Main menu

Background

နယ်စပ်ဖြတ်ကျော် မြန်မာ့ဆန်၏ အလားအလာ

Fri, 11/15/2019 - 15:06 -- journal_editor

              ဆန်ကိုပင်လယ်ရေကြောင်းအပြင် နယ်စပ် ဒေသများမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချ လျက်ရှိရာ    မြန်မာနိုင်ငံရဲ့  နယ်စပ်ကုန်သွယ်မှု ပမာဏ  စုစုပေါင်းရဲ့၈၀ရာခိုင်နှုန်းခန့် ဆောင်ရွက် နေတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်း ရွှေဟော်၊ လွယ်ဂျယ်ဘက်ကနေ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ  တရုတ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်   ဆန်တင်ပို့နိုင်မှု   အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂၈၂၉၂၅ ဒသမ ၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၃၆ သန်းဖြင့် စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ မီနီဘတ်ဂျက်ကာလတွင် တန်ချိန် ၅၃၃၁၅၄ ဒသမ ၆၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၈၆၅သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၇၇၁၂၄ ဒသမ ၆၈၅ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၄၃ ဒသမ ၄၀၉သန်း တင်ပို့နိုင်ခဲ့ တာ တွေ့ရပါတယ်။ ယခုအခါ တရုတ်ဘက်က မူဝါဒပြောင်းလဲမှု အနေနှင့် နယ်စပ်ဘက်ကနေ ၎င်းတို့ထံတင်သွင်း သည့် မြန်မာဘက်မှ ဆန်၊ ပြောင်း၊ ရော် ဘာ စသည့် လယ်ယာထွက်ကုန်တွေအပေါ် တင်းကျပ်တဲ့အခွန် အကောက်တွေ ချမှတ်ပြီး  စည်းကြပ်လာခဲ့တဲ့ အတွက် ဆန်အပါအဝင် ပြောင်း၊ ရော်ဘာတို့ပါ တင်ပို့မှုကျဆင်းခဲ့သဖြင့် လုပ်ငန်းဆောင်ရွက်မှုကို ကာလတူနှိုင်းယှဉ်မယ်ဆိုရင်  ၂၀၁၈ ခုနှစ်၊ အောက် တိုဘာလမှာ ဆန်တန်ချိန် ၄၃၂၈၆တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁၂၈ သန်း တင်ပို့ နိုင်ခဲ့ပြီး ကာလတူဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလမှာတော့ ဆန်တန်ချိန် ၃၄၃၁၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅၃ သန်းသာ တင် ပို့နိုင်ခဲ့တာကြောင့်ဆန်တန်ချိန်၁ သောင်းနီးပါး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၇၅ သန်း လျော့ နည်းခဲ့တာ တွေ့ရပါတယ်။

