Main menu

Background

စစ်ကိုင်းမြို့ရှိ ဇွန် စိမ်းပြာရေညှိ

Mon, 07/31/2023 - 12:56 -- journal_editor

သဘာဝပတ်ဝန်းကျင်အားထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတု ကို အထောက်အကူပြုစေရန်၊ အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင်ရုံးဝန်းအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန်  ပျိုးပင်များကို မင်းကွန်းပျိုးဥယျဉ်သို့ သွားရောက်ယူခဲ့ရာ စစ်ကိုင်း-မင်းကွန်းအသွား ခရီးလမ်းမပေါ် ချောင်းပေါက်ကျေးရွာအနီး ပေါက်တောရွာလမ်းမထောင့်မှ စိမ်းပြာ ရောင်  လွှမ်းမိုးထားသော အရောင်းဆိုင်လေးကို သတိထားမိခဲ့ပြီး အပြန်လမ်းမှာ ဝင်ကြည့်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ 
မင်းကွန်းမှအပြန်ခရီးတွင် ဇွန် စိမ်းပြာရေညှိအရောင်းဆိုင်” လေးကို ဝင်ရောက်လေ့လာခဲ့သည်။ မြန်မာပြည်မှာရှိသည့် တန်ဖိုး မဖြတ်နိုင်သော စိမ်းပြာရေညှိ ထုတ်ကုန်ပစ္စည်းများ မျက်ဝါးထင်ထင် တွေ့မိရာမှ ဤဆောင်းပါးလေးဖြင့် အမှတ်တရ မှတ်တမ်းတင်ခွင့်ရ လိုက်သည်။ မသိသူကျော်သွား သိသူဖော်စား စကားပုံလေးလိုမျိုး မသိသေးသူများ အကျိုးဖြစ်ထွန်း သိကြပါစေသားလို့ ရည်ရွယ်ရင်း ‌ရေးသားတင်ပြလိုက်ပါသည်။
စိမ်းပြာရေညှိသဘာဝအားဆေးများ
မြင်မြင်ချင်း စိတ်ဝင်စားမိသည်က စိမ်းပြာရောင်ကောင်တာမှန်ပြင်ပေါ်က ပရိုဗီမင်ဆေးဘူး လေးများ၊ ဒီဆေးကို ယခင်က စက်မှု ဝန်ကြီးဌာန ဏြှု မှ ထုတ်သည့် ဘူးသေးလေးတွေကိုသာ ဝယ်စားဖြစ် ခဲ့သည်။ အိပ်ကောင်း၊ စားကောင်းတာမို့ ဒီအားဆေးလေးကောင်း ကြောင်း အပြောများသည်မို့ လက်တွေ့စားခဲ့ဖူးသည်။ နှစ်ကြာခဲ့ပြီး ဝယ်မရတော့သလို မထုတ်တော့ သလိုလိုနဲ့ ဈေးကွက်ထဲပြတ်ခဲ့သည် မို့ အလှမ်းဝေးခဲ့ကြသည်။ ခုတော့လည်း ခံ့ခံ့ညားညား နိုင်ငံတကာ ဆေးအဆင့်မီ ထုပ်ပိုးပုံစံဘူးများနှင့် ထည်ထည်ဝါဝါ အရောင်းဆိုင် ပေါ်မှာ ရောင်းနေပြီဆိုတာ ကျွန်မတို့အဖွဲ့ သိလိုက်ခဲ့ရပြီ။ ကျွန်မတို့ မိတ်ဆွေများအတွက် စိမ်းပြာရေညှိ သဘာဝဆေးလေးတွေအကြောင်း အရောင်းဆိုင်မှာ တစေ့တစောင်း လေ့လာမေးမြန်းမိခဲ့သည်။
