Main menu

Background

ကယားရိုးရာ ပလိုင်း လူသုံးများလျက်ရှိ

Thu, 10/13/2022 - 14:23 -- journal_editor

ကယားပြည်နယ်တွင် စိတ်ဝင်စားစရာ  သဘာဝအလှတရားများ၊ ရိုးရာ  အစားအစာ၊ ရိုးရာအထည် လုပ်ငန်းများအပြင် ဒေသထွက်ကုန်ပစ္စည်းများ  ပေါကြွယ်ဝသည့်ဒေသတစ်ခုဖြစ်သည်။ ဒေသထွက်ကုန်ပစ္စည်း များမှလက်မှုပညာဖြစ် သည့် ကယားပလိုင်း၊ ကယားနောက်လွယ်ပစ္စည်း များ စသည့် ဒေသခံတိုင်းရင်းသားများ အများဆုံးအသုံးပြုကြပြီး ဒေသထွက် ကုန်များကို လက်ဆောင်ပစ္စည်းပေးရာ တွင်လည်း အသုံးပြုကြသည်။ ကယားပလိုင်း၊  ကယားနောက် လွယ်များကို နှီးဝါးဖြင့် ရက်လုပ်ကာ သစ်စေးကိုအသုံးပြုရက်လုပ်ကြသည်။ နောက်လွယ်ကို အဖုံးမပါ၊  အဖုံးပါနှစ်မျိုးရက်လုပ်ပြီး အဖုံးကိုသစ်သားဖြင့် အသုံးပြုထားကြောင်း၊ လွယ်ကြိုးကို ယခင်က နှီးကိုအသုံးပြုကြပြီးယခုအခါ ပလတ် စတစ် ကြိုးကိုအသုံးပြုကြ ကြောင်း၊ ပလိုင်းရက်လုပ်ပါက နှီးဝါး တစ်လုံးလျှင် ပလိုင်းသုံးလုံးခန့်၊ နောက် လွယ်ရက်လုပ်ပါက ငါးလုံးခန့်ရကြောင်း၊ အဆိုပါပလိုင်းများကို ဒေသခံတိုင်းရင်းသားများကသယ်ယူရာတွင် နေရာအစုံအသုံးပြုကြသည်။ ကယားပလိုင်း နောက်လွယ်များကိုလွိုင်ကော်မြို့ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်တွင် ရောင်းချကြပြီး ဈေးကွက်အတွင်းတွင် နောက်လွယ်အဖုံးမပါပလိုင်းအကြီး တစ်လုံးလျှင် ကျပ် ၅၅၀ဝ၊  အဖုံးပါပလိုင်းအကြီးတစ်လုံလျှင် ကျပ် ၆၅၀ဝနှင့် အဖုံးပါ ပလိုင်းအသေးတစ်လုံးလျှင် ကျပ် ၅၅၀ဝ ဖြင့်  ရောင်းဝယ်လျက်ရှိ ကြောင်း၊ ယခုအခါ ဒေသထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ပလိုင်းကိုဒေသခံတိုင်းရင်းသားများ ပိုမိုအသုံး ပြုလာကြောင်းသိရသည်။                       
ခင်မြို့ရီ(စားသုံးသူ/ကယား)