မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာ ဈေးနှုန်းဈေးကွက်
ဘိလပ်မြေ
မော်လမြိုင်မြို့၌ အောက်တိုဘာလ စတုတ္ထတစ်ပတ် တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် အေးနေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင် ကြံ့အသစ် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၁၈၀ဝ၊ ကြံ့တံဆိပ်(အဝါ)တစ်အိတ်လျှင် ကျပ် ၂၂၀ဝ၀၊ ကြံ့နှစ်ကောင်(အနီ) တစ်အိတ်လျှင် ကျပ် ၂၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
