Main menu

Background

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသထွက်ပင်းတယရွှေဝါ သို့မဟုတ် ဖယောင်းပန်းဈေးကွက်

Tue, 05/23/2023 - 14:28 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပင်းတယရွှေဝါ သို့မဟုတ် ဖယောင်းပန်းမျာကို များသောအားဖြင့် ဖယောင်းပန်းဟုခေါ်ဆိုကြပြီး ပင်းတယရွှေဝါအမည်ဖြင့်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဈေးကွက် တွင် ဖယောင်းပန်းများ ဝင်ရောက်လျက်ရှိသည်။ ပင်းတယရွှေဝါ သို့မဟုတ် ဖယောင်းပန်းကို ရှမ်းပြည် နယ်(တောင်ပိုင်း)တွင် အဓိကစိုက်ပျိုးသောဒေသများမှာ ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ တောင်ကြီး၊ ရွှေညောင်၊ ဟိုပုံး  စသည့်ဒေသများတွင် စိုက်ပျိုးလေ့ရှိသည်။ တစ်နှစ်မှ တစ်ခါသာ ပွင့်သော ပန်းအမျိုး အစားဖြစ်သည်။ 
ဖယောင်းပန်း၏ ပုံသဏ္ဌန်မှာ ရိုးတံရှည်ရှည်နှင့် ရိုးတံ၏ ထိပ်ဖူးတွင် အဝါအပွင့် အသေးလေးများ ပွင့်လျက်ရှိကြပြီး သင်းပျံ့သော အနံ့ရှိသောကြောင့် ပင်းတယရွှေဝါဟုလည်း အမည်တွင်သည်။ ပင်းတယ ရွှေဝါ (ခေါ်)ဖယောင်းပန်းမှာ တန်ခူးလတွင် အထွက်များလေ့ရှိကြပြီး  ရှမ်းပြည်နယ်(တောင်ပိုင်း) ဈေး ကွက်အတွင်းသို့ ရောက်ရှိကြပြီး ဈေးကောင်းရရှိလျက်ရှိသည်။ 
လက်လီဈေးအနေဖြင့် အဖူးပါ (တစ်ဖူး) ၁၀ ပင် တစ်စည်းကို ကျပ် ၄၀ဝ၀ ဖြင့်လည်ကောင်း၊  အဖူးပါ (နှစ်ဖူး) ၁၀ ပင် တစ်စည်းကို ကျပ် ၈၀ဝ၀ ဖြင့်လည်းကောင်း၊ လက်ကားဈေးအနေဖြင့် အဖူးပါ (တစ်ဖူး) ၁၀ ပင် တစ်စည်းကို ကျပ် ၃၅၀ဝ၊ အဖူးပါ (နှစ်ဖူး) ၁၀ ပင် တစ်စည်းကို ကျပ် ၆၀ဝ၀ ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ယခုအခါ ဘုရားပန်းအမျိုးအစားများ တွင် ဈေးကောင်းရရှိသော ပန်းအမျိုးအစားဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များသို့လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။                                                                           

                  ခိုင်ခိုင်သူ