Main menu

Background

ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဦးဆုံး သကြားစက်ရုံ စတင်ဖွင့်လှစ်ခြင်း

Wed, 02/10/2010 - 05:31 -- Anonymous (not verified)

     ၁၉၇၀ခုနှစ်မှ ၁၉၇၅ခုနှစ်ထိ လုံနိုးအစိုးရအုပ်ချုပ်မှုနောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဦးဆုံးသကြားထုတ်လုပ်သည့်စက်ရုံကို  ဝန်ကြီးချုပ် ဟွန်ဆန်က ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် တရားဝင်အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ စက်ရုံပိုင်ရှင်ဖြစ်သူ CPP ပါတီ အထက်လွှတ်တော်အမတ်  Ly Yong Phat က ၎င်းင်း၏စက်ရုံသည် စက်ရုံပတ်ဝန်းကျင် ဟက်တာ ၁၈၀၀မှ စိုက်ပျိုးထွက်ရှိသော ကြံပင်များအား တစ်နေ့လျှင် သကြားတန် ၂၀၀ ကို ထုတ်လုပ် နိုင်ကြောင်း၊ သို့ရာတွင် စက်ရုံမှ အလုပ် အကိုင်ပေးနိုင်သည့် ဝန်ထမ်းအင်အား၏တစ်ဝက်ဖြစ်သည့် အလုပ်သမား ၄၀၀၀ဖြင့်သာ စက်ရုံကိုလည်ပတ်နေရကြောင်း၊ ဝန်ထမ်း ၄၀၀၀ ကျော် ထပ်မံလိုအပ်နေသေးကြောင်း၊ စက်ရုံမှထုတ်လုပ်ရရှိသော သကြားများကို ဥရောပဈေးကွက်သို့တင်ပို့ရန် ရည်ရွယ်ထား ကြောင်း ပြောကြားခဲ့ပါသည်။     လက်ရှိ လည်ပတ်နှုန်းသည် တစ်နှစ်လျှင် သကြားကုန်ကြမ်း တန်ချိန် ၂၄၀၀၀ခန့် ထွက်ရှိနိုင်ပြီး၊ ထုတ်လုပ်နိုင်စွမ်းဖြစ်သော တန်ချိန်  ၇၀၀၀၀ ထက် များစွာ လျော့နည်းလျက်ရှိကြောင်း၊ ၎င်းင်း စက်ရုံကို အဓိက တည်ဆောက်သည့် ထိုင်းနိုင်ငံမှ Khon Kaen သကြားလုပ်ငန်းကုမ္ပဏီ၏  ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Chamroon Chin- thammit က ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား လူမျိုးများ၏ တစ်နှစ်လျှင် သကြားစားသုံးမှုမှာ တစ်ဦးလျှင် ပျမ်းမျှ ၇ ဒသမ ၃ ကီလိုဂရမ်ရှိပြီး၊ တစ်နိုင်ငံလုံးအတွက် နှစ်စဉ်လိုအပ်ချက် စုစုပေါင်းမှာ ၉၅၀၀၀ ကီလိုဂရမ်ထက် မပိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် အနာဂတ်တွင် ဆန်၊ ပီလောပီနံမှုန့်၊ ပြောင်း၊ သကြားနှင့် အခြားသီးနှံများကို နိုင်ငံခြားသို့တင်ပို့နိုင်မည့် အလားအလာရှိကြောင်းနှင့် ထိုသို့တင်ပို့ရာတွင် လယ်ယာထွက်ကုန်များကို ကုန်ကြမ်း သက်သက်  တင်ပို့တော့မည်မဟုတ်ဘဲ တန်ဖိုးမြှင့်ကုန်ချောအဖြစ် ပြုပြင်တင်ပို့တော့မှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြား သည်။                                                                                 Source:  ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံး