Main menu

Background

တရုတ်နိုင်ငံသို့ ပြောင်းသစ်များတင်ပို့ပြီး အိန္ဒိယနိုင်ငံသို့ပါ တင်ပို့ရမည့် အလားအလာများရှိနေ

Wed, 10/19/2016 - 14:18 -- journal_editor

    မြန်မာနိုင်ငံသည် ပို့ကုန်ကဏ္ဍအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအား ပြည်ပနိုင်ငံများသို့အများဆုံး တင်ပို့နေသည့်နိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာ့ပြောင်းကို အဓိကအများဆုံးတင်ပို့ လျက်ရှိပါတယ်။  မြန်မာ့ပြောင်း ကို ပြည်တွင်း၌ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြရုံမျှမက ပြည်ပနိုင်ငံများသို့လည်းအဓိကပို့ကုန်အဖြစ်တင်ပို့လျက်ရှိပါတယ်။ ပြောင်းစိုက်ပျိုးထုတ်လုပ်သည်မှ ပို့ကုန်တင်ပို့သည်အထိ Supply Chain တစ်လျှောက်ရရှိသည့် အကျိုးအမြတ်သည် တစ်နှစ်ထက်တစ်နှစ် အားကောင်းလာမှုကြောင့် နှစ်အလိုက်ပြောင်းစိုက်ပျိုးထွက်ရှိမှု ပိုမိုမြင့်မားလာတာကို လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တေ လး တိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ  ပြောင်းကိုအများဆုံး စိုက်ပျိုးကြပါတယ်။
      ယခုနှစ်တွင် ကမ္ဘာ့ပြောင်း  အများဆုံးတင်ပို့နိုင်ငံများသာမက တင်သွင်းနိုင်ငံများဖြစ်သည့် အမေရိကန်၊ တရုတ်၊ ဘရာဇီးနိုင်ငံတို့တွင် ပြည်တွင်း စားသုံးမှုထက် ထုတ်လုပ်မှု ပိုလျှံလျက်ရှိခြင်း ကြောင့် ပြောင်းပိုလျှံမှုများဖြစ်ပေါ် လျက်ရှိသဖြင့် မြန်မာနိုင်ငံ၏အဓိကပြောင်းတင်ပို့လျက်ရှိသည့် တရုတ်နိုင်ငံအနေဖြင့် ပြောင်းတင်သွင်းမှု လျော့ကျလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံဟာ အမေရိကန်မှ Genetically Modified–G M  ပြောင်းများ အများဆုံးတင်သွင်းလျက်ရှိပါတယ်။ ယခင် နှစ်က တရုတ်နိုင်ငံရဲ Inspection and Quarantine Official က အဆိုပါ ပြောင်းများအား စစ်ဆေးလျက်ရှိရာအငြင်းပွားမှုများနဲ့ ရင်ဆိုင်နေရသဖြင့် အမေရိကန်မှ ေြ ပာင်းတင်သွင်းမှု  လျော့နည်းခဲ့ ခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင်တခြားကုန်သွယ်ဖက်နိုင်ငံများမှ ပြောင်းဝယ်ယူမှုပိုမိုခဲ့ကာ ယခုနှစ်တွင်မူ အဆိုပါအငြင်းပွားမှုမှာ တည်ငြိမ်သွားသည့် အပြင် ပြည်တွင်း ထုတ် လုပ်မှုပိုလျှံမှုဖြစ်စဉ်ကြောင့် ယခုနှစ်ကာလအတွင်း ပြောင်း ဝယ်ယူမှု လျော့ကျခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
        မြန်မာနိုင်ငံ၏ ပြောင်းတင်ပို့မှုအနေဖြင့် ၂၀၁၆-၂၀၁၇ဘဏ္ဍာ နှစ် (ဧပြီလမှ အောက်တိုဘာ လ ၁၀ ရက်နေ့အထိ) ပင်လယ်ရေ ကြောင်းမှ ၃၆၉ တန် ၊ နယ်စပ်ကုန်သွယ်မှုမှ တန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့ပြီး စုစုပေါ င်းပြောင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု၏အဓိကလမ်းကြောင်းဖြစ်သည့် ကုန်သွယ်ရေးဇုန်မှတင်ပို့လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ရက်လျှင် ပျမ်းမျှပြောင်း ကားစီးရေ ၁၃၅စီး၊ တန်ချိန် ၃၇၀၀ခန့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ FOB ပျမ်းမျှဈေးနှုန်းမှာ တစ်တန် လျှင်အမေရိကန်ဒေါ်လာ ၂၂၀ဈေးဖြင့် တင်ပို့လျက်ရှိကြောင်း သိရှိ ရပါ တယ်။ ၂၀၁၄ ခုနှစ် ဧပြီလတွင်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၂၀ ခန့်ရှိခဲ့ရာမှ တဖြည်းဖြည်းကျဆင်းလာပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် တစ်တန်ဈေးအမေရိကန် ၁၄၈ ဒေါ်လာခန့်အထိ လျော့နည်းကျဆင်းလျက် ရှိ ပါတယ်။  ယခုအောက်တိုဘာလ ပထမပတ် တရုတ်နိုင်ငံ၏ FOB ပြောင်း ဈေးနှုန်းမှာ ၁၃၃-၁၄၁ ဒေါ်လာ၊ အိန္ဒိယနိုင်ငံ၏  FOB  ဈေးနှုန်းမှာ ၁၆၉ဒေါ်လာ၊ အမေရိကန်နိုင်ငံ၏ FOB  ဈေးနှုန်းမှာ ၁၄၈-၁၅၁ ဒေါ်လာရှိကြော င်း လေ့ လာသိရှိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရာ တွင် FOB  ဈေးနှုန်းမှာ ၂၁၀-၂၂၀ ဒေါ်လာရရှိသဖြင့် ကမ္ဘာ့ပြောင်း ဈေးထက်ပိုမိုအသာစီးရရှိနေသည့် အနေအထားတွင် ရောက်ရှိနေသည့်အပြင် တရုတ်နိုင် ငံမှ ပြောင်းဝယ်ယူမှုအား လေ့လာကြည့် ပါက နှစ်စဉ်အောက်တိုဘာမှဒီဇင်ဘာအတွင်း အများဆုံး ဝယ်ယူ သည့်ကာလဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်။
        ထို့ပြင်ကမ္ဘာ့ပြောင်း အများဆုံးထုတ်လုပ်သည့်နိုင်ငံများအနက် အဆင့်(၇)တွင် ရပ်တည်နေသော်လည်း အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပြောင်းလုပ်ငန်းရှင်များဟာ ကမ္ဘာ့ပြောင်းဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်း ဝယ်လိုအား များ ရှိသော်လည်း ရောင်းချခြင်း မရှိဘဲ ပြည်တွင်း၌သာ သိုလှောင်ထားသဖြင့် ပြောင်းစားသုံးမှုလိုအပ်ချက်များဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် ပြည်တွင်း ပြောင်း ဈေးမြင့်တက်မှု ပြဿနာများအား ဖြေရှင်းရန်အတွက် အိန္ဒိယနိုင်ငံ အနေဖြင့် ယခုနှစ်တွင် ပြောင်းတန်ချိန် ငါးသိန်းကို ပြည်ပမှ တင်သွင်းသွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံစက်မှုနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားကြောင်း The Economic Times  မှာ ၂၀၁၆ခုနှစ် ဇူလိုင်လ က ဖော်ပြထားသည်ကို တွေ့ရှိရပါတယ်။ ယခင်နှစ်ကာလတူထက် မြန်မာ့ပြောင်းတင်ပို့မှု လျော့နည်း ကျဆင်းနေသော်လည်း ယခုအခါ ရှမ်းပြည်နယ်၌ ပြောင်းသစ် ပေါ်သည့်ရာသီချိန်ခါ ဖြစ်သည့်အပြင် ဈေးနှုန်း အသာစီးရရှိေ နခြင်း၊ တရုတ်နိုင်ငံရဲ့ ပြောင်းဝယ်ယူမှု အများဆုံးကာလအတွင်း ရောက်ရှိနေခြင်း၊တရုတ်နိုင်ငံသို့သာမက အိန္ဒိယနိုင်ငံသို့ပါတန်ချိန် ငါးသိန်း တင်ပို့ရောင်းချနိုင်မည့် အလားအလာရှိနေသဖြင့် ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ခြင်း တို့ေ ကြာင့် ပြောင်းတင်ပို့မှု ပြန်လည်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ယခုအချိန်သည် မြန်မာပြောင်းဈေးကွက်အနေနဲ့ အားသာချက်များဖြစ်ပေါ်နေသလို လားရာကောင်းများဆီသို့ ရှေး ရှု နေသည့် အချိန်အခါဖြစ်ကာ တရုတ်နိုင်ငံသို့သာမက အိန္ဒိယနိုင်ငံသို့လည်းတင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများရှိနေပြီး ယင်းရလဒ်ကောင်းများဖြင့် ဈေးကွက်သစ်ရှာဖွေ တင်ပို့နိုင်ပါက မြန်မာ့ပို့ကုန်ပမာဏ မြှင့် တင်နိုင်ရုံသာမကကုန်သွယ် မှုလိုငွေပြနေခြင်းကိုလည်း လျော့နည်းအောင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများရရှိနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

 

ပီတိချို (မန်းလေး)