Main menu

Background

ရှမ်းပြည်နယ်(တောင်ပိုင်း) မှ တန်ဖိုးမြှင့် ထောပတ်သီးအဆီ ထုတ်လုပ်မှုစက်ရုံသို့ လည်ပတ်ခဲ့ရာဝယ်

Mon, 09/25/2023 - 15:00 -- journal_editor

"ပျိုပျိုခင်    အလည်အပတ်ထွက်တယ် မော်တော်ကားနဲ့ရယ်  ဟိုယခင် ကျောင်းပိတ်တဲ့ ရက်ကကွယ်   ရှမ်းပြည်ကို    တောင်ပိုင်းရော၊ မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်" ဆိုသည့် သီချင်း လေးထဲကလိုပဲ အားလပ်ရက်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ကို အလည်တစ်ခေါက် ရောက်ခဲ့သည်။   ကလောမြို့၏  အထင်ကရ နေရာလေးများကို သွားပြီးသည့်အချိန်မှာ နယ်ခံ သူငယ်ချင်းဖြစ်သူက    ကလောမြို့နယ်ထဲမှာ ထောပတ်သီးဆီထုတ်လုပ်သည့်  စက်ရုံရှိသည် ပြောတော့ စိတ်ဝင်စားလို့ သွားရောက်လေ့လာ ခဲ့သည်။
စက်ရုံက  ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊  ဟဲဟိုးမြို့၊ သီးခေါင်ကျေးရွာ အုပ်စု၊ တောင်မြေခြားကျေးရွာ၌ ရှိသည်။  Shan Orchard Myanmar Ltd. ကုမ္ပဏီက မြန်မာပြည် ၏ ထောပတ်သီးဈေးကွက်အား ကမ္ဘာနှင့်ချိတ် ဆက်နိုင်ပြီး ဒေသထွက်ထောပတ်သီးမှ တန်ဖိုး မြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲ၍ ကမ္ဘာ့နိုင်ငံ ဈေးကွက်များသို့ ထိုးဖောက်ကာ ပြည်ပပို့ကုန် အမယ်သစ်တစ်ခုအဖြစ်  ပို့ကုန်တိုးမြှင့်စေပြီး နိုင်ငံခြားဝင်ငွေများရရှိစေရန် ရည်ရွယ်၍ ထောပတ် သီးမှ အဆီထုတ်လုပ်ခြင်းကို ၂၈-၃-၂၀၂၂ ရက် တွင် စတင်ဆောင်ရွက်ခဲ့ပြီး နည်းပညာနှင့်စက် ပစ္စည်းများကို အီတလီနိုင်ငံ AIFA Laval ကုမ္ပဏီ မှ  နောက်ဆုံးပေါ် ကမ္ဘာ့အဆင့်မီ ထောပတ်သီး အဆီနှင့် သံလွင်ဆီ ထုတ်လုပ်နိုင်သည့် စက်များ ကို အသုံးပြုကာ  မြန်မာပြည်၏ ပထမဆုံး Cold-Press Technology  အသုံးပြု၍ ထုတ်လုပ်နေ သည်။ စက်ရုံဝန်ထမ်း ၁၀ ဦးခန့်ရှိသည်။
ရှမ်းပြည်နယ်မှ  ထောပတ်သီး တန်ချိန် ပေါင်း ၃၀ဝ၀ဝ ကျော်ထွက်ရှိပြီး  ၅၀ ရာခိုင်နှုန်း သည် စိုက်ပျိုးရေး   အသိပညာ မပြည့်ဝခြင်း၊ ခူးဆွတ်သည့်နည်း  မမှန်ကန်ခြင်း၊ ထုပ်ပိုးမှု မမှန် ကန်ခြင်းနှင့် သယ်ယူပို့ဆောင်မှုနည်းလမ်း မမှန် ကန်ခြင်းတို့ကြောင့်  နှစ်စဉ်ပျက်စီးဆုံးရှုံးလျက် ရှိသည့်အတွက်   ပယ်သီးများကို  ကုန်ကြမ်း အနေဖြင့် ဆီကြိတ်ခွဲထုတ်လုပ်ခြင်းဖြင့် တောင်သူ များ  အကျိုးကျေးဇူးနှင့်  ဝင်ငွေပိုမိုရရှိစေရန် စက်ရုံတည်ထောင်ပြီး တန်ဖိုးမြှင့် ထောပတ်သီး အဆီများကို  ထုတ်လုပ်ခြင်းဖြစ်သည်။  Global GAP လက်မှတ်ရရှိသည့် ခြံများမှ ကုန်ကြမ်းများ ရယူကြိတ်ခွဲလျက်ရှိသည်။   ထုတ်လုပ်ထွက်ရှိ သည့်  ထောပတ်သီးအဆီများအတွက် အစား အသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)      ထောက်ခံချက်ရယူရန် ဆောင်ရွက်ထား ဆဲဖြစ်သည်။ 