       ဆန်တင်ပို့မှု လျော့နည်းရသည့် အကြောင်းကတော့ မိမိဘက်က ဆန်၊ ပြောင်း၊ ရော်ဘာတွေကို တရားဝင် တင်ပို့တယ် ဆိုပေမယ့် တစ်ဖက်နိုင်ငံမှ တရားဝင် ဝင်/ထွက်ပေါက်က သွားတာရှိသလို အချို့ကို နယ်စပ်က အဆင်ပြေတဲ့ ဝင်/ထွက် ပေါက် ကသွားနေတာဖြစ်တဲ့အတွက်  ယခင်နှစ်ကစပြီး တရုတ်ဘက်က ပြောင်းလဲလာတဲ့မူနှင့် တရားမဝင် ဝင်/ထွက်ပေါက်တွေကို တင်းကြပ်တဲ့ စည်းကမ်း ချက်တွေနဲ့ တားဆီးမှုတွေ ပြုလုပ်လာတာကြောင့် ဆန်တင်ပို့မှုတွေ ကျဆင်းခဲ့ရတာဖြစ် ကြောင်းတွေ့ ရပါတယ်။ ဒါပေမဲ့ ယခုလို ဆန်အသစ်ပေါ်ချိန်မှာတော့  မူဆယ်ဘက်မှတစ်ဆင့် ဆန်တင်ပို့မှုဟာ တရားဝင် ဝင်/ထွက် ပေါက်ကနေပဲ ပုံမှန်လေးသွား နေတာတွေ့ရပြီး ရှေ့သို့လည်း တိုးတက်တင်ပို့ လာမယ့်  အလားအလာကောင်းတွေ  ရှိနေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက  ဆန်တင်သွင်းမှုကို ကန့် သတ်ထားပေမယ့်လည်း နိုင်ငံရဲ့ဆန်ဝယ်လိုအား ကတော့ တစ်ရက်ကို   ဆန်တန်ချိန် ၆၀ဝ၀ ခန့် လိုအပ်လျက်ရှိကြောင်းလည်း သိရပါတယ်။ မြန်မာ ဘက်က တင်ပို့မှု အများဆုံးဖြစ်တဲ့ ဧည့်မထဆန် တွေဟာ ပဲခူးတိုင်းဒေသကြီး အရှေ့၊ အနောက်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့မှထွက်ရှိပြီး တရုတ်ပြည်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပြင် ချင်းရွှေဟော်၊ လွယ် ဂျယ် ကုန်သွယ်ရေးစခန်းတို့မှလည်း နေ့စဉ်တင်ပို့လျက် ရှိပါတယ်။ မိမိနိုင်ငံဘက်ကလည်း ငစိန်ဆန်၊ ဧည့်မထ ဆန် စတဲ့ဆန်ကြမ်းတွေသာမကဘဲ အရည်အသွေး မြင့်တဲ့ ဆန်ချောတွေကို ထုတ်လုပ်တင်ပို့ နိုင်ဖို့နှင့် တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိတဲ့ ဆန်စပါးမျိုး တွေကို ရွေးချယ်စိုက်ပျိုးတာ၊ မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးတာတွေ ဆောင်ရွက်ရန်လိုအပ်ပြီး ခေတ်မီစက်ကိရိယာများနှင့် စနစ်တကျ ရိတ်သိမ်း၊ ြွေခလှေ့၊ ကြိတ်ခွဲ၊ ထုပ်ပိုး သိုလှောင်ခြင်းများဆောင် ရွက်ဖို့လည်း လိုအပ်ပါတယ်။

       ဆန်စပါးတင်ပို့မှုနှင့်ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများကလည်း ဈေးကွက်တစ်ခုတည်း ကို အားထားနေရတာမျိုး မဟုတ်ဘဲ နိုင်ငံတကာ ဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် တရုတ်၊ ဖိလစ်ပိုင်၊ အီးယူ၊ အာဖရိကနိုင်ငံများသို့ ဈေးကွက် ရှာဖွေရေးများသွားရောက်ရန် ဆန်စပါးအသင်း ချုပ်နှင့် သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက် ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်နိုင်ငံသို့ တရားဝင် ဆန်ကွဲတင်ပို့ခွင့် စာချုပ် ချုပ်ဆိုနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တရုတ် နိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့ရရှိထားတဲ့ ဆန်ဈေးကွက် ရေရှည်တည်တံ့ တိုးတက်စေ ရေးနှင့် ရေရှည် အကျို းစီးပွားဖြစ်ထွန်းရေး၊ ကုန်သွယ်မှုလုပ်ငန်း များ အဆင်ပြေချောမွေ့စေရေးတို့အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုညှိနှိုင်းအစည်းအဝေးများ  ဆက် လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းစိုက် ပျိုးထုတ်လုပ်သူများနစ်နာမှု မရှိစေရေး၊ ပြည်ပတိုး မြှင့်တင်ပို့နိုင်ရေး၊ ပြည်တွင်း ဈေးတည်ငြိမ်ရေးနှင့် နိုင်ငံတကာဈေးကွက်သို့   ထိုးဖောက်တင်ပို့နိုင်ရေး တို့အတွက် သက်ဆိုင်ရာဌာနများ၊ ကုန်သည်လုပ် ငန်းရှင်များနှင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူကြီး များ စဉ်ဆက်မပြတ် ထိတွေ့ကာ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

 

အေးခိုင် (မူဆယ်)