Main menu

Background

နွယ်ငြိမ်းကျေးရွာ၏ စဉ့်အိုးလုပ်ငန်း

Thu, 10/27/2022 - 10:59 -- journal_editor

စီးပွားရေးနှင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများကုန်ဈေးနှုန်းနှင့်ကုန်စည်စီးဆင်းမှုသတင်းများအပြင်(One Village One  Product)ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးလုပ်ငန်းများအကြောင်းကိုသတင်းဆောင်းပါးများရေးသားတင်ပြလျက်ရှိသည်။(OneVillage OneProduct)ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးဆိုသည်မှာ ပြည်တွင်း၊ပြည်ပဈေးကွက်ရရှိ ရန် ရည်ရွယ် ၍ဒေသကျေးရွာအလိုက်ထုတ်ကုန်တစ်မျိုးကိုအထူးပြုပြီးဒေသ Brand Name ဖြင့်ထုတ်လုပ်ခြင်းဖြစ်သည်။ကုန်ထုတ်လုပ်မှုများသာမကဝန်ဆောင်မှု၊ဖျော်ဖြေမှုဆန်သောယဉ်ကျေးမှုပွဲတော်၊တေးသီချင်း၊ခရီးသွားလုပ်ငန်း များ လည်း OVOP အသွင်ဖြင့်ဆောင်ရွက်နိုင်သည်။OVOPဆောင်ရွက်ခြင်းကြောင့်အကျိုးကျေးဇူးများမှာတစ်နေရာတည်းမှာစုစည်းနေသဖြင့်ပစ္စည်းရှိရာဝယ်သူလာ၍ ဈေးကွက်သို့သွားရောက်ရောင်းချရသည့် အချိန်နှင့်ငွေသက်သာ ခြင်း၊ကုန်ကြမ်းစုပေါင်းဝယ်ယူခြင်းဖြင့်ဈေးသက်သာခြင်း၊သတင်းအချက်များဖလှယ်နိုင်၍ဈေးကွက်နှင့်ချိန်ညှိထုတ်လုပ်နိုင်ခြင်း၊အစုအဖွဲ့အလိုက်ချေးငွေ၊နည်းပညာ၊စက်ကိရိယာအတူတကွသုံးစွဲနိုင်ခြင်းတို့ဖြစ်သည်။စစ်ကိုင်းတိုင်း ဒေသကြီး၊ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့နွယ်ငြိမ်းကျေးရွာတွင်စဥ့်အိုးလုပ်ငန်းကို(OneVillageOneProduct)အဖြစ်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပြုလုပ်ရောင်းချခဲ့ကြောင်းသိရှိရသည်။ကျောက်မြောင်းမြို့သည်ရွှေဘိုမြို၏ အရှေ့ဘက်၁၇မိုင်အကွာတွင်တည်ရှိပြီးဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိသောမြိုတစ်မြို့ဖြစ်သောကြောင့်ကုန်းလမ်း၊ရေလမ်းနှစ်မျိုးစလုံးဖြင့်ကုန်သွယ်ကူးသန်းခြင်းလုပ်ငန်းများဆောင်ရွက်နိုင်သောအားသာချက်လည်းရှိသည်။ကျောက်မြောင်မြို့တွင်ရပ်ကွက်လေးခုနှင့် ကျေးရွာအုပ်စု၁၀ခုရှိပါသည်။နွယ်ငြိမ်းကျေးရွာတွင်လူသုံးကုန်ပစ္စည်း၊အလှဆင်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းဟူ၍ စဥ့်အိုးအမျိုးအစား သုံးမျိုးပြုလုပ်ရောင်း ချကြ ကြောင်းသိရှိသည်။စဥ့်အိုး ပြုလုပ်ရာတွင်ကုန်ကြမ်းအဖြစ်မြေနီ၊ ညောင်နီမြေ၊မြေဝါ၊မြေနုနှင့်လက်ချားတို့ဖြစ်ပြီး မြေနီ၊ညောင်နီမြေနှစ်ဆကို မြေဝါ၊မြေနုသုံးဆရော၍အမှုန့်ကြိတ်ရကြောင်း၊အမှုန့်ကြိတ်၍ရသောမြေမှုန့် ကိုရေနှင့်လုံးပြီးရွှံ့စေးဖြစ် အောင်ပြုလုပ်ရ ကြောင်း၊ရသောရွှံ့စေးမြေကိုအိုးလုပ်စက်ပေါ်တင်၍မိမိပြုလုပ်လိုသည့်အိုးပုံစံရုပ်လုံးဖော်ပြီးပြုလုပ်ရကြောင်း၊ရသောအိုးပုံစံကိုနေရိပ်၌၁၀ရက်၁၅ ရက်ခန့်အခြောက်ခံရကြောင်း အခြောက်ခံ၍ရသောအိုး အခြောက်ကို နေပူတ င်ထုတ် လှန်း ရကြောင်း၊နေပြ၍အိုးပူလာလျှင်ချော်ရည်သုတ်လိမ်းရကြောင်း၊ ချော်ရည်သုတ်ပြီးသောအိုးများကိုမီးဖိုတွင်သွင်း၍နာရီ ၄၀အများဆုံးထားပြီးမီးဖုတ်ရကြောင်း၊ဖုတ်ပြီးသောအိုးများကိုဖိုထဲတွင်သုံးရက်ခန့်ထားပြီးဖိုထဲမှ အပြင်သို့ ထုတ်ပြီးပါကအိုးချောရကြောင်းသိရှိရသည်။လူသုံးကုန်ပစ္စည်းဖြစ်သည့်သောက်ရေထည့်စရာပိဿာ၁၅၀ဝင်အိုးကိုရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးသို့ လည်းကောင်း၊အလှဆင်ပန်း အိုးကို ရန်ကုန်၊ပဲခူး၊မန္တလေး၊နေ ပြည်တော်၊မြစ်ကြီးနားမြို့နှင့်ထားဝယ်မြို့စသည်ဖြင့်တစ်ပြည်လုံးအနှံ့တင်ပို့ရကြောင်း၊မီးဖိုချောင်သုံးပစ္စည်းများကိုလည်းအလှဆင်ပန်းအိုးနည်းတူ တစ်ပြည်လုံးအနှံ့သို့တင်ပို့ရကြောင်း ဧရာဝတီတိုင်းသို့အ မြဲတမ်းဆွဲ နေသောသင်္ဘောဖြင့်တင်ပို့ကြောင်းသင်္ဘောများအနေဖြင့်အဆန်ခရီးတွင်ဆားနှင့်ဆန်များတင်လာပြီးအစုန်ခရီးတွင်စဥ့်အိုးများပြန်တင်သွားကြောင်းသိရှိရသည်။ယခင်ကနွယ်ငြိမ်းကျေးရွာတွင်ပြည်တွင်းသုံးစဥ့်အိုးနှင့် Export နိုင်ငံခြား သို့တင်ပို့သည့် စဥ့် အိုးများထုတ်လုပ်ရောင်းချကြကြောင်း၊ပြည်ပသို့ Exportတင်ပို့သည့်စဥ့်အိုးများမှာအရည်အသွေးကိုသီးခြားပြုလုပ်ကြရကြောင်း၊ယခင်ကနွယ်ငြိမ်းကျေးရွာရှိA1စဥ့်အိုးလုပ်ငန်းမှအင်္ဂလန်နိုင်ငံ၊ စပိန်နိုင်ငံ အစ္စရေးနိုင်ငံ နှင်အ မေရိကန် နိုင်ငံများသို့တင်ပို့ခဲ့ကြောင်းသိရှိရသည်။ Export