Main menu

Background

မြန်မာနိုင်ငံကုန်သွယ်မှုလုပ်ငန်းစဉ်များတွင် Single Registration ID ပြောင်းလဲအသုံးပြုနိုင်ရေး ခြေလှမ်းသစ်များ

Thu, 09/12/2019 - 11:31 -- journal_editor

    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပါ အချက် များအား update ပြင်ဆင်နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သတင်းလွှာ (၄/၂၀၁၉)ဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်စွဲဖြင့် ထုတ်ပြန်အသိ ပေးခဲ့ပြီးဖြစ်သည်။ အဆိုပါအသိပေးချက်အရ ကုန်သွယ်ရေးဦးစီး ဌာနအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄၊  ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေတို့အရ ဖွဲ့စည်း မှတ်ပုံတင်ထား သော ကုမ္ပဏီများအနေဖြင့်  ပြည်ပသို့ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပို့ကုန်သွင်းကုန် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်နောက်ဆုံးထားပြင်ဆင်ရန်နှင့် သတ် မှတ်ကာလအတွင်း လာရောက်ပြင်ဆင်မှုမရှိသည့် ကုမ္ပဏီများ အား ပို့ကုန်သွင်းကုန် ကုမ္ပဏီမှတ်ပုံတင်စာရင်းမှပယ်ဖျက်သွားမည် ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပြီး လုပ်ငန်းရှင်များ ပိုမိုအဆင်ပြေ နိုင်စေရန်  ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

     မြန်မာနိုင်ငံမှာ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအရ ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်မယ်ဆိုရင် ပို့ကုန်သွင်းကုန် ကုမ္ပဏီမှတ်ပုံတင်(ပသက) ပြုလုပ်ပြီးမှသာ လိုအပ်တဲ့ပို့ကုန်သွင်း ကုန်လိုင်စင်ပါမစ်များကို လျှော က်ထားနိုင်မှာဖြစ်ပါတယ်။ (ခြွင်းချက် အနေဖြင့် ကုန်သွယ်မှုပမာဏတိုးတက်စေဖို့နဲ့ကုန်သွယ်မှုလမ်း ကြောင်းပေါ်ရောက်ရှိစေဖို့အတွက်  နယ်စပ်ကုန်သွယ်ရေးစခန်းများ မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် (Individual Trading Card)  စနစ် နဲ့ကန့်သတ်ပမာဏတစ်ခုနဲ့ခွင့်ပြုချက်ပေးခြင်းမှလွဲပြီး) အဲဒီအတွက် လုပ်ငန်းရှင်တစ်ယောက်ဟာ ရင်းနှီး/ကုမ္ပဏီမှတ်ပုံတင်ဌာနမှာ ကနဦး ကုမ္ပဏီမှတ်ပုံတင်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ပြီးမှသာ အဆိုပါ အချက်အလက်များအပေါ်အခြေခံပြီးမှ ပြည်ပနဲ့ကုန်သွယ်မှုဆောင်ရွက်မယ့် ကုမ္ပဏီတွေဟာ ကုန်သွယ်ရေးဦးစီးဌာနမှ ပသက မှတ်ပုံတင်ကိုထပ်မံလျှောက်ထားရမှာဖြစ်ပါတယ်။ ပသကမှတ်ပုံတင်ပြီးမှမိမိတို့ဆောင်ရွက် လိုတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ် တွေဖြစ်တဲ့ ကုန်သွယ်ရေးဦးစီးဌာနမှာ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထားခြင်းကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပြီးတာနဲ့ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများေ ဆာင်ရွ က်ဖို့ အကောက်ခွန်ဦးစီးဌာနမှာ IE Codeကိုထပ်မံလျှောက်ထားရပါတယ်။ ကုန်သွယ်မှုလုပ်ငန်းစဉ်တွေပြီးလို့ကျသင့်တဲ့ အခွန်ပေးဆောင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်တဲ့နေရာမှာလည်း သက်ဆိုင်ရာ ကုမ္ပဏီ အမည်နဲ့ သက် ဆိုင်ရာ ပြည်တွင်းအခွန်များရုံးမှာပေးချေရတာဖြစ် ပါတယ်။

    ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကုမ္ပဏီတစ်ခုဟာ ကုန်သွယ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဆက်သွယ်လုပ်ကိုင်ရတဲ့ဌာနတစ်ခုချင်း မှာ လူကိုယ်တိုင်သွားရောက် မှတ်ပုံတင်ရသလို ဌာနတစ်ခုချင်းစီကနေ မတူညီတဲ့ ကုမ္ပဏီ ID Code တစ်မျိုးစီသုံးစွဲနေရတာ ဖြစ်ပါတယ်။ဥပမာ ယခင်က ရင်းနှီး/ကုမ္ပဏီမှတ်ပုံတင်ဦးစီးဌာန ကုမ္ပဏီမှတ်ပုံ တင်နံပါတ်အဖြစ် ၁၁၅/၉၅-၉၆(၂၅-၄-၉၅) ၁၁ ၊ ကုန်သွယ်/ဦးစီးက ပသကနံပါတ်ကို Digit လေးမှငါးလုံး (ဥပမာ- ၁၂၃၄၅)၊ အကောက်ခွန်ဦးစီးဌာနမှ IE Code ကို ပသကနံပါတ်ကိုအခြေခံပြီး Digit ရှစ်လုံး (ဥပမာ- ၁၂၃၄၅၀၀၁) အဖြစ်သုံးစွဲကြပြီး အခွန် ပေးဆောင်မှုများ အတွက် ကုမ္ပဏီအမည်ဖြင့်ပုံစံအမျိုးမျိုးသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက် Single ID တစ်မျိုးတည်းကိုသုံးစွဲနိုင်ရေး အစိုးရဌာနများကြားညှိနှိုင်းဆောင် ရွက်ခဲ့ကြပြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ သတ်မှတ်သည့် အခွန်ထမ်း အမြဲတမ်းမှတ်ပုံတင်အမှတ် Taxpayer Identification Numbers (TIN)  နံပါတ်တစ်ခုတည်းကို တူညီစွာသုံးစွဲဖို့ သဘောတူဆောင် ရွက်ခဲ့ကြပါတယ်။ (TIN) နံပါတ်မှာဆိုရင် Digit ကိုးလုံးရှိပြီး ဥပမာ (၁၂၃၄၅၆၇၈၉) အဆိုပါနံပါတ်ကိုပဲရင်းနှီး/ကုမ္ပဏီ ၊ ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်းအခွန်ဌာနများအားလုံးက တူညီစွာ သုံးစွဲကြတော့မှာဖြစ်ပါတယ်။

      ကနဦး ရင်းနှီး/ကုမ္ပဏီမှတ်ပုံတင်ဦးစီးဌာနအနေနဲ့၂၀၁၉ မှ ပြဃသ စနစ် စတင်ကျင့်သုံးတဲ့အချိန်မှာ ယခင်ကုမ္ပဏီအချက်အလက် စာရွက်မျိုးစုံနဲ့ လူကိုယ်တိုင်သွားရောက်မှတ်ပုံတင်ရာကနေ အွန် လိုင်းပေါ်မှ ပြောင်းလဲေ ဆာင်ရွက် ဝန်ဆောင်မှုပေးလာနိုင်ခဲ့သလို ကုမ္ပဏီ အမှတ်ကိုလည်း ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှစတင်ပြီး Digit ကိုးလုံးနဲ့စတင်ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့လည်း ၂၀၀၄ ခုနှစ်ကစပြီး ဆောင်ရွက်ထားရှိတဲ့ ပို့ကုန်သွင်းကုန်လိုင်စင်စနစ် (Import Export Licence& Permit System (IELPS) နှင့်အတူ ပို့ကုန်သွင်းကုန်ကုမ္ပဏီမှတ်ပုံတင်စနစ် (Export Import Company Registration) ကို စတင် အသုံးပြုဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ အဆိုပါ ပသက မှတ်ပုံတင်စနစ်အား အွန်လိုင်းမှ လျှောက်ထားနိုင်ရန် ပြင်ဆင်ခဲ့ပြီး ဝန်ဆောင်မှုပေးခဲ့ပါတယ်။ သို့ သော်လည်း ဌာနသို့ကုမ္ပဏီမူရင်းအချက်အလက်များ ပူးတွဲတင်ပြ ရပြီး လုပ်ငန်းရှင်ကိုယ်တိုင် အဆိုပါမှတ်ပုံတင်ကတ်ကိုလာရောက် ထုတ်ယူရပါတယ်။ ကုမ္ပဏီရဲ့မူရင်းအချက်အလက်များ Form ၆/၂၆ Director list အပါအဝင် အခြားအချက်အလက်များကိုတိုက်ဆိုင် စစ်ဆေးရ တဲ့အတွက် လုပ်ငန်းရှင်က ရုံးသို့လာရောက်တင်ပြ ထုတ်ယူ ရတဲ့အနေအထားဖြစ်ပါတယ်။

