Main menu

Background

နယ်စပ် ကုန်သွယ်ရေးရပ်ဆိုင်းမှုအား ဖြေရှင်းနိုင်ရန် ညှိနှိုင်းနေ

Thu, 09/05/2019 - 15:48 -- journal_editor

     လက်ရှိ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများ၌ နေ့စဉ် အမေ ရိကန်ဒေါ်လာ ခုနစ်သိန်းကျော်တန်ဖိုးရှိ ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း သွားခြင်းကို အမြန်ဆုံးဖြေရှင်းနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့အကြား ညှိနှိုင်းလျက်ရှိကြောင်း နိုင်ငံတော်ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များ အသင်းချုပ်တွင် သြဂုတ် ၂၄ ရက်က ကျင်းပ ပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ (၂၉) ကြိမ်မြောက်တွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

     “မြောက်ပိုင်းမှာ ကုန်သွယ်ရေးတံတား ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးကို ထိုက်သင့်သလောက် ထိခိုက်နစ်နာတဲ့ အနေအထားတွေ ရှိပါတယ်။ ယာယီတံတားကို ငါးရက်အတွင်း တည်ဆောက် ပြီးစီး ပြီဖြစ်ပေမယ့် ခံနိုင်ဝန်အားက ခါတိုင်း လို ကုန်ကားကြီးတွေ တက်နိုင်တဲ့ အနေ အထားမရှိပါဘူး။ စီးပွားရေး၊ စီမံကိန်း၊ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့တွေ နဲ့ ပေါင်းစပ်ညှိနှိုင်းသလို တစ်ဖက်က မနှောင့်ယှက်အောင် ညှိနှိုင်းေြ ပာဆိုပြီး မှ လမ်းကြောင်းတွေ ဖွင့်အောင် တတ် နိုင်သလောက် ကြိုးစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းက တတ်နိုင်သမျှ ဝိုင်းဝန်း ဖြေရှင်းပေးနိုင်တာတွေကို ကြိုးစား ပေးသွားမှာ ဖြစ်ပါတယ်။ တချို့ကိစ္စရပ် တွေကို မပြောနိုင် တာက ညှိနှိုင်းတဲ့ကာလ မှာ အဆင်ပြေတာမပြေတာ မပြောနိုင် သေးပါဘူး။  0ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး အဆင်ပြေအောင် ညှိ နှိုင်းနေပါ တယ်” ဟု ဒုတိယသမ္မ္မတက ပြောသည်။ တိုက်ပွဲများ မဖြစ်ပွားမီ ကာလ အတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်၏     ကုန်သွယ်မှုပမာဏမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် အမေရိ ကန်ဒေါ်လာ ခြောက်သန်းရှိခဲ့ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားသည့် သြဂုတ် ၁၅ ရက် နောက်ပိုင်းမှ စတင်၍ လက်ရှိ အချိန်ထိ ကုန်သွယ်မှု ပမာဏမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ခုနစ်သိန်းဝန်းကျင်သာ ကုန်သွယ်နိုင်ခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်ကပြော သည်။

   “အခု ရှမ်းပြည်နယ် မြောက် ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်မှုဟာဆိုရင် နယ်ခြား ဒေသဂိတ်တွေထဲမှာ မူဆယ် ဟာ အကြီးဆုံးဖြစ်ပါတယ်။ အဲဒီဒေသ ရဲ့  ထိခိုက်နစ်နာမှုဟာဆိုရင်  ပို့ကုန်၊ သွင်းကုန်တန်ဖိုး တင်မကပါဘူး။ အခြေခံ အဆောက်အအုံပိုင်းဖြစ်တဲ့   လမ်းတံတားပျက်စီးမှု၊ လူတွေ ထိခိုက်နစ်နာ မှုရှိသလို တစ်ဖက်ကလည်း ကုန်သွယ် မှုနဲ့ ဆက်စပ်နေတဲ့ သယ်ယူပို့ဆောင် ရေးအပိုင်း၊ အထူးသဖြင့် ကုန်ကား သမားတွေ၊ ကားပိုင်ရှင်တွေ၊ ဒါနဲ့ပတ် သက်ပြီး ကုန်တင်ကုန်ချလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အတွက် အားလုံး ထိခိုက်နစ်နာမှုတွေ ရှိပါတယ်”ဟု ဒေါက်တာသန်းမြင့်က ပြောသည်။ ယင်းကဲ့သို့  ကုန်သွယ်မှု  ပြတ် တောက်ခြင်းကြောင့် လက်ရှိတွင် ဃဏြ အထည်ချုပ်   လုပ်ငန်းများအတွက် အထည်လိပ်ကုန်ကြမ်း ပြတ်တောက် ခြင်း၊ လူမှုရေးကိစ္စရပ်များ ပြတ်တောက် ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။ အဆိုပါ    တိုက်ပွဲများကြောင့်  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းတို့တွင် ကုန် သွယ်မှုပြတ်တောက်ခဲ့ပြီး ချင်းရွှေဟော်  ကုန်သွယ်ရေးလုပ်ငန်းများမှာ သြဂုတ် ၁၇ ရက်မှစ၍ ယနေ့အချိန်အထိ  ရပ် ဆိုင်းထားရကြောင်း သိရသည်။

 

ပန်းဆု