Main menu

Background

တနင်္သာရီတိုင်းဒေသကြီးထွက် ပုစွန်ခြောက်ဈေးကွက်

Tue, 06/20/2023 - 16:17 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများလုပ်ကိုင်ခြင်း ဖြင့် အများဆုံး အသက်မွေးဝမ်းကျောင်းပြုသည့်တိုင်းဒေသကြီးဖြစ်ပြီး ပုစွန်ခြောက်များကို ထား ဝယ်၊ မြိတ်ကျွန်းစုနှင့် ပုလောမြို့တို့တွင် အများအပြားထွက်ရှိသည်။ ပုစွန်ခြောက် ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်း နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ပုဇွန်ကို နေပူ လှန်းအခြောက်ခံပြီး ဒုတိယတစ်မျိုးမှာ ပုစွန်ကိုပြုတ်၍ ပုစွန်ကင်သည့် စင်(ဖို)ပေါ် တင်ပြီး မီးငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရသည်။ 
နွေဦးကာလဆိုလျှင် ပုစွန်ခြောက်ဈေးမှာ ပုံမှန်ဈေးနှုန်းသာဖြစ်ပြီး မိုးတွင်း ကာလဆိုလျှင် ပုစွန်လှန်းရန်  ခက်ခဲသောကြောင့် ဈေးနှုန်းအနည်းငယ် ပိုပေး၍ ဝယ်ယူရကြောင်းသိရှိရသည်။  လတ်တလော ထားဝယ်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ရေချို(ရှယ်)တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၀၊ ရေချို(အလတ်စား) တစ် ပိဿာလျှင် ကျပ် ၆၀ဝ၀ဝ  ရိုးရိုးပုံမှန်တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ဝ -၅၅၀ဝ၀  နှုန်း ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
သဲသဲ(ထားဝယ်)