Main menu

Background

ကျွန်းသစ်ခွဲသားများ တာချီလိတ်နယ်စပ်မှ စတင် တင်ပို့ပြီ

Thu, 11/28/2019 - 14:42 -- journal_editor

        တာချီလိတ်မြို့သည် မြန်မာနိုင်ငံ  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တည်ရှိ ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် နိုင်ငံများအနက်မှ  တစ်ဖက် ထိုင်းနိုင်ငံ  မယ်ဆိုင်မြို့ကို မယ်ဆိုင်ချောင်းအား ဖြတ်၍ အမှတ် (၁) ချစ်ကြည်ရေးတံတား မှ လူဝင်/ထွက်များ စိစစ်ခွင့်ပြုပေးနေ သလို အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပို့ကုန်သွင်းကုန် ပစ္စည်းတင်ယာဉ်များ ဝင်/ထွက်ကုန်သွယ်မှုပြုလျက်ရှိသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ် မှုတွင် တာချီလိတ်နယ်စပ်ကုန်သွယ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပို့ကုန် ၂၀ ဒသမ ၁၀၉ ဒေါ်လာ သန်းနှင့်  သွင်းကုန် ၆၉ ဒသမ ၂၇၅ ဒေါ်လာ သန်းဖြစ်သဖြင့် စုစုပေါင်းကုန် သွယ်မှုပမာဏအနေဖြင့် ၈၉ ဒသမ ၄၀၄ ဒေါ်လာသန်း   ဆောင်ရွက်နိုင်ခဲ့ သည်။ သွင်းကုန်ပိုင်းတွင် ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စက်သုံး ဆီနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်း လျက်ရှိပြီး ပို့ကုန်ပိုင်းတွင် ဆန်၊ ပြောင်း၊ ရော်ဘာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် မက်ဂနီး(စ်)ဒိုင် အောက်ဆိုဒ်တို့ တင်ပို့ လျက်ရှိသည်။

    သစ်တောထွက် ပစ္စည်းအနေဖြင့် ကျွန်းသစ်ခွဲသားများအား  တာချီလိတ် မြို့ တင်မြင့်ရီကုမ္ပဏီလီမိတက်မှ ပြည်ပ ရောင်းတန်းဝင် ကျွန်းသစ်ခွဲသားများ ထုတ်လုပ်နေသော်လည်း    တစ်ဖက် ထိုင်းနိုင်ငံသို့ တင်ပို့ရန် တာချီလိတ်မှ ရန်ကုန်သို့ မော်တော် ယာဉ်ဖြင့်  သယ် ဆောင်ပြီး ရန်ကုန်ရှိ Asia World  နှင့် MIP ဆိပ်ကမ်းများမှတစ်ဆင့် ပင်လယ် ရေကြောင်းမှ  သင်္ဘောဖြင့် တင်ပို့နေရ သဖြင့် ကုန်တင်/ချနှင့် ခရီးစရိတ်အလွန် များခဲ့ကြောင်းလည်း သိရှိရသည်။ ယခုအခါ  တင်မြင့်ရီကုမ္ပဏီမှ တင်ပြချက်များအရ မြန်မာ့သစ်လုပ် ငန်းမှ စာချုပ်ချုပ်ဆို ဝယ်ယူထားသည့် ကျွန်းသစ်လုံးတန် ၂၈၀ဝ ကျော်မှ ခွဲ စိတ်ထွက်ရှိလာသော  ပြည်ပရောင်း တန်းဝင် ကျွန်းခွဲသားတန် ၁၁၁၂ ဒသမ ၉၆၅၇ ကျော်အား     တာချီလိတ်မြို့ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည် ရေးတံ တားဂိတ်မှ နယ်စပ်ဖြတ်ကျော်၍ ထိုင်း နိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် ဗန်ကောက် မြို့သို့တင်ပို့ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး   ဝန်ကြီး ဌာန၏ သဘောတူခွင့်ပြုချက်ဖြင့် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ဖွဲ့စည်းပေးသော နယ် စပ်ဖြတ်ကျော်တင်ပို့မှု    စစ်ဆေးရေး အဖွဲ့ဖြင့် စနစ်တကျ အကြိမ်ကြိမ်စစ် ဆေးပြီး ပထမအကြိမ်အနေဖြင့် တင်ပို့ မည့်    ကျွန်းသစ်ခွဲသား   ၁၉၈ ဒသမ ၉၈၃၆ ကုဗတန်မှ ၉၉ ဒသမ ၇၈၃ ကုဗ တန်အား  နိုဝင်ဘာ ၂၁  ရက်တွင် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးက လာရောက်စစ်ဆေးကြည့်ရှု ပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားမှ မော်တော်ယာဉ် ရှစ်စီးဖြင့် စနစ်တကျ တင်ပို့နိုင်ခဲ့သည်။

        တာချီလိတ် ကုန်သွယ်ရေးစခန်း အနေဖြင့်လည်း ယခင်က ကျွန်းသစ် တင်ပို့မှုကို နယ်စခန်းမှ လိုင်စင်ထုတ် ပေးခြင်းမရှိဘဲ  ရုံးချုပ်ပို့ကုန်လိုင်စင် ထုတ်ပေးနေမှုအခြေအနေမှ    ကြိုတင် တင်ပြခွင့်ပြုချက်  တောင်းခံပြီး  တာချီ လိတ်စခန်းလိုင်စင်ကို  အချိန်နှင့်တစ် ပြေးညီထုတ်ပေးခဲ့သည်။ ပြည်သူ့အစိုးရ ကာလလုပ်ငန်းရှင်များ ကြုံတွေ့ရသည့် အခက်အခဲများ၊ နှောင့်နှေးကြန့်ကြာမှု များကို သဘာဝကျကျ လေ့လာသုံးသပ် ပြင်ဆင်ခွင့်ပြုခဲ့သဖြင့်  ကုန်ကျစရိတ် များ လျှော့ချ နိုင်ခြင်း၊ ဒေသနေပြည်သူ များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ ပို့ကုန်တန်ဖိုးများ မြင့်မားတိုး တက်ရရှိခြင်း စသည့်  အကျိုးရလဒ်များ လက်တွေ့ စတင်ခံစားနိုင်ပြီဖြစ်သည်။

 

မင်းလွင် (မယ်ယန်း)