Main menu

Background

ဥရောပသို့ ရေထွက်ကုန်တင်ပို့ခွင့် ရလာသည့် စက်ရုံ ၂၅ ရုံအထိ ရှိလာ

Thu, 09/12/2019 - 15:11 -- journal_editor

     ဥရောပနိုင်ငံများသို့ အရည်အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ရေထွက်ကုန်ပစ္စည်း တင်ပို့ခွင့်ရလာသည့် စက်ရုံ ပေါင်း ၂၅ ရုံအထိ ရှိလာပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ “တင်ပို့ခွင့်ရရှိပြီး ခြောက်လေ ကျာ်ကြာတဲ့အထိ တင်ပို့ ရေးအပိုင်းတွေမလုပ်ရင် ထုတ်ပယ်ခံရမှာ ဖြစ်တယ်။ ဇွန်လ အထဲထိ တင်ပို့ခွင့်ရတဲ့ စက်ရုံ ၂၃ ရုံပဲ ရှိတာ။ အခု ရန်ကုန်နဲ့ ရခိုင်ပြည်နယ်သံတွဲမှာရှိတဲ့ စက်ရုံနှစ်ရုံထပ်တိုးလာတာ ဖြစ် တယ်” ဟု စက်တင် ဘာ ၃ ရက်တွင် ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန်အရည်အသွေးစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

      အဆိုပါ ဥရောပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရန် ဈေးကွက်ရှိနေသော်လည်း အရည်အသွေးနှင့် ကိုက်ညီအောင် ထုတ်လုပ်သည့် စက်ရုံနည်းပါးခြင်း၊ လိုအပ် ချက်နှင့်အမီ ထုတ်လုပ်နိုင်မှု အားနည်းနေသည့် အခက်အခဲ များ ရှိနေကြောင်း သိရသည်။ “သူတို့လိုချင်တာ တီလားဗီးယား၊ ဘနားမီးတို့ ဆိုပေမယ့် ဒီက မတင်ပို့နိုင်သေးဘူး။ သူတို့ လိုချင်တဲ့ ကုန်စည်ဆိုရင် ရအောင်မွေးမြူထုတ်လုပ်ပေးနိုင်မှ လုပ်ငန်းတွေ တိုးတက်လာ မှာပါ။ လိုအပ်ချက်နဲ့ လျော်ညီတဲ့ ရေထွက်ကုန်အများကြီး မပို့နိုင်သေးဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

     လက်ရှိတွင် EU နိုင်ငံများကို မွေးမြူရေး ငါး/ ပုစွန်များ တင်ပို့ခွင့်ရရှိနေသော်လည်း မြန်မာနိုင်ငံတွင်ရှိသည့် ငါး၊ ပုစွန် မွေးမြူသူများအနေဖြင့် ဥရောပသမဂ္ဂနိုင်ငံများမှ သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး၊  ၎င်းတို့ လိုလားသည့် မွေးမြူရေးထွက်ကုန် ဖြစ်စေရေးနှင့် ရေထွက် ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လည်း အရေးကြီးသည့်အတွက် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်စနစ် ကို အကောင်အထည်ဖော်နေကြောင်း သိရသည်။

   ယခု ဘဏ္ဍာနှစ်အတွင်း EU နိုင်ငံများသို့ မြန်မာ့ရေထွက် ပို့ကုန် တန်ချိန် ၁၀၀၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်သာရရှိထားကြောင်း သိရသည်။ မြန်မာ့ ရေထွက်ကုန်များကို ၂၀၁၈ ခုနှစ်မှစ၍ စတင် တင်ပို့ခဲ့ခြင်းဖြစ် ပြီး တရုတ်၊ ထိုင်း၊ ဆော်ဒီ၊ ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံ ပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိကာ ပြည်ပ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန် စသည့် ငါးအမျိုးအစားပေါင်း ၂၀ ကျော်ကို တင်ပို့လျက်ရှိ ကြောင်း သိရသည်။     

 

ပန်းဆု