Main menu

Background

ပြည်တွင်းထုတ်ကုန်ကဏ္ဍ

Thu, 12/08/2022 - 15:45 -- journal_editor

ယခုတစ်ပတ် ပြည်တွင်းထုတ်ကုန် Start-up ကဏ္ဍတွင် သန်လျင်မြို့မှ ထုတ်လုပ်သည့်Hello (Taste Me)အသင့်စားဆန်ပြုတ်၊ ပခုက္ကူမြို့မှ ထွက်ရှိသည့် “OK. 1”နှင့် ဖိုးသာထူးသစ်သီးဖျော်ရည်၊ သူဌေးကြိုက် (အရည်အသွေးမြင့် စားသောက်ကုန်လုပ်ငန်း) တို့နှင့် မိတ်ဆက်ပေးလိုက်ပါသည်။
    Sakarmhway Co.,Ltd မှ ဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန် အသင့်စားဆန်ပြုတ်အဖြစ် လူမျိုးဘာသာမရွေးသုံးဆောင်နိုင်ရန် ၂၀၁၉ ခုနှစ်မှစတင်၍ ဈေးကွက်အတွင်းသို့ ဖြန့်ချိရောင်းချလျက်ရှိသည်။ သဘာဝအရသာပေါ်လွင်စေရန် အသီး၊ အရွက်များဖြစ်သည့် ကြက်သွန်မြိတ်၊ အုန်းသီး၊ အောင်ပန်းညို၊  ရေညှိ၊ ရွှေဖရုံသီးတို့အပြင် ကြက်၊ ပုစွန်၊ ငါးကြင်း၊ ကဏန်း၊ ကြက်ဥအရသာစုံလင်စွာ သုံး၍ ရှမ်းဆန်၊ နေကြာဆီ၊ ပန်းရောင်ဆားများကို ရောစပ်ပြီးထုတ်လုပ်ထားသည်။ ရေနွေးထည့်ရုံဖြင့် ချက်ချင်းသောက်သုံးနိုင်သည့်  Instant Rice Porridge (အသင့် စား ဆန်ပြုတ်) ဖြစ်သည်။ အရည်အသွေးမီပြီး ဈေးနှုန်းသင့်တင့်သည့် အသင့်စားဆန်ပြုတ်ကို  ပြည်တွင်းတွင် ထုတ်လုပ်နိုင်သည့်အတွက် နိုင်ငံခြားငွေကာမိပြီး ဈေးကွက်အလားအလာရှိသည့် ကုန်ပစ္စည်းအမယ်ဖြစ်သည်။
    မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဆီး၊ မန်ကျည်း၊ ထန်းလျက် ပေါများသည့်အတွက် အဆိုပါကုန်ကြမ်းများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများများစွာရှိသည်။ ပခုက္ကူမြို့မှ OK-1  နှင့် ဖိုးသာထူး ကုန်အမှတ်တံဆိပ်များဖြင့် ဆီးချဉ်သီး၊ မန်ကျည်း၊ ချင်းဆီးဆန်၊ ဆီးဖြူသီး၊ ဆားငံသီးဖျော်ရည်မျိုးစုံကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ဖြူးလျက်ရှိသည်။ ထို့ပြင် ခရမ်းသီး၊ ချဉ်ပေါင်၊ လက်ပံပွင့်တို့ကို  အခြောက်ခံပြီး ပုန်းရည်ကြီး အခြောက်မှုန့်ရောစပ်၍ သက်သတ်လွတ် ဟင်းလျာအဖြစ်  လည်းကောင်း၊ သားငါးများနှင့်ရော ချက်၍လည်းကောင်း သုံးဆောင်နိုင်ရန် အညာလက်ပံဟင်းကိုလည်း “ဖိုးသာထူး” တံဆိပ်ဖြင့် ရောင်းချလျက်ရှိသည်။
    ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများကိုသုံး၍ ထုတ်လုပ်ထားသည့် “သူဌေးကြိုက်”နှင့်“လူတိုင်းကြိုက်” တံဆိပ်တို့ဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍  ဈေးကွက်အတွင်း ဖြန့်ချိနေသည့် ငါးပိရည်ကြိုအနှစ်၊ အိုးတက်ငံပြာရည်၊ အသင့်စား ငါးပိရည်ကျို၊ ငံပြာရည်တို့အကြောင်း ဖော်ပြပေးလိုက်ပါသည်။
    Modern Trade  ဈေးကွက်တွင် “သူဌေးကြိုက်”တံဆိပ်ဖြင့်လည်းကောင်း၊ Wet market  နှင့် လက်လီဈေးကွက်အတွက် “လူတိုင်းကြိုက်” တံဆိပ်ဖြင့်လည်းကောင်း ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ဓာတ်မြေသြဇာ၊ ဓာတုဆိုးဆေးနှင့် အရောအနှောကင်းစင်သော  ထုတ်ကုန်များဖြစ်ပြီး အချိန်ကုန်သက်သာစေရန်၊ အလွယ်တကူ သယ်ဆောင်သွားရန်၊ မီးဖိုချောင် လေလွင့်မှုလျှော့ချနိုင်စေရန်၊ လူပင်ပန်းမှု သက်သာစေရန် ရည်ရွယ်၍ ထုတ်လုပ်ထားပါသည်။

MMS