Main menu

Background

ရှမ်းပြည်နယ် တောင်ပိုင်းမှ ဆီမုန်ညင်း

Mon, 06/05/2023 - 13:06 -- journal_editor

ဆီထွက်သီးနှံများဖြစ်သည့်   မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ဆီမုန်လာ စသည့် သီးနှံများကို ရှမ်းပြည် နယ်(တောင်ပိုင်း)ရှိ မြို့နယ်အများအပြားတွင် စိုက်ပျိုးကြ သည်။ ၎င်းဆီထွက်သီးနှံများအနက်မှ ဆီမုန်ညင်းကို ရှမ်း ပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီး၊ ရပ်စောက်၊ ပင်းတယ၊ ညောင်ရွှေ စသည့် မြို့နယ်များတွင် စိုက်ပျိုးကြသည်။ 
ဆီမုန်ညင်းမှာ အေးသည့်ဒေသများတွင် ပိုမိုစိုက်ပျိုး ဖြစ်ထွန်း၍ စိုက်ပျိုးရလွယ်ကူပြီး မြေနီသဲဝန်း၊ နှုန်းမြေတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ဆီမုန်ညင်းကို စပါးစိုက် ရိတ်သိမ်း ပြီးသည်နှင့် သြဂုတ်လမှ နိုဝင်ဘာလများတွင် ဆီမုန်ညင်းကို ကြဲပက်၍စိုက်ပျိုးကြသည်။ မျိုးစေ့အနေဖြင့် အရောင်အဆင်း အလိုက် အဝါ မျိုးနှင့် အနက်မျိုးဟု နှစ်မျိုးရှိပြီး ရာသီသီးနှံဖြစ် ၍ မြေအမျိုးအစားနှင့် စိုက်ပျိုးချိန် ကွာခြားမှုပေါ်မူတည်ပြီး တစ်ဧကလျှင် မျိုးနှစ်ပြည်မှ လေးပြည်ခန့် ကြဲပက်စိုက်ပျိုးပြီး သွင်းအားစုအနေဖြင့် ပုလဲဓာတ်မြေသြဇာ တစ်အိတ်ခန့်သာ အသုံးပြုရပြီး တစ်ဧက ကုန်ကျစရိတ်နှင့် ဂရုစိုက်ရမှုနည်းပါး သော ဝင်ငွေရသည့် သီးနှံတစ်မျိုးဖြစ်သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ဆီမုန်ညင်းကို စိုက်ဧက ၁၄၇၀၈ ခန့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် ၁၅ - ၁၈ တင်း ခန့်ထွက်ရှိသည်။ လက်ရှိဆီမုန်ညင်းစေ့ တစ်ပိဿာ ပေါက်‌ဈေး မှာ ၁၃၀ဝ၀ ရှိသည်။ ဆီမုန်ညင်းစေ့ တစ်တင်းကို ဆီကြိတ် ပါက ဆီပိဿာ ၄ ဒသမ ၅ မှ ၅ ပိဿာ ခန့်ထွက်ရှိပြီး ကြိတ် ဖတ် ၁၀ ပိဿာ ခန့်ထွက်ရှိကြောင်း သိရှိရသည်။ ဆီမုန်ညင်း ဆီ(မုန်ညင်းဆီ)ပေါက်ဈေးမှာ တစ်ပိဿာလျှင်  ကျပ် ၁၂၀ဝ၀ မှ ၁၃၀ဝ၀ ရှိပြီး  ၁၀ ပိဿာဝင် ဆီပုံး တစ်ပုံးလျှင် ဈေးနှုန်း ကျပ် ၁၂၀ဝ၀ဝ ခန့်ရှိသည်။
ဆီမုန်ညင်းမှာ ကျန်းမာရေးအတွက် များစွာအထောက် အကူပြုသည့် သီးနှံတစ်မျိုးဖြစ်သည်။  ဆီမုန်ညင်း၏ အသုံး ဝင်မှုများကလည်း များစွာအကျိုးရှိသည်။ မုန်ညင်းဆီမှာ ဟင်းသီးဟင်းရွက်ဆီများ  အားလုံးတို့တွင် ပါဝင်သည့်သဘာဝ ဗီတာမင်များ မျှတစွာ ပါဝင်ကြောင်း သိရသည်။ မုန်ညင်းဆီ တွင် အိုမီဂါ-၃ အက်စစ်ပါဝင်မှုအရ မုန်ညင်းဆီသည် သံလွင် ဆီနှင့် နေကြာဆီတို့ထက် အဆများစွာ မြင့်မားသည်ဟုလည်း သိရသည်။ ဆီမုန်ညင်းကို ဆီကြိတ်လျှင် အနံ့အနည်းငယ်ရှိ ခြင်းကြောင့် ဆီအဖြစ် စားသုံးမှုနည်းပါးပြီး ကျန်းမာရေး အတွက် ဆေးဝါးဖော်စပ်ရာ၌  အဓိက အသုံးပြုကြသည်။ မုန်ညင်းဆီသည် ဇီဝဖြစ်စဉ်ကို မြန်ဆန်စေခြင်း ကိုလက်စထ ရောများကို ဖယ်ရှားခြင်းနှင့် လူသားတို့၏ ရန်လိုမှုကို လျှော့ ချပေးသည်။ မုန်ညင်းဆီ၏ ကျန်းမာရေးအတွက် ကောင်း ကျိုးများမှာ သွေးတိုးခြင်းမှ ထိန်းပေးခြင်း၊ မှတ်Óဏ် အား ကောင်းစေခြင်း၊  နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊ လန်းဆန်း တကြွ်ကစေခြင်း၊ အဆီကျစေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ အရိုးအဆစ်များကို ကောင်းမွန်စေခြင်း၊ အချိန်မတိုင်မီ အိုမင်း  ရင့်ရော်မှုကို ကာကွယ်ပေးခြင်းနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ဆေးစွမ်းတစ် လက်ဖြစ်ခြင်းကြောင့်  မုန်ညင်းဆီကို အိမ်တိုင်းဆောင်ထား သင့်သည်။  မုန်ညင်းဆီ ရောင်းတမ်းဝင်သည့် မြန်မာ့ဆေးစွမ်း ကောင်းတစ်ခုဖြစ်ခြင်းကြောင့် မုန်ညင်းဆီတွင် ကုန်ကြမ်းဖြစ် သည့်  ဆီမုန်ညင်းကို ယခုထက် ပိုမိုစိုက်ပျိုးသင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။                      

 

SYH (TGI)