    ယခုအခါ ကုန်သွယ်ရေးအနေနဲ့ MyCO စနစ်ကနေ ကုမ္ပဏီ အချက်အလက်များကို အွန်လိုင်းပေါ်မှ (API) စနစ်နဲ့ချိတ်ဆက်ရယူ ပြီးပြင်ဆင်နေပြီး ရရှိပါက ပသက မှတ်ပုံတင်မှုအတွက် ရုံးသို့လာ ရောက်ဖို့မလိုဘဲ အွန်လိုင်းေ ပါ်ကနေပဲ ဆောင်ရွက်နိုင်မှာဖြစ်သလို ပသက နံပါတ်ကိုလည်း TIN နံပါတ်အတိုင်း Digit ကိုးလုံးနဲ့ပြောင်းလဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများအတွက် ၂၀၁၇ နှစ်ဦးပိုင်းမှာ အကော က်ခွန်ဦးစီးဌာနအနေဖြင့်  MACCS စနစ်ကို စတင်ကျင့်သုံးလာခဲ့ ပါတယ်။ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ်များဟာ ပို့ကုန်သွင်းကုန်လိုင်စင် အချက် အလက်ပေါ်မှာ ဆက်လက်ချိတ်ဆက်ေ ဆာင်ရွက်ရတာဖြစ်တဲ့ အတွက် ကုမ္ပဏီ အချက်အလက်များ အပါအဝင် ပို့ကုန်သွင်းကုန် လိုင်စင်အချက် အလက်များကို  MACCS စနစ်ကို အီလက်ထရောနစ်ဒေတာနဲ့ချိတ် ဆက်ပေးပို့နေတာဖြစ်ပါတယ်။ ဒါကြောင့် MACCS စနစ်မှာလည်း IE Code  ကို Digit ကိုးလုံးနဲ့တူညီစွာအသုံးပြုသွားမှာဖြစ်ပါတယ်။

     ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့်လည်း အခွန်ပေးဆောင်မှု လုပ်ငန်းရပ်များကို အွန်လိုင်းစနစ်နဲ့ပေးချေနိုင်အောင် စနစ်တည် ဆောက်ဆောင်ရွက်နေသလို ကုန်သွယ်မှုလုပ်ငန်းစဉ်များမှ ချိတ် ဆက်ရရှိလာမည့် ကုန်သွယ်မှု ဆိုင်ရာအချက်အလက်များတွင် တူညီ သည့် ကုမ္ပဏီမှတ်ပုံတင် ID နှင့်အတူ ကုန်သွယ်မှုဆိုင်ရာအချက် အလက်များ ချိတ်ဆက် ရရှိလာမည့်အတွက် အခွန်ကောက်ခံမှုလုပ် ငန်းများမှာ များစွာအထောက်အကူဖြစ်စေမှာ ဖြစ်ပါ တယ်။ ကုမ္ပဏီမှတ်ပုံတင်ထားပြီး ကုန်သွယ်မှုလုပ်ငန်းများဆောင် ရွက်နေကြသည့် ကုမ္ပဏီများအနေနဲ့ MyCo တွင် ပြောင်းလဲထား ရှိသည့် ကုမ္ပဏီမှတ်ပုံတင်အား ကုန်သွယ်/ဦးစီးမှ ပသကနံပါတ် အဖြစ်ပြောင်းလဲနိုင်ရေး သတ် မှတ်ကာလအတွင်း ဆောင်ရွက်ရမည် ဖြစ်ပါတယ်။လက်တလောမှာ ရင်းနှီး/ကုမ္ပဏီမှတ်ပုံတင်ဌာန MyCo မှ ၎င်းတို့၏ ကုမ္ပဏီဒေတာအချက်အလက်များအား အီလက်ထရော နစ်စနစ်ဖြင့် ဆက်စပ်ဌာနများကို ထုတ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေဆဲကာလဖြစ်သည့်အတွက် ချိတ်ဆက်ရယူရ မည့် ကုန်သွယ် ရေးဦးစီးဌာနသို့  လုပ်ငန်းရှင်များမှ လူကိုယ်တိုင် လာရောက် ပြောင်းလဲရမည်ဖြစ်သော်လည်း  ချိတ်ဆက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးချိန် တွင် ပသကနှင့် ဆက်စပ်သည့်မှတ်ပုံတင်ခြင်း လုပ်ငန်းရပ်များကို အွန်လိုင်းပေါ်မှ လျှောက်ထားထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

    ကျန်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေသည့် (ကုမ္ပဏီ မှတ်ပုံတင်မထားသည့်)အစိုးရဌာနများ၊ အသင်းအဖွဲ့များလူပုဂ္ဂိုလ် များအတွက်လည်း ယခင်ထုတ်ပေးထားသည် ပသက အမှတ်အား အဆင့်လိုက် ပြောင်းလဲေ ဆာင်ရွက်ရမှာဖြစ်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းအစီအစဉ်ကို ကုန်သွယ်/ဦးစီးဘက်က ပသက အမှတ်များ အားလုံး ပြောင်းလဲပြင်ဆင်ပြီးချိန်မှာ အကောက်ခွန်ဦးစီးဌာန (MACCS) စနစ်၏ IE Code များကိုပါဆက်လက်ေြ ပာင်းလဲနိုင်ရေး ကိုအဆင့်လိုက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကုန်သွယ်မှုလုပ်ငန်းစဉ်မှာပါဝင်ကြတဲ့ဌာနများအနေနဲ့ ၎င်းတို့ရဲ့ဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းစနစ်ပြောင်းလဲဆောင်ရွက်ပြီး စနစ်တစ်ခုနှင့်တစ်ခု ချိတ်ဆက်ြ ခင်း System /Data Integration ဆောင်ရွက်နိုင်ခဲ့ကြပြီး National Single Window ပြတင်းတစ်ပေါက်စနစ်ကို ဦးတည် ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့၏ကုမ္ပဏီ မှတ်ပုံတင် အမှတ်၊ ပသက မှတ်ပုံတင်အမှတ်များအား သတ် မှတ်ချိန် အတွင်း အပြီးပြောင်းလဲနိုင်ရေး ကြိုတင်ဆောင်ရွက်သွားကြရန်နှင့် ပသက မှတ်ပုံတင်တွင်ပါဝင်သည့် ကျန်ကုမ္ပဏီ အချက်အလက်များအား ကန့်သတ်ထားခြင်း မရှိ သည့်အတွက် မည်သည့် အချိန်မဆို ကုန်သွယ်ရေးဦးစီးဌာနသို့လာရောက် ပြင်ဆင်ပြောင်းလဲနိုင်ပါ ကြောင်းနဲ့ MyCo မှ ကုမ္ပဏီအချက်အလက်များအား အီလက်ထရော နစ်ဒေတာနှင့် ချိတ်ဆက်ရယူနိုင်ပါက ကုန်သွယ်ရေး ၏ ပသကနှင့် ဆက်စပ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များအားလုံးအား အွန်လိုင်း ပေါ်မှ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

 

မျိူးကေဝင်း