Main menu

Background

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်မှု (၇)

Thu, 09/05/2019 - 15:39 -- journal_editor

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဆန်းစစ် ခြင်းအတွက် အချိန်ဇယား သတ်မှတ်၍ ပြင်ဆင်ဆောင် ရွက်ခြင်း

     မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့ လာဆန်းစစ်ခြင်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာလအပြီးတွင် ပြုလုပ်သွားရန် လျာထားစီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အား စီးပွားရေးနှ င့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန် ယူဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ် တစ်လျှောက်လုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှ စတင် ကာ အချိန်ဇယား(Timeframe) ရေးဆွဲသတ်မှတ်ကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။လက်ရှိအချိန်တွင် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် လိုအပ်သည့် အချက်အလက်များ စုဆောင်းနိုင် ရန်နှင့် ကူညီပံ့ပိုးမှုများရရှိနိုင်ရန် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနများသို့ Contact Person များ တောင်းခံခြင်း၊ အစီရင်ခံစာများ ရေးသားပြုစုရာတွင် ဌာနကိုယ်စားပြု ရပ်တည်ဆွေးနွေးနိုင်မည့် Focal Person များ တောင်းခံခြင်း၊ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား အထက်အဖွဲ့အစည်းနှင့်ဌာနများသို့ တင်ပြခွင့်ပြုချက်ရယူကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ညှိနှိုင်းရေးဆွဲထားသည့် လျာထား အချိန်ဇယားအရ ဆက်လက်ဆောင်ရွက်ရန် ထည့်သွင်းလျာထားသည့် လုပ်ငန်းစဉ်များမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးမှ ကနဦးမေးခွန်းများ ပေးပို့လာမှုအပေါ်ကုန်သွယ်မှုနှင့် ဆက် စပ်သည့်ဌာနများသို့ ပေးပို့၍ အချက်အလက်များ ကောက်ခံသွားမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်  နိုဝင်ဘာလတွင် ဌာနအသီးသီးမှ   ပေးပို့လာသည့်အချက်အလက်များအား စုစည်းသွားမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

    ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရှိ အတွင်းရေးမှူးရုံးမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ နိုင်ငံသို့ ပထမအကြိမ် လာရောက်၍  ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ Awareness Work shop အား ကျင်းပသွားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံမှပေးပို့ထားသည့် မေးခွန်းများ/အချက်အလက်များအား ညှိနှိုင်းသွားမည် ဖြစ်ရာ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်သည်။ ၂၀၂၀ပြည့်နှစ် ဧပြီလတွင်  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ အတွင်းရေးမှူးအစီရင်ခံစာ(မူကြမ်း) ပေးပို့လာမည်ဖြစ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  အဆိုပါ အစီရင်ခံစာ (မူကြမ်း)အား သက်ဆိုင်ရာဌာနအသီးသီး သို့ ပေးပို့၍ သဘောထားမှတ်ချက်တောင်းခံခြင်း၊ ဌာနများမှ ပေးပို့လာသည့်   သဘောထားမှတ်ချက်များအား  စိစစ်ခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာ ဌာနများအား ဖိတ်ကြား၍ ညှိနှိုင်း ဆွေးနွေးခြင်း၊ စနစ်တကျနှင့် ပြီးပြည့်စုံမှုရှိစေရေး  ကျွမ်းကျင် ပညာရှင်၏ အကူအညီဖြင့် ပြုစုရေးသားခြင်းတို့ကို  ဆောင် ရွက်သွားမည်ဖြစ်သည်။ ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် မေလတွင်  အတွင်းရေးမှူး အစီရင်ခံစာ (မူကြမ်း)အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး တစ်ပြိုင်တည်းမှာပင် အစိုးရအစီရင် ခံစာ ပြုစုနိုင်ရေးအတွက် အခန်းအလိုက်  ထည့်သွင်းသွားမည့် ခေါင်းစဉ်များ၊ ဦးစားပေးထည့်သွင်းသွားမည့်ကဏ္ဍများ စသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် အကြိမ်ကြိမ်ညှိနှိုင်း၍ ပြုစုရေးသားသွားမည်ဖြစ်သည်။

     ၂၀၂၀ ပြည့်နှစ် ဇွန်လတွင်  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ အတွင်းရေးမှူးရုံးမှ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်၍ အတွင်းရေးမှူးအစီရင်ခံစာအား အပြီးသတ် အတည်ပြုနိုင်ရေးအတွက် လို အပ်သည်များ ဆွေး နွေးသွားမည်ဖြစ်ရာ Focal Ministry ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်ပညာရှင်များကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ချိတ်ဆက်၍ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ခြင်း၊ လိုအပ်သည့်အချက်အလက်များအား ပံ့ပိုးပေးနိုင်ရေးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့် အစီရင်ခံစာ(မူကြမ်း)တွင် လိုအပ်သည်များပြင်ဆင် ဖြည့်စွက်ခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် အတွင်းရေးမှူးအစီရင်ခံစာအား အပြီးသတ် အတည်ပြုပေးပို့သွားမည်ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ ပံ့ပိုးသည့် အချက်အလက်များအား ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့် အပြီးသတ် ရေးသားပြုစုထားသည့် အစိုးရအစီရင်ခံစာအား  အထက်အဆင့်ဆင့်သို့ အတည်ပြုချက်ရယူပြီးသည့် နောက် ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးသို့ ပေးပို့သွားမည်ဖြစ်သည်။

     ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဝင်နိုင်ငံများသို့ အစီရင်ခံစာနှစ်စောင်အား ဖြန့်ေ၀ သွားမည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အတွင်းရေးမှူးရုံးမှ တစ်ဆင့် အဖွဲ့ဝင်နိုင်ငံများက  မေးမြန်းလာ သည့် မေးခွန်းများကို လက်ခံရယူသွားမည်ဖြစ်သည်။ အဆိုပါမေးခွန်းများအား သက်ဆိုင်ရာဌာနအသီးသီးသို့ ပေးပို့ခြင်း၊ ကဏ္ဍအလိုက် ဌာနအသီးသီးနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့်  စနစ်တကျ ပြု စုပြီးနောက်  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  အတွင်းရေး မှူးရုံးမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများသို့ မေးခွန်းများ၏ အဖြေ များကို ပေးပို့သွားမည်ဖြစ်သည်။ အဓိကအစီအစဉ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံး၌ မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ် ကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်ခြင်းအစည်းအဝေး ကျင်းပသွားမည်ဖြစ်ပြီး  ယင်းအစည်းအဝေးသို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ  ကိုယ်စားလှယ်များ   တက်ရောက်နိုင်ရေး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။

     လက်ရှိအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ဝန်ကြီးဌာန တွင်း ဦးဆောင်လုပ်ငန်းအဖွဲ့(Core Team) ဖွဲ့စည်းခြင်း၊ ဦးဆောင်လုပ်ငန်း အဖွဲ့ဝင်များဖြင့် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးများ  ကျင်းပခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းစဉ်များအား သတ်မှတ်အချိန်ဇယားဖြင့် စနစ်တကျ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်း စဉ်သည် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများကြား မြန်မာနိုင်ငံ၏ ကောင်းမွန်သောပုံရိပ်အား  ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ထုတ်ဖော် ပြသသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

WTO