အာဗာမင်(AVAMIN)အမည်နှင့် စိမ်းပြာရေညှိဆေးက ပရိုဗီမင်ဆေးလိုပဲ ပရိုတင်း၊ ဗီတာမင်၊ မင်နရယ်အပြင် စိမ်းပြာရေညှိ အဆီအနှစ် ထည့်ပေါင်းပါဝင်တာမို့   နှာစေးချောင်းဆိုးပါ မဖြစ် ကြောင်း၊COVID-19  အချိန်က ကြိုတင်ကာကွယ်ဆေးအနေဖြင့် ဝယ်ယူကြသူများကြောင်း သိခဲ့ရသည်။ အာဗာမင် ဆေးဘူးလေး၏ ထုပ်ပိုး ပုံလေးကို ယူကြည့်မိသည်။ နိုင်ငံခြားမှ  ဆေးဘူးပုံစံကဲ့သို့ သေသပ်လှပသည်။JUNE  Logo  နှင့် စံသတ်မှတ်ထားသည့် နိုင်ငံ တကာရရှိသည့်Certificate Logo ငါးခု ဖော်ပြထားသည်။ ဆေး အညွှန်းကိုလည်း မြန်မာ၊ အင်္ဂလိပ် နှစ်မျိုးဖော်ပြပေးထားသည်။ On Line တွင် ကြော်ငြာနေသော စိမ်းပြာရေညှိဆေးများ အမြင့်ဈေးဖြင့် ရောင်းချနေချိန်တွင် မိမိတို့ပြည်တွင်း စိမ်းပြာရေညှိက သုံးချိုးတစ်ချိုး ဈေးသက်သာနေသည်။ သိသူများ ဝယ်ယူအားပေးကြကြောင်း သိရ သည်။ ချင်း၊ ကြက်သွန်ဖြူ အဆီအနှစ်နှင့်  ထုတ်ထားသည့် ဂျင်း ဂါမင် GINGARMIN)ဆေးသည်လည်း အစာအိမ်သမားများနှင့် သင့်လျော်ပြီး သွေးမှန်လေမှန်ကြောင်း  ရောင်းချသူလေးက ညွှန် သဖြင့် ဝယ်ယူအားပေးခဲ့သည်။
ဘိုင်အိုမင်စီ BIOMIN-C)ဆေးသည် ပျားရည်နှင့်စိမ်းပြာ ရေညှိ ရောစပ်ပြုလုပ်ထားသည့် ဆေးတောင့်လေးများဖြစ်ကြောင်း၊ နေ့လွှဲ ညစာ မစားကြသည့် ရဟန်းသံဃာများ နေ့စဉ်မှီဝဲကြကြောင်း၊ စတုမဓူလို ချက်ဆေးလည်းရှိကြောင်း၊ ဆိုင်အတွင်းဝယ်ယူနေသည့် ဦးပဉ္စင်းတစ်ပါးက ရှင်းပြပေးပြန်သည်။ ဆွမ်းခံချိန် ဝေလီဝေလင်း ဘိုင်အိုမင်စီဆေးသောက်ထားတော့ အဆာလည်းခံ၊ ဆွမ်းခံ လမ်း လျှောက် အမောလည်းခံနိုင်ရည်ရှိသဗျဟု မိန့်ကြားချက်ကြောင့် လှူဒါန်းဖို့ပါ ဝယ်ယူခဲ့ရသည်။
စိမ်းပြာ‌ရေညှိ သဘာဝအင်း(၄)အင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထွက်ရှိသော ထုတ်ကုန်ပစ္စည်း များသည် မိမိတို့မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာသို့ဈေးကွက် ဖြန့်ကြက်ထွက်ပါက နိုင်ငံ၏ ဝင်ငွေရပေါက်ရလမ်းတစ်ခုအဖြစ် ရရှိ မည်သာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုများပြားနိုင်မှု ဧကန်ဖြစ်မည်။ မင်းကွန်းမှ အပြန်လမ်းခရီးတွင်တော့ စိမ်းပြာရေညှိမှ ထွက်ရှိသည့် ဆေးဝါးများနှင့်ပတ်သက်၍ အမှတ်တရ အတွေးများ ဖြန့်ကြက်နေမိသည်။ 
