ပို့ကုန်တိုးမြှင့်ရေးအတွက် အားထားရမည့် ရှမ်းအရှေ့ရော်ဘာ
မြန်မာနိုင်ငံသည် စိုက်ပျိုးထုတ်လုပ်မှုကို အဓိကထားသောနိုင်ငံဖြစ်ပြီး မိမိတို့နိုင်ငံ၏စက်မှုလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေးတို့အတွက် ရော်ဘာထုတ်လုပ်မှုသည် မရှိမဖြစ်လိုအပ်သော အခြေခံကုန်ကြမ်းပစ္စည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကရော်ဘာထွက်ရှိရာဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ နှစ်စဉ်ရော်ဘာအမြောက်အမြားထွက်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ နိုင်ငံခြားဝင်ငွေများရရှိသည့် အဓိကကုန်ပစ္စည်းတစ်ခုအဖြစ် ညွှန်ပြလျက်ရှိသည်။
