တရုတ်နိုင်ငံဘက်မှ အဝယ်ရပ်ဆိုင်းထားသောကြောင့် မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များကို ယင်းနိုင်ငံမှ ပြန်လည်ဝယ်ယူနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ဝယ်ယူမှုကြောင့် မူဆယ်နယ်စပ်၌ သောင်တင်နေခဲ့သည့် ဆန်တန်ချိန် ငါးသောင်းကျော်မှာ လက်ရှိတွင်တန်ချိန် နှစ်သောင်းလောက်သာ ကျန်ရှိတော့ကြောင်း အဆိုပါဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။ "အခု မူဆယ်ဘက်ကနေ တစ်နေ့ကို တန်ချိန် ၁၀၀၀၊ ၁၅၀၀ လောက် ထွက်နေတယ်။ အခုနောက်ပိုင်းမှာ တန်ချိန် နှစ်သောင်းလောက်ပဲရှိတော့တယ် ဆိုတော့ နေ့စဉ်ဆန်တွေ ထွက်နေ တယ်။ သူတို့ဘက်ကလည်း စစ်ဆေးပြီးတော့ ယူနေတဲ့ အနေအထားရှိတယ်"ဟု ၎င်းကပြောသည်။
အဆိုပါ ဆန်တန်ချိန် ငါးသောင်းကျော်မှာ ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ တရုတ်ဘက်က အဝယ်မရှိခဲ့ခြင်းကြောင့် ကျန်ရှိနေသော ဆန်များ ဖြစ်ပြီး ယင်းနောက်တွင် အစိုးရနှင့် တရုတ်နိုင်ငံတို့ ဆွေးနွေးညှိနှိုင်းမှုများ ပိုမို ပြုလုပ်လာသောကြောင့် လက်ရှိတွင် ဆန်တန်ချိန် ၁၀၀၀၀ကို ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ်ဖြင့် တင်ပို့ရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်ဟု ဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင် ဝယ်ရေးဝန်ကြီးဌာနက ယခု ဇူလိုင်လ အတွင်း နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများသို့ ပြည်တွင်း၌ ထုတ်လုပ်သည့်ကုန်ပစ္စည်းခုနစ်မျိုးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်တွင်းထုတ်လုပ်သူများဆီမှတစ်ဆင့်ဝယ်ယူ၍ ပြည်ပသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ေ ကြာင်း ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
"ဒီကုန်ပစ္စည်းခုနစ်မျိုးထဲမှာ ဆန်နဲ့ဆန်ကွဲ ပါဝင်ပါတယ်။ ဒါကလည်း ပြည်ပဆန်ဈေးကွက်ကျယ်ပြန့်လာဖို့ဖြစ်တယ်။ နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေက ပြည်တွင်းမှာ တစ်ဆင့်ဝယ်မယ်ဆိုရင် ပြည်တွင်းကလည်း ရောင်းရမယ်၊ တောင်သူတွေလည်း အဆင်ပြေမယ်။ ပြည်ပပို့တဲ့အတွက် ဈေးကွက်လည်း ပိုကျယ်လာမယ်"ဟု ၎င်းကသုံးသပ်သည်။ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီနှင့် နိုင်ငံ ခြားကုမ္ပဏီများအနေဖြင့် ဆန်နှင့်ဆန်ကွဲတင်ပို့မည်ဆိုပါက ပြည်ပမှနေ ၍ ပြည်တွင်းဘဏ်တစ်ခုခုသို့ ကနဦးရင်းနှီးမြှုပ်နှံမှုထည့်ဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးသန်းလွှဲပြောင်းပြီးဖြစ်ကြောင်း အထောက်အထား ပါရှိရမည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေများလည်း ဝင်ရောက်လာနိုင် မည်ဖြစ် ကြောင်း သိရသည်။
ပန်းဆု