မင်းကွန်းမှအပြန်ခရီး   နာမည်ကျော်ကြား  လူသိများသည့် ခိုတောင်မုန့်တီရောင်းချသည့်  ဈေးဆိုင်များစွာရှိသော ခိုတောင် ကျေးရွာအရောက်တွင် ခိုတောင်မုန့်တီဆိုင် တစ်ဆိုင်၌ ကျွန်မတို့အဖွဲ့ ခိုတောင်မုန့်တီစားရင်း ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာန အဏုဇီဝ စိမ်းပြာရေညှိဆေးဝါးလုပ်ငန်းစက်ရုံ(ရေခါး)မှ အငြိမ်းစားဝန်ထမ်း ဟောင်းတစ်ဦးနှင့် မိတ်ဆွေဖြစ်ခဲ့ကြသည်။ ထိုမိတ်ဆွေနှင့် စိမ်းပြာ ရေညှိအကြောင်း စကားစပ်မိရာမှ စိမ်းပြာရေညှိသည် ဆေးဖက်ဝင် ပြီး စစ်ကိုင်းတိုင်းအတွင်း ဘုတလင်မြို့နယ် တွင်းတောင်အင်း၊ ကနီ မြို့နယ် တွင်းမအင်းနှင့် တောင်ပျောက်အင်း၊ စစ်ကိုင်းမြို့နယ် ရေခါး အင်းဟူ၍ လေးအင်းရှိကြောင်း သိရှိရသည်။ တွင်းတောင်အင်းမှာ မြစ်ရေတင်လုပ်ငန်းကြောင့် ရေချိုဝင်သဖြင့် စိမ်းပြာရေညှိမထွက် တော့ကြောင်း၊ ရေခါးအင်းမှာလည်း  အနီးဘေးရွာများ၏ စွန့်ပစ် ရေကြောင့် အင်းအတွင်းရေချိုဝင်ပြီး အထွက်နည်းသွားကြောင်း ပြောပြသည်။ ကနီမြို့နယ် တွင်းမအင်းမှာတော့ ရေညှိထွက်သေး တယ်။ တောင်ပျောက်အင်းကတော့ အထွက်နည်းတယ်လို့ သိရ ကြောင်း သူသိသမျှ ပြောပြသည်။ 
ရှားပါးသယံဇာတများ  တစ်စတစ်စ ပျောက်ကွယ်ဆုံးရှုံးသွားမှုများအတွက် အလွန်ကို နှမြောတသဖြစ်ရသည်။ ယခင်ဝန်ထမ်း ဟောင်းတစ်ဦးသည် ယခုအချိန်တွင် စစ်ကိုင်း-မင်းကွန်း လမ်းဘေး မြန်မာနိုင်ငံဆေးဝါးစက်ရုံ(စစ်ကိုင်း)၌    ဇွန်ဆေးဝါးကုမ္ပဏီမှ ဦး ဆောင်၍ စိမ်းပြာရေညှိများကို မျိုးတုံးမှု မရှိစေရန် နိုင်ငံတကာ အသုံးပြုသော  နည်းစနစ်များဖြင့် ကျွမ်းကျင်ဝန်ထမ်းများနှင့် နိုင်ငံ ရပ်ခြားမှ ပညာရှင်များပူးပေါင်းပြီး ဆောင်ရွက်နေသည်မှာ ဆယ်စုနှစ်တစ်စုကျော်နေပြီဖြစ်ကြောင်း ဝန်ထမ်းဦးရေ ၁၀ဝကျော်ရှိကြောင်း ဝမ်းမြောက်စွာ သိရှိလိုက်ရသည်။
စိမ်းပြာရေညှိ အားဆေးနှင့် စားသောက်ကုန်များ
စိမ်းပြာရေညှိအားဆေးများမှာ အာဗာမင်၊ ချင်းဂါမင်၊ ဘိုင်အို မင်နှင့် ပရိုဗီမင်ဆေးများဖြစ်ပြီး ရောင်းဈေးနှုန်းမှာ အလုံး ၁၀ဝ ပါ တစ်ဘူးလျှင် ၈၀ဝ၀ ကျပ်ဖြစ်ကြောင်း သိရှိရသည်။ စိမ်းပြာရေညှိ ဆေးဝါးများအပြင် စိမ်းပြာရေညှိအဆီအနှစ်ထုတ်သည့် ရှားစောင်း လက်ပတ်ဖျော်ရည်၊ ချဉ်ပေါင်ဖူး ဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ဆီး ဖျော်ရည်၊ ရှားစောင်းစပျစ်ဖျော်ရည်၊ ရဲယိုသီးဖျော်ရည်၊ ဆီးဖြူသီး ဖျော်ရည်၊ ချင်းပျားဖျော်ရည်၊ အဆီအနှစ်ဘူးမျိုးစုံနှင့်  ခေါင်းလျှော် ရည်များကိုလည်း