Main menu

Background

ဈေးကွက်ဝေစုရနေသော ကသာခရိုင်အတွင်းရှိ သကြားစက်များ

Mon, 07/31/2023 - 13:19 -- journal_editor

သကြားသည်လူတို့၏ အရေးကြီးသော အစားအစာတစ်မျိုး ဖြစ်သည်။ ဓာတ်ဆီသည် မော်တော်ယာဉ်စက်ကို အပူငွေ့နှင့်စွမ်းအင် ပေးရန်အတွက် မရှိမဖြစ်သကဲ့သို့ သကြားဓာတ်သည်လည်း  လူ့ခန္ဓာ ကိုယ်စက်ကြီးအတွက် မရှိမဖြစ်သော   အာဟာရဓာတ်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားကစား၍ဖြစ်စေ၊ အပင်ပန်းခံ အလုပ်လုပ်၍ဖြစ်စေ အင်အားကုန်ခန်းမောပန်းသောအခါ  သကြားကို  စားကြရသည်။ ဂလူးကို့စ် ဆေးသကြားကို အင်အားကုန်ခန်းမောပန်းနေသည့် လူနာ များကို တိုက်ရသည်။   သာမန်အားဖြင့် လူတို့သည်တစ်နှစ်လျှင် မိမိ ခန္ဓာကိုယ်အလေးချိန်နှင့်အမျှ သကြား  စားကြသည်ဟုဆိုသည်။ သကြားတစ်ပေါင်လျှင် အပူ၏ပမာဏဖြစ်သော   ကယ်လိုရီ ၁၈၀ဝ ပါရှိသည်။ လူတို့၏အသက်ရှင် ကျန်းမာရေးအတွက်   လိုအပ်သော ဓာတ်တစ်ပါးဖြစ်သည့် ကာဗိုဟိုက်ဒြိတ်ဓာတ်သည် သကြား၌ရာခိုင် နှုန်းပြည့် ပါဝင်သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် သကြားထုတ်လုပ်နိုင်ရန် စိုက်ပျိုး သည့် ကြံစိုက်ဧက ၁၄၁၇၈၀ ရှိသည်။ ယင်းတို့အနက်  ကသာခရိုင်၌ ၁၂၇၂၃၁ ဧကစိုက်ပျိုးသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၀ရာခိုင်နှုန်း စိုက် ပျိုးကြောင်းသိရသည်။ ကသာမြို့နယ်တွင်   ကြံစိုက်ဧက ခြောက် သောင်းကျော်နှင့် ထီးချိုင့်မြိုနယ်တွင် ကြံစိုက်ဧက ခြောက်သောင်း ငါးထောင်ကျော် စိုက်ပျိုးပြီး ကြံစိုက်တောင်သူ စုစုပေါင်း ၁၄၀ဝကျော် ခန့်ရှိ ကြောင်း သိရှိရသည်။ ကြံစိုက်ပျိုးသည့်မြေများမှာ သဲနုန်းမြေနှင့် နုန်းစပ်နယ်မြေ အမျိုးအစားများဖြစ်ပြီး ကြံလိုအပ်သည့် မိုးရေချိန်နှင့် ကြံနှစ်သက်သည့် မြေဆီလွှာအချိုးညီသဖြင့် ၎င်းဒေသများတွင်  စိုက် ပျိုးသော ကြံ တစ်ဧကလျှင် ၂၅တန်မှ တန်၃၀ထိ ထွက်ရှိကြောင်းသိရ သည်။ ပထမနှစ် စတင်စိုက်ပျိုးသည့်ကြံကို ခင်းသစ်၊ ၎င်းအခင်းကို ထပ်မံစိုက်ပျိုးရန်မလိုဘဲ ဒုတိယနှစ်  ထွက်သည့် ကြံကို လမိုင်း၊ အချို့ စိုက်ခင်းများ တတိယနှစ်ထိ စိုက်ပျိုးရန်မလိုဘဲ ကြံခင်းခုတ်သိမ်းပြီး ကျန်ရှိသည့် ကြံရိုးပြတ်များကို မီးရှို့၍ မိုးဦးကျအချိန်၌   အခင်းကို ထွန်ရေးဝင်ပြီး အမြစ်များမှ ထွက်ရှိသော ကြံတတိယမျိုးဆက်များ ကို မွေးမြူ၍ ထွက်ပေါ်ချိန်ခုတ်ရောင်းချခြင်းကို လမက်ဟု   ဒေသ အခေါ်ရှိသည်။ ဒုတိယနှစ်ကြံထွက်ရှိမှုနှင့် တတိယနှစ် ကြံထွက်ရှိမှု သည် ပထမနှစ်ခင်းသစ်ကြံထွက်ရှိမှုကို မမီသော်လည်း ကြံမျိုးနှင့်စိုက် စရိတ်မကုန်၍ ကြံစိုက်တောင်သူများအနေဖြင့် ကြံစိုက်ခင်းကိုသုံးနှစ် ထိ အသုံးပြုကြကြောင်း သိရသည်။ 