ကုမ္ပဏီအနေဖြင့်   ထောပတ်သီးအဆီ အရည်အသွေးအတွက် စက်ရုံမှ မကြိတ်ခွဲမီ Dry Matter Test  နှင့် ကိုယ်ပိုင်ဓာတ်ခွဲခန်း၌ စဉ်ဆက် မပြတ်   စစ်ဆေး၍ အရည်အသွေး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။   ထောပတ်သီးများ ရင့်မှည့်ချိန်ဖြစ်သည့်  (ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ)    လေးလသာ စက်ရုံကို လည်ပတ်ပြီး ကုန်ကြမ်းများကို အကျိုးတူဆေ ာင်  ရွက်လျက်ရှိသည့်  ထောပတ်တောင်သူများနှင့် ဒေသတွင်း   တောင်သူများထံမှ ပေါက်ဈေး အတိုင်းဝယ်ယူခြင်းကို နှစ်စဉ် ဆောင်ရွက်လျက် ရှိသည်။  han Orchord MyanmarLtd. စက်ရုံမှ ထောပတ်သီးဆီ သုံးမျိုးထုတ်လုပ်လျက်ရှိသည်-
(၁)  Hass Extra Virgin (Cooking Oil)        
Hass Extra Virgin Oil   သည်   နိုင်ငံခြား ထောပတ်သီးမျိုးများအား   မြန်မာနိုင်ငံတွင် စိုက်ပျိုးပြီး ထုတ်လုပ်မှုမှရရှိလာသော ဆီအမျိုး အစားဖြစ်ပြီး Extra Virgin သည် ထောပတ်သီး၏  အသားသီးသန့်မှ ထုတ်လုပ်ထားသော ဆီဖြစ် သည်။ အသားထုတ်ခြင်းကိုလည်း စက်ဖြင့်ပင် ဆောင်ရွက်သည်။ Extra Virgin မှာ ထောပတ် သီးအနံ့ရှိပြီး ဖြည့်စွက်စာအဖြစ်   သုံးစွဲခြင်း၊ ချက်ပြုတ်ကြော်လှော်ခြင်းနှင့် အသုပ်များတွင် အသုံးပြုခြင်း၊  ဆံပင်၊ ဦးရေပြားနှင့် အရေပြား များတွင်လည်း အသုံးပြုနိုင်ပြီး ချက်ပြုတ်ရာတွင် လည်း ဟင်းအနံ့နှင့် အရသာပြောင်းလဲမှုမရှိ သည်ကို တွေ့ရှိရသည်။ 
(၂)     Local Extra Virgin (Cooking Oil)    
Local EV Oil သည် ဒေသထောပတ်သီး မျိုးများမှ ရရှိလာသော ဆီအမျိုးအစားဖြစ်ပြီး Local Extra Virgin  သည်   ထောပတ်သီး၏ အသားသီးသန့်မှ  ထုတ်လုပ်ထားသော ဆီဖြစ် သည်။ အသားထုတ်ခြင်းကိုလည်း စက်ဖြင့်ပင် ဆောင်ရွက်သွားသည်။ အရသာမှာ နှမ်းဆီကဲ့သို့ အနည်းငယ်ခါးသက်ပြီး  ဖြည့်စွက်စာအဖြစ် သုံးစွဲခြင်း၊ ချက်ပြုတ်၊  ကြော်လှော်ခြင်း၊ အသုပ် များတွင် အသုံးပြုခြင်း၊ ဆံပင်၊ ဦးရေပြား၊ အရေ ပြားများတွင်လည်း အသုံး ပြုနိုင်ပြီး ထောပတ်သီး အနံ့ရှိပြီး ချက်ပြုတ်ရာတွင် ဟင်းအနံ့၊ အရသာ ပြောင်းလဲမှုမရှိသည်ကို တွေ့ရှိရသည်။ 
(၃)  Crude (Cosmetic Grade)
Crude  သည် ထောပတ်သီး၏ အစေ့၊ အခွံ၊ အသား တစ်ခုလုံး ရောကြိတ်ထားသော အဆီ ဖြစ်၍  အလှကုန်များနှင့် ဆေးဝါးထုတ်လုပ်ရာ တွင် အသုံးပြုပြီး အရသာ အလွန်ခါးသည်ကို တွေ့ရှိရသည်။    စက်မှုကုန်ကြမ်းဆီ Crude (Cosmetic Grade) မှ အလှကုန် ၁၄ မျိုးအား Shan Orchard အမည်ဖြင့်ထုတ်လုပ်၍ ပြည်တွင်း ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
