Main menu

Background

အထွေထွေ

ထိုင်း-မြန်မာ ကျန်းမာရေးနှင့်အလှအပဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Fri, 01/20/2023 - 14:01 -- journal_editor

ထိုင်း-မြန်မာကျန်းမာရေးနှင့်အလှအပဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ (Thai-Myanmar Business Matching Health and Beauty-2023 ) ကို ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ Novotel Yangon တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်ပတ်အတွင်း စတော့ရှယ်ယာ တန်ဖိုး  ကျပ်သန်း ၄၀ဝ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့

Mon, 01/09/2023 - 13:48 -- journal_editor

ပြီးခဲ့သည့် ‌ဒီဇင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ နှစ်ပတ်တာ ကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၄၀ဝ နီးပါးရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX)  မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၅၂၆၂၂ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၃၈၀ ဒသမ ၃၆ သန်း ရှိခဲ့ခြင်း ဖြစ်သည်။

ယွမ်ငွေလဲနှုန်းကြောင့် တရုတ်သို့ တင်ပို့ရောင်းချမည့် ကြံ ဈေးကောင်းရနိုင်

Tue, 12/13/2022 - 12:41 -- journal_editor

ယွမ်ငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် ဒီဇင်ဘာ ကြံရာသီ စတင်ချိန် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချမည့်ကြံများ ဈေးကောင်းရနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ   သိရ သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိ ၂၀၂၂-၂၀၂၃ ကြံရာသီတွင် စက်ရုံများက ကြံတစ်တန်လျှင် ကျပ် ခုနစ်သောင်းမှ ကျပ် ကိုးသောင်းကြား ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူသွားရန် ဆုံးဖြတ်ထားကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောသည်။

ရာသီပေါ် နနွင်းဖူးများ ဈေးကောင်းရ

Wed, 11/02/2022 - 16:04 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သောနနွင်းကိုလည်း စိုက်ပျိုး ကြသည်။၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  နနွင်းစိုက်ဧက ၂၅၁၈ ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း၊   ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက ၂၂၉၆ ဧက စိုက်ပျိုးနိုင် ခဲ့ပြီး ယခင်နှစ်ထက်လျော့နည်းစိုက်ပျိုးခြင်းမှာ မိုးစပါး များ ပိုမိုစိုက်ပျိုးသောကြောင့်  လျော့နည်းရခြင်းဖြစ် ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရ သိရသည်။နနွင်းဈေး နှုန်းအနေဖြင့် ယခင်ဈေးနှုန်းအနေ ဖြင့် နနွင်းတက်(အဟောင်း) တစ်ပိဿာလျှင် ၄၃၀ဝ ကျပ်၊ နနွင်းခေါင်းတစ်ပိဿာလျှင် ၄၀ဝ၀ ကျပ်နှင့် နနွင်းမှုန့် နို့ဆီဘူးတစ်ဘူးလျှင် ၁၀ဝ

ဗန်းမော်မြို့နယ်ရှိ စက်ရုံ ၊ အလုပ်ရုံများအား ရှောင်တခင်စစ်ဆေးခြင်း

Fri, 12/18/2020 - 16:03 -- journal_editor

ခရိုင်အဆင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းဆပ်ကော်မတီအလိုက် တာဝန်များခွဲဝေပေးအပ်ခဲ့ရာ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦး (လက်ထောက် ညွှန်ကြားရေးမှူး)သည် ဆပ်ကော်မတီအလိုက် ဥက္ကဌအဖြစ် ကော်မတီ(၄)ခု၊ အဖွဲ့ခေါင်းဆောင်(၁)ခု၊ အဖွဲ့ဝင်(၁)ခုတို့ဖြင့် ပါဝင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

Rannai အမှတ်တံဆိပ် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်လေ့လာခြင်းဆောင်ရွက်

Thu, 12/17/2020 - 12:18 -- journal_editor

၁၆.၁၂.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးမင်းနောင်နှင့်ဝန်ထမ်းများသည် Rannai အမှတ်တံဆိပ်ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများအား ဈေးကွက် စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင် Ocean Super Center ၊ မော်လမြိုင် Pro 1 Global Home Center ၊ မော်လမြိုင်မြို့ပေါ်ရှိဈေးများ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ Rannai အမှတ်တံဆိပ်ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုနှင့် ဈေးကွက်အတွင်း ရောင်းချမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

လုပ်ငန်းရှင်များအားကုန်အညွှန်းအမှတ်အသားအလေးထားဆောင်ရွက်ရေးအသိပေး

Wed, 12/16/2020 - 12:18 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ (၁)နာရီချိန်တွင် မုန့်မျိုးစုံ လုပ်ငန်းရှင်လေးဦးအားလည်းကောင်း မွန်းလွဲ(၃)နာရီချိန်တွင် သောက်ရေသန့်လုပ်ငန်းရှင်လေးဦးအားလည်းကောင်း ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌ဖိတ်ကြားတွေ့ဆုံ၍ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြရေး စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးများအား အလေးထားဆောင်ရွက်ပေးရေးတ

မြိတ်မြို့၊ ပါရမီဈေးကြီးအတွင်းရှိ စားသောက်ကုန်၊ အလှကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Tue, 12/15/2020 - 13:05 -- journal_editor

         ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ မြိတ်မြို့၊ ပါရမီရပ်၊ ပါရမီဈေးကြီး၌ ရောင်းချနေသော အစားအသောက်များ၊ အလှကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

တရုတ်နိုင်ငံမှ တင်သွင်းသော တရားမဝင်ကုန်ပစ္စည်းရှစ်မျိုး နှင့်Dali Beer များအား မီးရှို့ ဖျက်ဆီးခဲ့

Mon, 12/14/2020 - 12:30 -- journal_editor

ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)သည် မိတ်ဖွဲ့ဌာနများဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ ဘက်မှ တရားမဝင်တင်သွင်းလာသဖြင့် အကောက်ခွန်ဦးစီးဌာနမှဖမ်းဆီးမိခဲ့သော ကုန်ပစ္စည်း၈မျိုး၊ ကြက်အသည်း ၅၀ဝဖာ၊ တရုတ်နိုင်ငံ လုပ် ပဲယို(၁x၁၄kg ) ၄၀ဝဖာ၊ တရုတ်နိုင်ငံ လုပ်ခေါက်ဆွဲခြောက်ထုပ်(၈၁gx၃၀bag)၊ သကြားရည်(၁x၂၅kg) ၅၀ပုံး၊ သကြားရည်  (၄x၆kg ) ၂၅ ပုံး၊ တရုတ် နိုင်ငံလုပ် ငါးသံဗူး(၆x၁.၈ kg ) ၄၅ဖာ၊ ထောပတ်ဆီ(၁x၁၀ kg ) ၈၀ဖာ၊ အုန်းသီးမှုန့်အိတ်(၁x၂၅ kg)နှင့် Da

Pages

Subscribe to RSS - အထွေထွေ