တွေ့လိုက်ရသည်။ စိတ်ကူးစိတ်သန်းကောင်းလိုက် သည်များ တီထွင်မှုများကို ဂုဏ်ယူမိသည်။ မြန်မာ့ထွက်ကုန် အသီး အနှံများစွာကို အကျိုးရှိစွာ အသုံးပြုနိုင်ခဲ့သည်။ ကျွန်မတို့ နိုင်ငံရပ် ခြားက ဓာတုဖျော်ရည်များအစား မိမိတို့တိုင်းပြည်အတွင်းမှာ ပေါ များလျှံပယ်စွာရှိသည့် လူတို့စားသုံးနိုင်မှုများစွာကို သွင်းကုန်အစား ထိုး အသုံးပြုနိုင်နေပြီဖြစ်သည်။ အရောင်းတာဝန်ခံမှ ရှားစောင်းပင် များနှင့်အခြားသီးနှံပင်များ စက်ရုံအတွင်း၌ စိုက်ပျိုးထားကြောင်း၊ အရောင်းသွက်ကြောင်း ရှင်းလင်းပြောပြသည်။
စိမ်းပြာရေညှိ အလှကုန်များ
စိမ်းပြာရေညှိကိုအခြေခံ၍ မန်ကျည်းမှည့် ရောစပ်ထားသည့် ဆေးဖက်ဝင်အသားဖြူ  သနပ်ခါးခဲ၊ စပီရူလိုင်းနား ရေညှိသနပ်ခါးခဲ၊ စပီရူလိုင်းနား ဆေးသနပ်ခါး၊ မျက်နှာပေါင်းတင်ဆေးမှုန့်၊ တင်းတိတ်၊ ဝက်ခြံနှင့် မိတ်ပျောက်သနပ်ခါးခဲ၊ ဆံပင်ပေါင်းတင်ရည်၊ ဆံပင် အား ဖြည့်ရည်နှင့် ရွှေသြဇာ စပီရူလိုင်းနာ ဇီဝမြေသြဇာ၊ ရွှေသြဇာ စပီရူ လိုင်နား ဇီဝမှိုသတ်ဆေး စသည်တို့၏ အာနိသင်များကို အရောင်း စာရေးမလေးက ရှင်းလင်းပြောပြသည်။ ကျွန်မတို့ မြန်မာပြည်မှထုတ် လုပ်သည့် နိုင်ငံတကာအဆင့်မီ ထုတ်ကုန်များ စစ်ကိုင်းတိုင်းအတွင်းမှ ထွက်နေသည်မှာ ဆယ်စုနှစ်လေးစုနီးပါး ရှိနေပြီဖြစ်ကြောင်း သိရှိရ သည်။ စိမ်းပြာရေညှိ  အလှကုန် ပြည်တွင်းသာမက နိုင်ငံတကာသို့ တင်ပို့ရောင်းချကြမည်ဆိုလျှင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ပိုမိုပေါ်ပေါက်နိုင်မည်ဖြစ်သည်။ စိမ်းပြာရေညှိဇာစ်မြစ်ကို   စတင်ဖော်ထုတ်ခဲ့သည့် ကွယ်လွန်သူ ဆရာကြီးပါမောက္ခ ဒေါက်တာမင်းသိမ်းကိုလည်း များစွာဦးညွတ်ဂုဏ် ပြုရမည်ဖြစ်သည်။ လေ့လာခွင့်ရမည်ဆိုပါကလည်း မြန်မာနိုင်ငံ၏ ရှားပါးသယံဇာတ စိမ်းပြာရေညှိများကို မျိုးထိန်းမျိုးပွားပြီး စိမ်းပြာ ရေညှိထုတ်ကုန်များ ထုတ်လုပ်နေသည့် ဆေးဝါးစက်ရုံသို့သွားရောက် လေ့လာလိုစိတ်လည်း ထပ်မံဖြစ် ပေါ်ခဲ့သည်။ မြန်မာသိ၊ ကမ္ဘာသိ စစ်ကိုင်းတိုင်းမှ စိမ်းပြာရေညှိ ထုတ်ကုန်များလည်း တွင်ကျယ်စွာ ရောင်းချပြီး နိုင်ငံ့ဝင်ငွေ ပိုမိုရရှိစေလိုပါကြောင်း စီးပွားရေးရှုထောင့်မှ အားပေးတိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။        

သန်းသန်းတင် (မုံရွာ)