ကောက်ညှင်း ဈေးကောင်းရ၍ တိုးချဲ့စိုက်ပျိုးလာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း စပါးစိုက်ပျိုးလျက်ရှိသော တောင်သူများမှာ ကောက်ညှင်းစပါးကို ထည့်သွင်းစိုက်ပျိုးလျက်ရှိသည်။ ၂၀၂၄ ခုနှစ်မှစတင်၍ ကောက်ညှင်းဈေးနှုန်းမှာ ဈေးကောင်းရရှိသည့်အတွက် ယခုနှစ် တွင်လည်း ကောက်ညှင်းကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

