Main menu

Background

ဖောင်းပြင်က ဖျာကြမ်းရက်လုပ်ငန်း

Mon, 02/24/2014 - 12:30 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး၊ မော် လိုက်ခရိုင်ဖောင်းပြင်မြို့နယ်ကျေးလက် ဒေသ အသေးစားကုန်ထုတ်လုပ်ငန်း ဖြစ်တဲ့ဖျာကြမ်းရက်လုပ်ငန်းရှိရာ ဖောင်း ပြင်မြို့နယ်ပင်သာကျေးရွာအုပ်စုပင်သာ ကျေးရွာကို တိုင်းဒေသကြီး ရန်ပုံငွေ အစီအစဉ်အရ မြို့နယ်ကျေးလက် ဒေသ အသေးစားကုန်ထုတ်လုပ်ငန်း ကော်မတီမှ ဖျာရက်လုပ်တဲ့သူ တစ်ဦး ကို ငါးသောင်းကျပ်နှုန်းနဲ့ စုစုပေါင်း လေးဆယ်ဦးကို ငွေကျပ် သိန်းနှစ်ဆယ် ထုတ်ပေးပြီး၊ လုပ်ငန်းပိုမိုဖြစ်ထွန်း ရေးပံ့ပိုးချေးပေးထားကြောင်း သိရပါ တယ်။

မိသားစုလုပ်ငန်းဖြစ်ပြီး၊ ဖျာကြမ်း တစ်ချပ် (၄ တောင် x ၅ တောင်)ရဖို့ ၁၂ တောင်ရှိတဲ့ တင်းဝါးနှစ်လုံးသုံးပြီး လူတစ်ယောက်တစ်ရက်ဖျာနှစ်ချပ် ရက် ပြီးကြောင်း၊ ဖျာရက်ဖို့ဝါးကို အချို့က တောထဲဝင် ကိုယ်တိုင်ခုတ်ပြီး၊ အချို့ ကတော့ဝါးတစ်လုံးငါးရာနဲ့ဝယ်ပြီးလည်း ရက်ကြကြောင်း၊ ဖျာကြမ်းတစ်ချပ်ကို အရင်း ၁၀၀၀ ကျပ် (ရက်ခမပါ) ကျ သင့်ပြီး၊ ဖောက်သည်သွင်းရင် အူဖျာ ၁၅၀၀ ကျပ်နဲ့ အကြောဖျာ၂၀၀၀ ကျပ် ရကြောင်းနဲ့ ဆိုင်မှာ ပြန်ရောင်းတဲ့အခါ အူဖျာတစ်ချပ် ၂၅၀၀ ကျပ်နဲ့ အကြော ဖျာ တစ်ချပ် ၃၀၀၀ ကျပ် ရောင်းချကြ ကြောင်း၊ဒေသအတွင်းသာမကအထက် ဟုမ္မလင်း၊ ခန္တီးနဲ့ မုံရွာမြို့တို့ကို တင်ပို့ ရောင်းချကြကြောင်း သိရပါတယ်။
ဒါကြောင့်ကိုယ်တိုင်ဖျာ ရက်လုပ် သူတွေအနေနဲ့ ဝါးဝယ်ရက်ပြီး ရောင်း ရင် ဖျာတစ်ချပ်အမြတ် ၅၀၀ ကျပ်ခန့် သာရရှိပြီး၊တစ်ဆင့်ပြန်လည်ရောင်းချသူ တွေကတော့ ဖျာတစ်ချပ်ကို ၁၀၀၀ ကျပ်ခန့် ပုံမှန်မြတ်စွန်းနေကြောင်း၊ ဒါကြောင့် လက်တွေ့ဖျာရက် လုပ်သူ တွေ အမြတ်အစွန်းပိုမိုရရှိနိုင်ဖို့ ဖျာရက် ထုတ်လုပ်သူများ စုပေါင်း အသင်း အဖွဲ့များ ဖွဲ့ပြီး၊ ကိုယ်တိုင်ထုတ်လုပ် ရောင်းချနိုင်ဖို့ ကြိုးစားကြဖို့လိုကြောင်း သိရပါတယ်။
သက်နိုင် - ဟုမ္မလင်း