Main menu

Background

ကုန်သွယ်ရေးဦးစီးဌာန၏ Tradenet 2.0 စနစ်ဖြင့် ကုမ္ပဏီပေါင်း ၃၅၀ဝ နီးပါး အသုံးပြုနေပြီဖြစ်

Tue, 02/02/2021 - 15:07 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များ၊ လိုင်စင်၊ ပါမစ်များ အားလုံး ကို လျှောက် ထား ဆောင်ရွက်နိုင်သည့်Tradenet 2.0 စနစ်ဖြင့် ပြောင်းလဲအသုံး နိုင်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင်အသင်းဝင်ကုမ္ပဏီပေါင်း ၃၅၀ဝ နီးပါး အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပို့ကုန်၊ သွင်းကုန်ကတ် ၁၈၀ဝ ကို ထုတ်ပေးထားပြီး အာဆီယံနိုင်ငံအချင်းချင်း အသုံးပြုသည့် Form D ကို ဇန်နဝါရီ ၁ ရက်မှစ၍ စာရွက်စာတမ်းနှင့်ပေး၍  မရတော့ဘဲ အားလုံးကိုအွန်လိုင်းမှ ပေးရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းမင်းက ဇန်နဝါရီ ၁၉ ရက်တွင် Virtual Online စနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။“ Myanmar trade 2.0 က  paper less trade ကို အထောက် အကူပြုပါတယ်။ Government Agency တွေ ကြားထဲမှာ ပိုမို ပြီးတော့ လုံခြုံစိတ်ချရတဲ့ အချက်အလက်တွေ  သယ်နိုင်တယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက အရင်တုန်းကဆို လိုင်စင်လျှောက်တဲ့ အလေ့အကျင့်ဆိုတာကို   လေ့ကျင့်ရပြီးတော့  စာရွက်စာတမ်း အချက်အလက် တွေကို ပေါက်ကြားတာတွေရှိတယ်။ ပေါက်ကြားဖို့ အတွက် လုံးဝ မရှိနိုင်တော့ဘူး။ ကုန်သွယ်လုပ်ငန်းနဲ့ အစိုးရကြား မှာလည်း ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိတယ်"ဟု ၎င်းက ပြောဆို သည်။
Tradenet 2.0 စနစ်တွင် ကုန်သွယ်ရေးဦးစီးဌာနများ ဝန်ဆောင်မှုအားလုံးကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင် ခြင်း၊ လုပ်ငန်းအားလုံးကို Paperless စနစ်နှင့် Digital Format သို့ ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ ကုန်သွယ်မှု ဆက်စပ်ဌာန၊အဖွဲ့အစည်း ငါးခုနှင့် Real Time API စနစ်ချိတ်ဆက်နိုင်ခဲ့ပြီး ဌာန၊အဖွဲ့အစည်း ၅၀ ကျော်နှင့် ကုမ္ပဏီသုံးသောင်းကျော်မှ စနစ်အတွင်း ချိတ်ဆက် အသုံးပြုနိုင်ကြောင်း သိရသည်။ အင်တာနက်ရရှိသည့် မည်သည့်နေရာ မှမဆို  ၂၄/၇ အလွယ်တကူ လျှောက်ထားထုတ်ယူနိုင်ပြီး ID/QR Scan ပြုလုပ် ခြင်းဖြင့် အချက်အလက်များကို အလွယ်တကူစစ်ဆေးနိုင်ကြောင်း သိရသည်။ “Tradenet member အားလုံးက ဝန်ဆောင်မှုအားလုံးကို ဒီစနစ်ကနေ  အသုံးပြုရမှာဖြစ်တဲ့အတွက်  ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာအချက်အလက်တွေအားလုံးကို မှတ်ပုံတင်ပါ။ အဓိကကတော့ ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်ပါ။ ပြည်ပကို တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းတွေ၊  လိုအပ်တဲ့ပါမစ်တွေ အားလုံးကို လာရောက်လျှောက်ထားမှုပြုရမှာဖြစ်ပါတယ်။ နောက်တစ်ခုက လိုင်စင်လျှောက်ထားဖို့အတွက် လိုအပ်တဲ့ အစိုးရဌာန တွေရှိတယ်။ ဥပမာ-အစားအသောက်နဲ့ဆေးဝါးဆိုရင်  FDA ထောက်ခံချက်လိုတယ်။ အဲဒီလိုဆက်စပ် ပြီးတော့ လိုအပ်တဲ့အဖွဲ့ အစည်း ၅၀ ကျော်ကို ဌာနတစ်ခုရဲ့ စနစ်တစ်ခုမှာ မဟုတ်ဘဲနဲ့ အပြန်အလှန် ဌာနအချင်းချင်း  ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ် တယ်"ဟု ကုန်သွယ်ရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်းက ပြောကြားသည်။
လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အစရှိသည် အစိုးရ ဌာန၊ အဖွဲ့အစည်း ၅၀ ကျော်ကို Tradenet မှ ထောက်ခံချက် ထုတ်ပေးထားကြောင်း သိရသည်။ Tradenet 2.0 စနစ်တွင် Tradenet Member ၊ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်နှင့်ဆက်စပ်ကတ်များ၊ ပို့ကုန် သွင်း ကုန် လိုင်စင်/ပါမစ်၊ လိုင်စင်/ပါမစ်အတွက် လိုအပ်သည့် ထောက်ခံချက်ပေးသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ စနစ်အတွင်း ဝင်ရောက်အသုံးပြုနိုင်ခြင်း၊ ကုန်သွယ်မှုဆက်စပ်ဌာန များနှင့် အီလက်ထရွန်နစ်ဒေတာ အပြန်အလှန် ချိတ်ဆက်ပေးနိုင် ခြင်း၊ ပင်ရင်းနိုင်ငံ  သက်သေခံလက်မှတ် (CO)Form စသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ကုန်သွယ်မှုဆက်စပ်ဌာနများဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊    အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ  အထည်ချုပ်လုပ်ငန်းရှင်များအကြား စနစ်ချင်း ချိတ် ဆက်၍ ကုမ္ပဏီအချက်အလက်နှင့် လိုင်စင်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရယူဆောင်ရွက်နိုင်ခဲ့ပြီး  ကျန်ကုန်သွယ်မှု ဆက် စပ်ဌာနများဖြစ်သော Other Government Agency (OGA) ဌာန/အသင်း အဖွဲ့စုစုပေါင်း ၅၄ ခုလည်းစနစ်အတွင်းသို့ဝင်ရောက် ၍ ပို့ကုန်သွင်းကုန်ထောက်ခံချက်ပေးသည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးကို အထောက်အကူပြုဖြစ်မည့်အပြင် ကုန်ထုတ်လုပ်သူများ နှင့် တောင်သူလယ်သမားများအနေဖြင့်လည်း ၎င်းတို့၏ကုန်ပစ္စည်းများအား ပြည်ပကိုတင်ပို့သည့်အခါ ဈေးကောင်းရရှိနိုင်ပြီး ပြည်ပမှ တင်သွင်းသည့်သွင်းကုန်များကို စားသုံးသူများမှ ဈေး သက်သက်သာသာနှင့်ရရှိနိုင်ရေးကိုလည်း အထောက်အကူပြုနိုင် မည်ဖြစ်ပါသည်။ ထို့ပြင် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများအား ရုံးဌာနသို့   လာရောက်ရန်  မလိုအပ်ဘဲ အွန်းလိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်မှုသည် COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့် အချိန်ကာလတွင်  အရေးပါလှသည်။ ရုံးတွင် လူအများ စုဝေးခြင်းများကို လျော့နည်းစေပြီး အစိုးရ၏ ဃဥဠှီု-၁၉ စီးပွား ရေးကုစားမှုအစီအစဉ်နှင့်    မြန်မာနိုင်ငံ၏   စီးပွားရေးပြန်လည် ထူထောင်ရေးနှင့်ပြုပြင်ပြောင်းလဲရေး စီမံချက်ကိုလည်း ကူညီ ပံ့ပိုးရာရောက်စေသည့် စနစ်တစ်ခုဖြစ်သည်။

 

ပန်းဆု