Shan Orchard Myanmar Ltd.၏ စက်ရုံမှ တစ်နေ့လျှင် ထောပတ်သီးအဆီကုန်ချော ၅၀ဝ လီတာ ပုံမှန်ထုတ်လုပ်နိုင်ပြီး ကုန်ကြမ်း ထော ပတ်သီးအမျိုးအစားပေါ်မူတည်၍ ဆီထွက်နှုန်း မှာ  Hass  အမျိုးအစားအနေဖြင့် ကုန်ကြမ်း တစ်တန်လျှင် ပျမ်းမျှ ကုန်ချောဆီ ၁၁ ရာခိုင်နှုန်း ဒေသသီး ကုန်ကြမ်းအနေဖြင့် တစ်တန်လျှင် ပျမ်းမျှ ကုန်ချောဆီ ၄ ရာခိုင်နှုန်းရရှိပြီး ၂၀၂၂ ခုနှစ်တွင် ထောပတ်သီးဆီ ၁၀  တန်ထုတ်လုပ် နိုင်ခဲ့ရာ     ယခုလာမည့်     ရာသီ၌ တန် ၂၀ ခန့်   တိုးမြှင့်ထုတ်လုပ်ရန်  စီစဉ်ထားသည်။ ၎င်း အနက် ၁၂ တန်ကို အကျိုးတူဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီမှ ကြိုတင်မှာယူထားရှိပြီးဖြစ် သည့်အတွက် ကျန်ရှစ်တန်အား ပြည်တွင်း/ ပြည်ပ   ဈေးကွက်များသို့  ဖြန့်ဖြူးရောင်းချ သွားမည်ဖြစ်သည်။ လက်ရှိအနေဖြင့် စက်ရုံအား မီးစက်ဖြင့်သာ လည်ပတ်၍ ပုံမှန်လျှပ်စစ်မီးရရှိ အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်  မီးရရှိပါက စက်ရုံလည်ပတ်မှုအတွက် ကုန်ကျ စရိတ်များ သက်သာ၍ ထုတ်လုပ်မှုလည်း ပိုမို ထုတ်လုပ်နိုင်မည်ဖြစ်၍ ထုတ်ကုန်များအား သင့် တင့်သော   ဈေးနှုန်းများဖြင့် ဈေးကွက်များသို့ ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။
ရောင်းချသည့်  ဈေးနှုန်းများမှာ  Hass Extra Virgin (Cooking Oil)    မှာ တစ်လီတာလျှင် ပုံမှန်ဈေးနှုန်း ကျပ် ၂၅၂၀ဝ ရှိသော်လည်း  ဆီ မိတ်ဆက်သည့်အနေဖြင့်   တစ်လီတာ ကျပ် ၂၀ဝ၀ဝ၊Local Extra Virgin (Cooking Oil) မှာ တစ်လီတာလျှင် ပုံမှန်ဈေးနှုန်း ကျပ် ၂၁၀ဝ၀ ကို တစ်လီတာလျှင်  ကျပ် ၁၇၅၀ဝ၊ စက်မှုကုန်ကြမ်း Crude  (Cosmetic Grade)  မှာ တစ်လီတာလျှင် ပုံမှန်ဈေးနှုန်း ၁၅၀ဝ၀ မှ  ကျပ် ၁၂၅၀ဝ တို့ဖြင့် အွန်လိုင်း၊ စတိုးဆိုင်များနှင့် ကိုယ်စားလှယ်များ မှလည်း ရောင်းချလျက်ရှိသည်။ ပြည်ပတင်ပို့မှု အနေဖြင့်  Hass Extra Virgin နှင့် Local Extra Virgin (cooking oil) 1 liter  Crude  (Cosmetic Grade)  ၁ liter  လျှင် အမေရိကန် ဒေါ်လာ ၉ ဒသမ၅၀ ဒေါ်လာ ရရှိပြီး Crude  (Cosmetic Grade)  လျှင် ၅ ဒသမ ၅၀ ဒေါ်လာ ရရှိကြောင်းသိရသည်။ ထောပတ်သီးဆီ  စားသုံးမှုအနေဖြင့် မြောက်အမေရိကတိုက် နိုင်ငံ များတွင် အများဆုံး စားသုံးပြီး  အာရှတိုက်တွင် ဒုတိယအများဆုံး စားသုံးကြသည်ဟု သိရှိရ သည်။ 
ကျန်းမာရေးအတွက်အထောက်အကူဖြစ် သည့် ထောပတ်သီးဆီထုတ်လုပ်သည့်   စက်ရုံ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက်   ထော  ပတ်သီးစိုက်ပျိုးသူတောင်သူများနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ပြီး  ပို့ကုန်  တိုးမြင့်ရေးအတွက် ပစ္စည်းအမယ်သစ်     တိုးမြှင့်နိုင်မည်ဖြစ်သည့် အတွက်       များစွာအကျိုးရှိမည်ဖြစ်သည်ဟု သုံးသပ်တင်ပြအပ်ပါသည်။