Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင်အောင်မြင်ဖြစ်ထွန်းနေသော စီးပွားဖြစ်နဂါးမောက်သီးစိုက်ခင်း

Mon, 06/05/2023 - 14:17 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝမှ လက်ဆောင်ပေးထားသော မြေဆီမြေနှစ် ရေခံ မြေခံကောင်းမွန်ကာ    စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသော တိုင်းဒေသကြီးတစ်ခု ဖြစ်သလို နှစ်စဉ် မိုစပါး၊ နွေစပါးစိုက်ဧက ၅၁ သိန်းကျော်၊ ပဲမျိုးစုံစိုက်ဧက ၁၆ သိန်းကျော်နှင့် နှစ်ရှည်သီးနှံများဖြစ်သော  ရော်ဘာ စိုက်ဧက ၃၆၇၅၄၊ သီဟိုဠ်စိုက်ဧက ၆၅၃၉၉ နှင့် အခြားသီးနှံ များအပြင် ရာသီသီးနှံများကိုလည်း နှစ်စဉ်စိုက်ပျိုး လျက်ရှိပြီး   ပုသိမ်ခရိုင်  ကန်ကြီးထောင့်မြို့နယ် ကွင်းစုကျေးရွာတွင်နေထိုင်သည့်ခြံပိုင်ရှင်  ဦးပါးနီ က အထက်အညာ  ပုပ္ပါးဒေသရှိ နဂါးမောက်သီး စိုက်ပျိုးရေးခြံသို့ သွားရောက်လေ့လာပြီး နဂါးမောက် ပျိုးပင်များ ဝယ်ယူ၍ မိမိ၏ခြံတွင် အပင် ၂၀၊ ၃၀ စမ်းသပ်စိုက်ပျိုးခဲ့ရာ မိမိတို့ဒေသ‌ ရေမြေသဘာဝ‌ ရာသီဥတုနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းမှုရှိ သည့်အတွက် လွန်ခဲ့သော သုံးနှစ်မှစတင်ပြီး မိမိ ပိုင်မြေ နှစ်ဧကတွင် နဂါး‌မောက်သီး အဖြူ၊ အနီ၊ ခရမ်းအပင်ရေ ၂၀ဝ၀ ခန့်ကို စီးပွားဖြစ်စိုက်ပျိုးခဲ့ ကြောင်း၊ နဂါးမောက်ပင်မှာ တစ်နှစ်သားအရွယ် ရောက်သောအခါ အဖူးအပွင့်များထွက်ကာ သီး ကင်းဝင်စပြုပြီး  များသောအားဖြင့် ဧပြီလကုန်နှင့် မေလဆန်းတွင် စတင်၍ အောက်တိုဘာလအထိ အသီးသီးပြီး  ပထမနှစ် စတင်သီးချိန် အလုံးရေ ၃၀ဝ၀ ခန့် ခူးဆွတ်ရသော်လည်း ဒုတိယနှစ်မှာ အသီးရေ ၇၀ဝ၀ ခန့် ရရှိလျက်  နဂါးမောက်သီး တစ်လုံးကို အကြီးအသေးပေါ်မူတည်၍ ကျပ် ၅၀ဝ၊ ၁၀ဝ၀ ဈေးအတွင်း ရောင်းချခဲ့ရာ ကျပ်  ၃၅ သိန်းခန့်ရရှိကြောင်း၊ ယခုတတိယနှစ်မှာ ယခင်နှစ် ထက်ပို၍ သီးမှာဖြစ်သလို အပင်သက်တမ်းရင့်လေ ပို၍သီးသော  အပင်မျိုးဖြစ်‌ကြောင်း ဦးပါးနီက ပြောသည်၊
