Main menu

Background

ကမ္ဘာ့ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု

Mon, 03/01/2010 - 05:52 -- Anonymous (not verified)

   ကမ္ဘာ့ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကိုကြည့်ရင် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနေပြီး ၂၀၀၈ ခုနှစ်မှာ စိုက်ဧရိယာ ဟက်တာ ၇၄ သန်းစိုက်ပျိုးတာတွေ့ရပါတယ်။ ထွက်ရှိမှုကတော့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အတိုးအဆုတ်လေးလုပ်လို့ တန်ချိန် ၅၉ သန်းနဲ့ သန်း ၇၀ နားတစ်ပတ်လည်နေပါတယ်။ ပဲမျိုးစုံကနေ အသားဓါတ်ရရှိတဲ့အတွက် ပဲကိုနိုင်ငံအများစုက အလေးထားသုံးကြ ပါတယ်။ အထူးသဖြင့် သက်သတ်လွတ်စားသုံးတဲ့သူတွေအတွက် ပဲမျိုးစုံဟာလက်မလွှတ်နိုင်တဲ့ စားကုန်သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်ကမ္ဘာ တဝှမ်းမှာ ပဲမျိုးစုံကိုနိုင်ငံအများအပြားကစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ကမ္ဘာ့ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ပြ လိုက်ပါတယ်။       ကမ္ဘာ့ပဲမျိုးစုံ ရောင်းဝယ်မှုအခြေအနေကိုကြည့်ရင် နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၉ သန်းကနေ ၁၀ သန်းဝန်းကျင်တင်ပို့နေပြီး၊ တန်ဖိုး ကတော့ တစ်နှစ်ထက်တစ်နှစ်ပိုများလာပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ပဲမျိုးစုံတန်ဖိုး ၄၈၂၂ ဒေါ်လာသန်းအထိ တင်ပို့နိုင်ခဲ့ပါတယ်။ တင်သွင်းမှုကို ကြည့်ရင် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ တန်ချိန် ၁၀ သန်းကျော် နှစ်တိုင်းတင်သွင်းနေပါတယ်။ ပဲဈေးတက်တော့ တန်ဖိုးတစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး ၂၀၀၇ ခုနှစ်မှာ ပဲမျိုးစုံတန်ဖိုး ဒေါ်လာ ၅၅၈၄ သန်းအထိ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ပဲမျိုးစုံ ကုန်သွယ်မှုအခြေအနေကို ဖော်ပြလိုက်ပါတယ်။ကမ္ဘာနိုင်ငံအလိုက် အဓိကကုန်သွယ်သည့်ပဲများ စိုက်ပျိုးထုတ်လုပ်မှု၊ ကုန်သွယ်မှုအခန်းကဏ္ဍ    ကမ္ဘာပဲမျိုးစုံထဲမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုစိုက်ပျိုး ကုန်သွယ်လာတဲ့ပဲကတော့ Lenti ls လို့ခေါ်တဲ့ ပဲရာဇာနဲ့ ပဲပုတ်စေ့၊ ပဲလွန်း ဖြူနဲ့ ကုလားပဲလုံးနဲ့ Dry beans စတဲ့ပဲတွေဖြစ်ပါတယ်။ ကျန်တဲ့ broad beans, horse bean, Dry peas ပဲအုပ်စုတွေကတော့ တစ်စိုက်မတ်မတ် သိသိသာသာ တက်မလာဘဲ ဒီနှစ်တိုးလိုက် ဟိုနှစ်လျော့လိုက် ဖြစ်နေပါတယ်။ ကမ္ဘာ့ပဲမျိုးစုံကုန်သွယ်မှု အခြေအနေကိုဖော်ပြထားပါတယ်။မိမိနိုင်ငံက စိုက်ပျိုးထုတ်လုပ်သည့် ပဲများနှင့်အလားတူ စိုက်ပျိုးထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ အလားအလာ အခြေအနေများ    မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့ ကုလားပဲဖြူလုံးကြီးစတဲ့ အဓိက ပဲ ၄ မျိုးကို အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပတင်ပို့ရာမှာဈေးကောင်းရတဲ့ပဲတွေဖြစ်ပါတယ်။ ပဲစင်းငုံဆို အိန္ဒိယကို အဓိကတင်ပို့နေရပြီး တန်ဇန်းနီးယား၊ မာလာဝီစတဲ့ အာဖရိကနိုင်ငံတွေကလဲ တန်ချိန် ထောင်ဂဏန်းလောက် အိန္ဒိယကိုပို့နေပါတယ်။ အိန္ဒိယမှာလည်း စိုက်ပါတယ်။ ထုတ်နိုင်တာနဲ့ စားဖို့ လိုတာနဲ့ကြားကကွာဟတာကိုသွင်းတာဖြစ်ပါတယ်။ ပဲတီစိမ်းဆိုလည်း တရုတ်၊ အိန္ဒိယ နိုင်ငံတွေကို အဓိက တင်ပို့ပါတယ်။ ပဲပုပ်ကရော ဒီလိုပဲ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ကနေဒါ စတဲ့ နိုင်ငံတွေကလည်း အကြီးအကျယ် ပြည်ပ ဈေးကွက်တွေကိုတင်ပို့နေတာတွေ့ရပါတယ်။ ပဲပုပ်ရောင်းချကုန်သွယ်မှုကို ဇယားနဲ့ဖော်ပြထားပါတယ်။     ထူူးခြားတာက အာဂျင်တီးနား၊ ကနေဒါ၊ တရုတ်၊ အမေရိကန်လို ပဲပုပ်တင်ပို့တဲ့နိုင်ငံတွေက ကိုယ်တိုင်လည်း ပဲပုပ်တင်သွင်း တဲ့နိုင်ငံတွေဖြစ်နေတာပါဘဲ။ အမေရိကန်၊ အာဂျင်တီးနား၊ ယူကရိန်းနဲ့ ကနေဒါက ပဲပုပ်ကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့တင်ပို့လာ နေပါတယ်၊ ဘရာဇီးကတော့တင်ပို့မှုကအတက်အကျရှိပါတယ်။  ယူကရိန်းဆို စိုက်ပျိုးမြေပေါတဲ့အတွက် ပဲပုပ်ကိုတိုးချဲ့စိုက်လာပြီး ၂၀၀၄ ခုနှစ်မှာ တန်ချိန် ၃၈၀၀၀ ကျော် တင်ပို့နိုင်ရာကနေ ၂၀၀၇ ရောက်တဲ့အခါတန်ချိန် ၃၄၀၀၀၀ ကျော် တင်ပို့နိုင်လာတာမို့ ၃နှစ်အတွင်းမှာ (၉)ဆလောက် ပိုထုတ်လုပ်တင်ပို့လာတာတွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာ့ပဲပုပ်တင်ပို့မှုကို ကြည့်ရင် ၂၀၀၄ ခုနှစ်မှာ တန်ချိန် ၅၇ သန်းကျော်တင်ပို့ခဲ့ရာကနေ ၂၀၀၇မှာ ၇၄ သန်းကျော်အထိတိုးမြှင့်တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း ပဲပုပ် အများအပြားစိုက်ပျိုးတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဆီပါဝင်မှု ရာခိုင်နှုန်းကနည်းနေတဲ့အတွက် ဈေးကွက်ကို ထိထိရောက်ရောက် ထိုးဖောက်ဖို့အခက်အခဲဖြစ်နေပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဝယ်လိုအားကတင် ၂၀၀၇ မှာ တန်ချိန် ၃၃ သန်းကျော်နေပါ တယ်၊ တင်သွင်းမှုကလည်း နှစ်စဉ်တိုးနေတာမို့ တရုတ်ကြိုက်ပဲပုပ်မျိုးကို စိုက်ပျိုးထုတ်လုပ်နိုင်ရင် ဈေးကွက်က အဝေးကြီးရှာစရာ မလိုတော့ပါဘူး။ပဲပုပ်၊ပဲစင်းငုံ၊ ကုလားပဲ၊ပဲရာဇာစတဲ့ ပဲတွေရဲ့ကမ္ဘာ့နိုင်ငံအလိုက်ထုတ်လုပ်ကုန်သွယ်မှုအခြေအနေကို ဖော်ပြလိုက် ပါတယ်။မြန်မာ့ပဲဝယ်နိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ် တင်သွင်းမှုနှင့် အနာဂတ်ဈေးကွက်အလားအလာ    လက်ရှိမြန်မာ့ပဲမျိုးစုံရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကိုဝယ်နေတာက အိန္ဒိယနိုင်ငံဖြစ်ပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲကို အဓိက တင်ပို့နေရပါတယ်။နှစ်ပေါင်းများစွာ ဒီဈေးကွက်ကြီးပေါ်မှီပြီး အများကြီးအကျိုးရှိခဲ့ပါတယ်။ သတ်သတ်လွတ်စားတဲ့ လူအများစု နေတဲ့နိုင်ငံလည်းဖြစ်၊ ပဲအဓိက စားတဲ့နိုင်ငံလည်းဖြစ်လို့ ပဲအဓိကစားသုံးပြီးပြည်တွင်းမှာလည်းစိုက်ပါတယ်။ လိုတာကိုမှ ပြည်ပက သွင်းတာဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း ပဲအထွက်တိုးဖို့နည်းလမ်းရှာကြံနေတဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ပဲစင်းငုံ ပဲမျိုးကို မျိုးသစ်ပြောင်းလဲ စမ်းသပ်စိုက်ပျိုးနေပြီး ဒီမျိုးကလက်ရှိမျိုးထက် ၄၀ရာခိုင်နှုန်း ပိုထွက်တယ်လို့သိရပါတယ်။ တစ်ဟက် တာကို ၂၈ ကွမ်တယ် ( တစ်ဧက ကို ၃၅ တင်းခန့်)ထွက်ပြီး ၂၀၁၀ နှစ်လယ်လောက်မှာ စီးပွားဖြစ်များများ စားစား စိုက်ပျိုးထုတ် လုပ်တော့မှာပါ။စိုက်ပျိုးကာလကလည်း ရက် ၁၅၀-၁၆၀ ပဲကြာပြီး ကာနာတာကာ မြောက်ပိုင်း၊ အန်ဒရာပရာဒက်ရှ်၊ မဟာသျှတ္တရနဲ့ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်တွေမှာ စိုက်ရင်သင့်တော်တယ်လို့သိရပါတယ်။ဒီလို အထွက်တိုးမျိုးတွေ ပြောင်းစိုက်ဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ဈေးကြီးတဲ့ပဲတွေနေရာမှာ ဈေးပေါတဲ့ ကနေဒါ Yellow Pea လို ပဲမျိုးကို အမြောက်အများ တင်သွင်းပြီး ပြည်တွင်းစားသုံးမှုပုံစံပြောင်းလဲအစားထိုးဖို့လုပ်နေပါတယ်။ ၂၀၀၉-၂၀၁၀မှာ အိန္ဒိယက ပဲမျိုးစုံတန်ချိန် ၁၅.၅ သန်း အထိ တိုးမြင့်ထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားပါတယ်။နှစ်စဉ်ပြည်ပက ပဲမျိုးစုံ တင်သွင်းမှုကတော့တန်ချိန် ၃သန်းလောက်ဖြစ်ပါတယ်။ အိန္ဒိယရဲ့  ပဲ စိုက်ပျိုးထုတ်လုပ်မှု၊တင်သွင်းမှု နဲ့ မြန်မာ့ပဲဈေးကွက် ရရှိမှု အခြေအနေ ကိုဖော်ပြလိုက်ပါတယ်။       အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံတင်သွင်းမှုကိုကြည့်ရင် အစောပိုင်းနှစ်တွေမှာ မြန်မာ့ပဲမျိုးစုံ အိန္ဒိယနိုင်ငံမှာ ဈေးကွက်ဝေစုရရှိမှု ရာခိုင်နှုန်းမှာ ကနေဒါနဲ့ ၁၀-၁၂ ရာခိုင်နှုန်းပဲကွာခြားခဲ့ပါတယ်။ ၂၀၀၇-၀၈ မှာတော့ ၃၁ ရာခိုင်နှုန်းအထိ ကွာဟလာတာတွေ့ရပါ တယ်။ ဒါကြောင့် ကနေဒါရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည်ရမှာဖြစ်ပြီး    မြန်မာ့ပဲဈေးကွက်ရေရှည်တည်တံ့ခိုင်မာ အောင် ဈေးကွက်တိုးချဲ့ဖို့လိုနေပြီလို့သုံးသပ်ရရှိပါတယ်။ မိမိနိုင်ငံက တောင်သူ၊ ကုန်သည်တွေနဲ့ မိမိနိုင်ငံ့အကျိုးအတွက် ဈေးကွက် သစ်ရှာဖွေရေး၊ရှိပြီး ဈေးကွက်မပျောက်စေရေးနဲ့ ပြိုင်ဖက်နိုင်ငံတွေနဲ့ ဈေးနှုန်း၊ အရည်အသွေး ယှဉ်ပြိုင်နိုင်တင်ပို့နိုင်ဖို့  အထွက် တိုးမျိုးပြောင်းလဲစိုက်ပျိုးရေးက အဓိကကျလာပြီဖြစ်ပါတယ်။ အသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ပဲတင်ပို့တဲ့ ကုမ္ပဏီတွေ ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်အခါကောင်းဖြစ်တယ်လို့တိုက်တွန်းလိုပါတယ်။