Main menu

Background

ပြည်ကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများ ကျဆင်း

Wed, 11/09/2022 - 10:09 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသောပဲဈေးများမှာအောက်တိုဘာလကုန်ပိုင်းတွင် ကျဆင်းလျက်ရှိသည်။ပြည်ကုန်စည်ဒိုင်၌ အောက်တိုဘာလ တတိယပတ်တွင် မတ်ပဲ တစ်တင်းကို ကျပ် ၆၂၀ဝ၀-၆၂၅၀ဝ ဖြင့်တစ်ရက် ကို အိတ် ၁၀ဝ-၂၀ဝ ခန့် အဝယ်ရှိခဲ့သည်။အောက်တိုဘာလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းကို ၅၇၅၀ဝ-၅၈၀ဝ၀ ကျပ်ဖြင့် တစ်ရက်ကို  အိတ် ၁၀ဝ-၁၅၀ခန့် ရန်ကုန်တင်ပို့မှု ရှိခဲ့သည်။ပြည် ကုန်စည်ဒိုင်၌ အောက်တိုဘာလ တတိယ ပတ်တွင် ပဲတီစိမ်း အိတ် ၄၀ဝ၊ ၅၀ဝခန့် အဝင်ရှိပြီး တစ်တင်းကို ကျပ် ၄၇၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိကာ မန္တလေးနှင့် ရန်ကုန်သို့ တစ်ရက်ကို အိတ် ၄၀ဝ၊ ၅၀ဝခန့် တင်ပို့သည်။ အောက်တိုဘာ လ စတုတ္ထပတ်တွင် ပဲတီစိမ်း ဈေးကျလာ ပြီး ပဲတစ်တင်းကို ကျပ် ၄၄၀ဝ၀၊ ၄၆၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၄၀ဝ၊ ၅၀ဝ ခန့် အဝယ်ရှိသည်။၏ပြည်ကုန်စည်ဒိုင်၌ အောက်တိုဘာလ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၆၀ဝ၀ဝ-၆၁၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် အရောင်းအဝယ်ရှိပြီး ရန်ကုန်သို့ တင်ပို့ သည်။ အောက်တိုဘာလစတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်း ကို ကျပ် ၆၁၀ဝ၀ ဖြင့်  ဈေးအေးနေပြီး ရန်ကုန်ဝယ်လက် အဝယ်ရှိခဲ့သည်။အောက်တိုဘာလ တတိယပတ်တွင် ကုလားပဲ တစ်တင်း ကို ကျပ် ၆၅၀ဝ၀-၆၆၀ဝ၀၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ကျပ် ၆၅၀ဝ၀-၆၆၀ဝ၀ ဖြင့် ခွဲစက်သမားများ မြို့ တွင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ အောက်တိုဘာ လ နောက်ဆုံးပတ် တွင် ကုလားပဲ တစ်တင်းကို ကျပ် ၆၂၀ဝ၀-၆၃၀ဝ၀၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ကျပ် ၆၂၀ဝ၀-၆၃၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀ဝ၊ ၃၀ဝ ခန့် အဝယ်ရှိသည်။အောက်တိုဘာလ  တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၇၅၀ဝ၀-၇၆၀ဝ၀-၇၇၀ဝ၀၊ ပဲကြီး(ကမ်းနား) တစ်တင်းကို ကျပ် ၇၁၀ဝ၀-၇၂၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမား များအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၅၀၊ ၃၀ဝ ခန့် အဝယ်ရှိ သည်။ အောက်တိုဘာလ နောက်ဆုံး ပတ်တွင် ပဲကြီးဈေး အေးနေပြီး ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၇၅၀ဝ၀-၇၆၀ဝ၀- ၇၇၀ဝ၀ ကျပ်တို့ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။အောက်တိုဘာလ တတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ကျပ် ၁၁၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၅၀ခန့်အဝယ်ရှိပြီး စတုတ္ထပတ်တွင်ဈေးကျပြီး စားတော်ပဲ (ကျွန်း)တစ်တင်းကို ကျပ် ၁၁၀ဝ၀ဝ ဖြင့် အဝယ်ရှိခဲ့သည်။အောက်တိုဘာလ တတိယပတ်တွင် ဗိုလ်ကိတ်ပဲအသစ် အဝင်နည်းပါးပြီး တစ်တင်းကို ကျပ် ၄၅၀ဝ၀ ဖြင့် မြို့တွင်းနှင့် နယ်စုံ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၄၀ ခန့်သာ အဝယ်ရှိ သည်။ အောက်တိုဘာလစတုတ္ထပတ်တွင် ဗိုလ်ကိတ်ပဲတစ် တင်းကို ကျပ် ၄၁၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။
မိမိအေး (ပြည်)