နဂါးမောက်သီးပင်ကို ၂၀ဝ၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ  မြန်မာနိုင်ငံသို့   ပျိုးပင်တင်သွင်း၍ စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ စိုက်ပျိုးရေး ခြံများဖြစ်သော ပုပ္ပါးနှင့် ရန်ကုန်ဥယျာဉ်ခြံတွင် စတင်စိုက်ပျိုးခဲ့ကြောင်း၊ တွယ်ကပ်ပင်နှင့် မြေပေါ် တွား၍ပေါက်သော ရေငတ်ခံနိုင်သည့် ရှားစောင်း မျိုးနွယ်ပင်ဖြစ်ပြီး စီးပွားဖြစ်စိုက်ပျိုးပါက လိုအပ် သောအချိန်တွင် ပုံမှန်ရေလောင်းပေးရန် လိုအပ် ကြောင်း၊နဂါးမောက်ပင်၏ အမြစ်သည် မြေအနက် ရှစ်လက်မခန့်သာ အမြစ်ဝင်သဖြင့် ပေါင်းမြက် ကြောက်သော သီးနှံတစ်မျိုးဖြစ်ပြီး စီးပွားဖြစ်စိုက် ပျိုးပါက ပေါင်းမြက်အထူးရှင်းရန် လိုအပ်ကြောင်း၊ နဂါးမောက်သီးကို ယခင်က ပုပ္ပါးတွင်သာတွေ့ရပြီး ၂၀၁၄ ခုနှစ်တွင် တောင်ကြီး၊ မန္တလေး၊ မိတ္ထီလာ၊ ရန်ကုန်မြို့များတွင်လည်း စိုက်ပျိုးခဲ့ပြီး စိုက်ပျိုး နည်းစနစ်များမှာ တီပုံသဏ္ဌာန်၊ တိုင်စနစ်၊ စင် စနစ်၊ တန်းစနစ်များကို အများဆုံးစိုက်ပျိုးလျက် ရှိကြောင်း၊ နဂါးမောက်သီးခြံရှင် ဦးပါးနီက ၎င်း၏ခြံတွင် အပင်မလှုပ်စေရန်နှင့် အပင်မလဲစေရန် အောက်ခြေတွင် အုတ်ခုံနှင့် ကွန်ကရစ် ခြောက်ပေ တိုင်ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်ကို ရှစ်ပေအကွာ တီပုံသဏ္ဌာန် စိုက်ပျိုးထားကြောင်း၊ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပေါင်းမြက်ရှင်းပေးရပြီး စိုက်ပျိုးရာ တွင် မြေသြဇာများဖြစ်သော မြေဆွေး၊ ဖွဲခွံ၊ လွှစာ၊ အိုးတိုက်ဆပ်ပြာ၊ ကောက်ရိုးဆွေး၊ နွားချေး၊ ကြက် ချေးတို့ ထည့်သွင်းစိုက်ပျိုးလျက် သဘာဝသီးနှံဖြစ် သောကြောင့်  ကျန်းမာရေးနှင့်ညီညွတ်ပြီး နဂါး မောက်သီး စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာ ရေး အကျိုးကျေးဇူးများမှာ နဂါးမောက်သီးသည် ဗီတာမင်စီနှင့် အမျှင်ဓာတြွ်ကယ်ဝစွာ ပါဝင်သည့် အပြင် လိုင်ကို  ပိန်းဓာတ်များစွာပါဝင်သောကြောင့် အရွယ်တင် နုပျိုစေပြီး အသီးတွ င် (Antioxidant) ) အများဆုံးပါဝင်သဖြင့်  ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုဆီးလွန်ရောဂါများ၊ လေသင်တုန်းနှင့် လေဖြတ်ခြင်းရောဂါများ ကာ ကွယ်ပေးပြီး အဆိပ်အတောက် ဖြစ်စေတတ်သည့်Heavy Mental များ ချေဖျက်ပေးသဖြင့် ကိုလက် စထ‌ရောကိုလည်း     လျော့ကျစေသည့်အပြင် ချောင်းဆိုး၊ ရင်ကျပ်ရောဂါကိုလည်း သက်သာ ပျောက်ကင်းစေပြီး အစာအိမ်အတွင်းရှိ အဆိပ် အတောက်များကို ခြေဖျက်နိုင်စွမ်းရှိခြင်း၊ အဆီဓာတ် များကို လျော့ကျနိုင်စွမ်းရှိခြင်း၊ မှတ်ဉာဏ်ကောင်း ခြင်း၊ မျက်လုံးအားကောင်းခြင်း သွားနှင့်အရိုးများ ခိုင်မာစေခြင်းတို့ကြောင့် လူတိုင်းစားသုံးသင့်ပြီး အထူးသဖြင့် နာလန်ထလူမမာများအတွက် အထူး သင့်လျော်ကြောင်း၊ နဂါးမောက်သီးတွင် အစွမ်း အာနိသင် ထက်မြက်စေသည့် ဗညအငသထငိညေအ ဓာတ် ပြည့်ဝစွာပါဝင်သည့်အတွက် စိတ်ဖိစီးမှုနှင့်ဆက် နွှယ်နေသောရောဂါများကို ပျောက်ကင်းစေနိုင် သဖြင့် အမေရိကတိုက် အလယ်ပိုင်းဒေသများတွင် နဂါးမောက်သီးမှာ ဆေးစွမ်းထက်သည့် အသီး အဖြစ် နာမည်ကြီးလျက်ရှိပြီး ယခင်ကနဂါးမောက် သီးကို ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝယ်ယူရောင်း ချသည့်အတွက် ဈေးကွက်မှာ ဈေးကြီးသည့် သီးနှံ တစ်ခုဖြစ်ပြီး ယခုလိုမိမိတို့ဒေသမှာ စိုက်ပျိုးခြင်း ဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်မှာဖြစ် ကြောင်း ပွင့်လင်းရာသီဆိုလျှင် ပုသိမ်-မြောင်းမြ ကားလမ်းဘေးရှိ နဂါးမောက်ခြံသို့ ဧည့်ခရီးသွားမှ လာရောက်လေ့လာဝယ်ယူမှုများရှိကြောင်း၊ အိမ် တွင်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးချင်သူများ၊ စီးပွားဖြစ် စိုက်ပျိုးလိုသူများအတွက်လည်း  မျိုးတစ်ပင်ကို ကျပ် ၅၀ဝ၊၁၀ဝ၀ ဈေးဖြင့် မျိုးရောင်းပေးလျက် ရှိကြောင်း ခြံပိုင်ရှင် ဦးပါးနီက ဆက်လက်ပြောကြား သည်၊
ဧရာဝတီတိုင်းဒေသကြီးအတွင်း   နဂါး မောက်သီး စိုက်ပျိုးမှု ပိုမိုကျယ်ပြန့်လာစေရန်နှင့် မြေဧကအနည်းငယ်ဖြင့် အချိန်တိုအတွင်း စီးပွား ဖြစ်ထွန်းနိုင်ပြီး စတင်စိုက်ပျိုးချိန်မှ  နည်းပညာပါ အကူအညီပေး၍ ယခုလိုမျိုးရောင်းချခြင်းနှင့်  ဈေး ကွက်ရောင်းချမှုအပိုင်းထိ ဒေသတွင်းစီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ယခု လိုအလားအလာကောင်းသော ဈေးကွက်ဝင် သီးနှံ များတိုးချဲ့ စိုက်ပျိုးနိုင်ရန် အသေးစိတ်ဖြေကြား ပေးပါသော ကန်ကြီးထောင့်မြို့နယ် ကွင်းစုကျေးရွာ နေ နဂါးမောက်သီးခြံပိုင်ရှင် ဦးပါးနီအား ကျေးဇူး တင်ရှိကြောင်းနှင့် သက်ရှည်ကျန်းမာ စီးပွားတိုး တက်လာဖို့အတွက် နဂါးမောက်သီးပင်များကို အများအပြားတိုးချဲ့စိုက်ပျိုးနိုင်ရန် ရေးသားတင်ပြ လိုက်ပါသည်၊                          

မင်းမင်းဦး(ပသ)