Main menu

Background

လက်ပံတန်းဒေသထွက် ရေလိုက် မတ်ပဲ

Mon, 02/13/2023 - 13:39 -- journal_editor

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်  တော်လသာအုပ်စု ဖိုးကတိုးကျေးရွာ တောင်သူ ဦးဉာဏ်မင်းစိုက်ပျိုးထားသော မတ်ပဲရေဆင်း(၂)အမျိုးအစား ပဲများ ရိတ်သိမ်းထွက်ရှိနေပြီဖြစ်ကြောင်း သိရှိရသဖြင့် စားသုံး သူရေးရာဦးစီးဌာန လက်ပံတန်းမြို့နယ်ရုံးမှ  ဒု-ဦးစီးမှူး ဦးကိုကိုနိုင်က ရေလိုက်မတ်ပဲများ  စိုက်ပျိုးထွက်ရှိမှု  အခြေအနေများကို သွားရောက်မေးမြန်းခဲ့သည်။
မတ်ပဲစိုက်ပျိုးရာတွင် ထွန်ယက်ချိန်မှ ရိတ်သိမ်းချိန်ထိ ကုန်ကျစရိတ်များမှာ လယ်ယာမြေ ထွန်ယက်ခြင်းအတွက် ကုန်ကျစရိတ် ကျပ် ၆၀ဝ၀ဝ ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အသီးအပွင့်အားဆေး သွင်းအာစု ကုန်ကျစရိတ်မှာ ကျပ် ၂၀ဝ၀ဝ၀၊ ပဲနုတ်ခ ကျပ် ၆၀ဝ၀ဝ၊ခြွေလှေ့ခမှာ ကျပ် ၅၀ဝ၀ဝ၊ သယ်ယူစရိတ်နှင့် လုပ်သားခမှာ ကျပ် ၃၀ဝ၀ဝ၊ ဆေးဖျန်းခ ၅ ကြိမ် ကျပ်၂၀ဝ၀ဝ၊ မျိုးတစ်တင်း ကျပ် ၆၀ဝ၀ဝ၊ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၅၀ဝ၀ဝ၀ နီးပါး ကုန်ကျသည်။ 
တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းခန့် ထွက်ရှိသဖြင့် တစ်တင်း ရောင်းဈေးမှာ ၅၄၀ဝ၀ ကျပ်၊ တစ်ဧက ဝင်ငွေမှာ ကျပ် ၈၀ဝ၀ဝ၀ ခန့်ရရှိနိုင်သည်။ အကျိုးအမြတ်မှာ ကျပ်သုံးသိန်း ခန့် အမြတ်ရရှိနိုင်သည်။ ယခင်နှစ် ရေလိုက်မတ်ပဲများမှာ မြစ်မခမြစ်၊ ရေကြီးရေလျှံဖြစ်ပေါ်မှုတို့ကြောင့် နုန်းတင်မြေနု များဖြစ်ပေါ်ကာ အပင်များ သန်စွမ်းပြီး အထွက်နှုန်းကောင်း ကြသည်။ နှစ်စဉ် မတ်ပဲအထွက်နှုန်းမှာလည်း ၂၅ တင်းမှ ၃၀ တင်းခန့်ထွက်ရှိကြောင်း သိရှိရသည်။ 
ကြည်ကြည်ချို (သာယာဝတီ)