Main menu

Background

အရှေ့ဘက်ပင်လယ်ကမ်းခြေရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် အမေရိကန်ပြည်ထောင်စုက တံခါးဖွင့်

Thu, 07/31/2014 - 08:52 -- ydnar

 

ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့အခါ အသံလှိုင်း စနစ်ကို အသုံးပြုဖို့ အမေရိကန်ပြည်ထောင် စု က ဆောင် ရွက်ခွင့်ပြုလိုက်တဲ့ အတွက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာ ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေး အတွက် အမေရိ ကန်ပြည်ထောင်စုက  ဇူလိုင် ၁၈ရက်မှာခွင့် ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။

အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ၁၉၈၀ပြည့်လွန်နှစ်တွေ ရဲ့စောစောပိုင်းကာလ ကစပြီးအမေရိ ကန်ပြည် ထောင်စုအရှေ့ဘက်ကမ်းခြေမှာ စူးစမ်းရှာဖွေမှုတွေကို ပိတ်ပင်ထားခဲ့ပါ တယ်။ အသံလှိုင်းစနစ်(Sonic Wave)ကိုအသုံးပြုတဲ့အခါ ပင်လယ် ရေအောက်မှာဆူညံသံအဆင့်မြင့်မားတဲ့အတွက်ပင်လယ်သမုဒ္ဒရာရဲ့သက်ရှိ ဘဝတွေကို ထိခိုက်နိုင် ပါတယ်။
နှစ် ၄၀အကြာကတည်းကရှာဖွေစုဆောင်းထားတဲ့ဒေသရဲ့သယံဇာတ အရင်းအမြစ်ဆိုင်ရာကိန်းဂဏန်း အချက်အလက်တွေကို
ထပ်မံဖြည့်ဆည်းဖို့ အတွက်သင့်တော်တဲ့ဘူမိဗေဒဆိုင်ရာနဲ့ ဘူမိရူပဆိုင်ရာ စူးစမ်းလေ့လာရေး လုပ်ငန်းတွေချမှတ်ပြီး
ဆူညံမှုထိန်းချုပ်ရေးအစီအမံတွေချမှတ်ဆောင်ရွက် နေကြောင်းနဲ့ ပင်လယ်ပြင်သက်ရှိ သဘာဝအပေါ် ဂယက်ရိုက်ခတ်မှု လျော့
ကျအောင်သို့မဟုတ်လုံးဝမရှိအောင်ဆောင်ရွက်နေကြောင်းအမေရိကန် ပြည်ထောင်စု ပင်လယ်သမုဒ္ဒရာ စွမ်းအင်စီ မံခန့်ခွဲေ ရးဗျူရို ကပြောပါတယ် ယခုတစ်ကြိမ် ခွင့်ပြုချက်အရ ဒယ်လာဝဲယားမှ ဖလော်ရီဒါအထိ အတ္တလန္တိတ်ကမ်းလွန်အရှေ့ပိုင်း ပင်လယ် ကြမ်းပြင်မှာဆိုက်စမစ်တိုင်း တာရေး လုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်တွေ ထုတ်စေဖို့အတွက် ဗျူရိုရဲ့ ဆုံးဖြတ် ခက်ကို အတ္တလန္တိတ်ဒေသမှာ စူးစမ်း ရှာဖွေရေးနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်း နေတဲ့ American Petroleum Institute က ကြိုဆိုခဲ့ပါတယ်။