်။ ယူရိုတန်ဖိုး ကျဆင်း တဲ့အကြောင်းရင်းမှာ နိုင်ငံရေးနဲ့ စီးပွား ရေးအကြောင်းအရာတွေ  ပါဝင်ပြီး အလွန်ရှုပ်ထွေးပါတယ်။
      နိုင်ငံရေးအရ ဂရိနိုင်ငံမှာ ရွေး ကောက်ပွဲအပြီး ခြိုးခြံချွေတာရေး ကိုဆန့်ကျင်တဲ့ပါတီ အနိုင်ရလာရင် ဂရိ နိုင်ငံကို ယူရိုဇုန်က  ထွက်သွားအောင် ဂျာမန်ဝန်ကြီးချုပ်   အိန်ဂျလာမာကယ် က ဖိအားပေးလိမ့်မယ်လို့ တွက်ဆကြပါ တယ်။ တကယ်လို့  ဂရိနိုင်ငံယူရိုဇုန်ထဲ မှာ   ဆက်လက်တည်ရှိနေမယ်ဆိုရင် ယူရိုဇုန်စီးပွားရေးကို  ကျဆင်းစေပြီး ယူရိုငွေကြေးအပေါ်  ရင်းနှီးမြှုပ်နှံသူ တွေရဲ့ယုံကြည်မှု ကျဆင်းနိုင်ပါတယ်။
စီးပွားရေးအရယူရိုဇုန်မှာ စီးပွား ရေးအတိုးနှုန်းတက်မယ်။ အလုပ်လက် မဲ့နှုန်းမြင့်တက်မယ်။ ေ<ကးမြီအချိုးမြင့် မယ်။ ငွေကြေးတန်ဖိုးကျုံ့ပြီး  ထုတ်လုပ် မှု လုပ်ငန်းတွေနာလန်ထူတာနှေးကွေး နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။

ဉာဏ်တင်စုစည်းတင်ပြသည်။