ဝင် စဥ့်အိုးများ၊ပန်းအိုး၊အလှဆင်အိုးများလည်းပါဝင်ကြောင်း၊ စဥ့်အိုးတင်ကွန်တိန် နာ ပေ၄၀ တစ်လုံး တွင်ပိဿာ ၁၅၀ဝင် စဥ့်အိုးအလုံး၁၀ဝတင်ပို့ ကြောင်း၊နိုင်ငံခြား သားများအိုးလုပ် ရာဒေသဖြစ်သောနွယ်ငြိမ်းကျေးရွာသို့တိုက်ရိုက်လာရောက်ဝယ်ယူကြကြောင်း၊နိုင်ငံခြားသို့တင်ပို့ရာတွင်ရန်ကုန်မြို့ရှိA1အိုးလုပ်ငန်းသို့လည်းကောင်း၊နန္ဒဝန်ကုမ္ပဏီသို့လည်းကောင်း Golden Voice ကုမ္ပဏီ သို့လည်း ကောင်း စဥ့်အိုး များကိုရေယာဉ်ဖြင့်အရောက်ပို့စနစ်ကျင့်သုံး၍ရန်ကုန်မှတစ်ဆင့်နိုင်ငံစုံ၊အေးဂျင့်လိုင်းစုံသို့တင်ပို့ကြကြောင်း၊ရောင်းဈေးမှာသယ်ခ၊တင်ခ၊ချခအားလုံးအပါဝင်တွက်ရကြောင်း Export တင်ပို့သောစဥ့်အိုးများ၏အရည်အ သွေးကိုဝယ်ယူသူအကြိုက်ဆောင်ရွက်ပေးရကြောင်း၊Exportအရည်အသွေးမီစဥ့်အိုးကိုရွှံ့စေးမြေမှစဥ့်အိုးဖြစ်သည်အထိသီးခြားဂရုစိုက်၍ပြုလုပ်ရကြောင်း၊အိုးပြုလုပ်သူများမှာများသောအားဖြင့်ပြည်တွင်းသုံးသာထုတ်လုပ်ကြကြောင်း သိရသည် Export တန်းဝင်စဥ့်အိုးများကိုအမှာစာအပေါ်မူတည်၍ထုတ်လုပ်ကြကြောင်း၊ယခင်ကစဥ့်အိုးကိုနေ့စဉ်ရက်ပြတ်မရှိ ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။ယခင်ကနွယ်ငြိမ်းကျေးရွာနေ ပြည်သူများသည်စဥ့်အိုးလုပ်ငန်းအပြင် ၎င်းနှင့်ဆက်စပ်သည့်ကုန်ကြမ်းမြေသယ်ယူခြင်း၊မြစ်အတွင်းမျောပါလာသည့်ထင်းဆယ်ယူစုဆောင်း၍ရောင်းချခြင်းကားနှင့်သင်္ဘေများသို့စဥ့်အိုးတင်ခြင်း၊စဥ့်ထည်ပစ္စည်းများကိုဖောက်သည်ယူ၍ရောင်းချခြင်းစသည့်အလုပ်အကိုင် အ ခွင့်အလမ်များစွာရရှိကြောင်းသိရှိရသည်။ကုန်ကြမ်းပစ္စည်းဖြစ်သည့်မြေနှင့်ထင်းများကို တစ်နှစ်စာလှောင်ထားပြီးလက်ချားကို တရုတ်ပြည်မှာယူရကြောင်းယခင်ကလက်ချား၃၀ကီလိုဝင် တစ်အိတ် လျှင် ၂၃၀ဝ၀ ရှိရာမှယခုအချိ န်တွ င် ယခင် ကထက်ဒေါ်လာဈေးများ တက်သဖြင့် ၃၀ကီလိုဝင် တစ်အိတ်လျှင် ၁၅၀ဝ၀ဝမှ ၁၆၀ဝ၀ဝထိပေးဝယ်ရကြောင်း၊စဥ့်အိုးဖိုကြီးတစ်ဖိုလျှင်လက်ချား၃၀ကီလိုဝင် ငါးအိတ်မှခြောက်အိတ်အထိသုံး ရကြောင်း၊ယခင်က လုပ်သား တစ်ဦးအနေဖြင့် တစ်ပတ်လျှင်အိုးအလုံး၂၀ ပြုလုပ်ရပြီးလုပ်သားခမှာတစ်လုံးလျှင် ၅၀ဝ၀ပေးရ ကြောင်း၊ယခုအချိန်တွင်လုပ်သားတစ်ဦး အနေဖြင့်တစ်ပတ်လျှင်အိုး၁၀လုံးသာပြုလုပ်ရပြီးလုပ်သားခမှာယခင် ဈေးအတိုင်းတစ်လုံး လျှင် ၅၀ဝ၀သာရသဖြင့် ယခင်ကအိုးလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ကြသော်လည်း ယခုအချိန်တွင် လုပ်သား ခပိုရ သည့်ကျောက်မြောင်းမြို့မခေါက်ကျေးရွာများသို့လည်းကောင်း၊အခြားသောလုပ်သားခပိုရသည့် လုပ်ငန်းများသို့ လည်း ကောင်းရေကြည်ရာမျက်နုရာပြောင်းလဲလုပ်ကိုင်လာကြကြောင်း၊အခြားသောလုပ်ငန်းများမရှိမှသာအိုးလုပ်ငန်းကိုလာရောက်ဆောင်ရွက်ကြကြောင်းသိရသည်။ယခုအချိန်တွင်ကုန်ကြမ်းဈေးနှုန်းမြင့်တက်ခြင်း၊ကားတင်ပို့ရန် အခက် အခဲရှိခြင်း၊လုပ်သားခက်ခဲခြင်း၊လုပ်ငန်းရှင်အနေဖြင့်အရင်းအနှီးများသော်လည်းကုန်ချောကိုဈေးနှုန်းများစွာတင်ရောင်း၍မရခြင်း၊စဥ့်ထည်ပစ္စည်းများသည်စားသောက် ကုန်လုပ်ငန်းကဲ့သို့မရှိမဖြစ်လို အပ်သည့်ပစ္စည်းမဟုတ်သည့် အတွက် ယခင်က လောက်မှာယူမှုမရှိခြင်း၊ပစ္စည်းသယ်ယူခအနေဖြင့်ရေယာဉ်ခဈေးနှုန်းသိပ်မတက်သော်လည်းစက်သုံးဆီဈေးနှုန်းမြင့်တက်သည့်အတွက်ကျောက်မြောင်းမြို့မှအခြားမြို့များသို့ ပိဿာ ၁၅၀ဝင် စဥ့်အိုး တစ်လုံးတွင် ကားဖြင့်သယ်ယူစရိတ်ယခင်နှစ်များကကျပ် ၆၀ဝ၀ပေးရရာမှ ယခု ကျပ် ၁၅၀ဝ၀ ခန့်ပေးရကြောင်း၊ ၂၀၁၉ခုနှစ်မှစတင်၍ နိုင်ငံခြားသို့ Export မရှိခြင်း၊လုပ်ငန်းရှင်များအနေဖြင့်စဥ့်ထည်ပစ္စည်းများ ပြုလုပ်ရာတွင်လိုအပ်သော အ ဆောက်အအုံနှင့်ကုန်ကြမ်းပစ္စည်းများကိုရင်းနှီးထားရသော်လည်းထိုက်တန်သည့်အမြတ်အစွန်းမရရှိခြင်းစသည့်အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရသည်။ထို့ပြင်စဥ့်အိုးလုပ်ငန်းသည်ပြည်တွင်းဝင်ငွေသာမကအရည်အ သွေး ပြည့်မီသောပြည်ပတန်းဝင်စဥ့်အိုးများထုတ်လုပ်တင်ပို့ရောင်းချခြင်းဖြင့်နိုင်ငံခြားဝင်ငွေရရှိသည့်အပြင်အလုပ်အကိုင်အခွင့်အလမ်းများစွာပေးနိုင်သောလုပ်ငန်းလည်းဖြစ်သည့်အတွက်ယခင်ကကဲ့သို့ပြန်လည်၍ဟန်ချက်ညီညီလည်ပ တ်နိုင် ရေးကို မျှော်လင့်လျက်ရှိကြောင်း စဥ့်အိုးလုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်များထံမှ သိရသည်။

နှင်းနှင်းခိုင်(ရွှေဘို)