မြိတ်ဒေသ၏ ကြံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်
တနင်္သာရီတိုင်းဒေသကြီးသည် ရာသီဥတုပူပြင်းပြီး မိုးရေချိန်ကောင်းသဖြင့် ကြံစိုက်ပျိုးရေးကို မြို့နယ်အချို့နှင့် ကျေးရွာအချို့တွင် လုပ်ကိုင်ကြသည်။ အထူးသဖြင့် မြိတ်၊ ပုလော၊ ပလောက်၊ ကျွန်းစုနှင့် တနင်္သာရီမြို့တို့၌ အဓိက စိုက်ပျိုးကြကြောင်း သိရှိရသည်။
မြိတ်ခရိုင်အတွင်း ကြံစိုက်ပျိုးသည့် ဧက ၄၂၂ ဧက ရှိသည့်အနက် မြိတ်မြို့နယ်၌ ကြံစိုက်ပျိုးမှု ၁၂၀ ဧက စိုက်ပျိုး ထားရှိပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။ မြိတ်မြို့ ၌ အဓိကစိုက်ပျိုးသော ကြံပင်အမျိုးအစားမှာ ကြံဝါနှင့် ကြံညို ဖြစ်၍ မေလမှ ဇူလိုင်လအတွင်းတွင် ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