ကသာခရိုင်မှ စိုက်ပျိုးထွက်ရှိသည့်ချက်ကြံများကို  ထီးချိုင့်မြို့ နယ်၊ မြတောင်ကျေးရွာတွင် ွှ့ဏ သကြားစက်၊မြတောင်သားသကြား စက်နှင့်ဝေမာသကြားစက် စက်သုံးစက်မှဝယ်ယူကြိတ်ခွဲပြီးပြည်တွင်း စားသုံးရန် လိုအပ်သည့် သကြားလိုအပ်ချက်ကို ဖြည့်တင်းပေးလျက် ရှိသည့်အပြင် ပိုလျှံသည့် သကြားများအား ပြည်ပသို့တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
သကြားထုတ်လုပ်ပုံအဆင့်ဆင့် 
ကုန်ကြမ်းကြံများကို ဦးစွာဆေးကြောပြီး  ကြံအချောင်းများကို စင်းစက်ဖြင့် ဖြတ်တောက်ကာ ကြံအပိုင်းများကို တလိမ့်တုံးကြိတ်စက် ကြီးများဖြင့် ကြိတ်ဝါးပြီး ကြံအရည်ညှစ်ယူသည်။ ကြံဖတ်၌ အရည် လုံးဝကုန်သည်အထိ အထပ်ထပ်ရေပက်၍ ညှစ်ရသည်။ ထို့နောက် ကြံရည်ကို  သန့်အောင်စစ်ပြီးလျှင်  ကြံရည်ကျိုအိုးများတွင်ထည့်ပြီး အပူချိန် ၄၅ ဒီဂရီဖြင့် စတင်ကျိုပြီး အပူချိန် ၁၂၀ ဒီဂရီတွင် ကန့်၊ ထုံးများထည့်ရသည်။ ယင်းသို့ကျိုစဉ် ထွက်လာသော အညစ်အကြေး များကို ဂရုစိုက်၍ ထုတ်ပစ်ရသည်။  အညစ်အကြေးများကုန်သော အခါ ထိုကြံရည်ထဲတွင် ထုံးဓာတ် ကုန်သွားစေရန် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ် ထည့်ပေးရသည်။ သန့်စင်အောင်ကျိုချက်ပြီးသော ကြံ ရည်ကို အီဗက်ပရေတာခေါ် ဒယ်ပက်အိုးကြီးဖြင့် အရည်များ စေးခဲ လာသည်အထိ   အပူတိုက်၍ ကျိုချက်ရသည်။ ထိုစေးခဲလာသော အရည်များကို အခြားအိုးသို့ပြောင်းပြီး လေဖိအားလျှော့ထားသော အခန်းထဲ၌ မီးမျှင်းမျှင်းဖြင့် သကြားခဲကလေးများ ဖြစ်လာသည်အထိ ချက်ရသည်။ ထိုသို့ကျိုချက်ပြီးနောက် ဗဟိုခွာစက်ဖြင့်  သကြားနှင့် တင်လဲရည် ခွဲထုတ်ပါသည်။ထွက်ရှိလာသော သကြားအားအခြောက် ခံစက်ဖြင့် အခြောက်ခံကာ   အိတ်တွင်ထည့်၍ ဈေးကွက်သို့ တင်ပို့ ရောင်းချခြင်းနှင့်အတူ တင်လဲရည်ကိုလည်း ဈေးကွက်သို့တင်ပို့ရောင်း ချပါသည်။
UTP သကြားစက်
UTP သကြားစက်ကို ၂၀ဝ၉ခုနှစ်က စတင်လုပ်ကိုင်ခဲ့သည်။ ကြံထွက် ပေါ်သည့် ဒီဇင်ဘာလမှ ဧပြီလထိသာ သကြားစက်လုပ်ငန်း လုပ်ကိုင်ကြသည်။ တစ်ရက်လျှင် ကြံတန်ချိန် ၂၃၇ တန်ကို ကြိတ်ခွဲ ထုတ်လုပ်နိုင်ပြီး ၂၀၂၂-၂၀၂၃ခုနှစ်   ကြံရာသီတွင် ကြံတန်ချိန် သုံးသောင်းငါးထောင်ခန့်ကို ကြိတ်ခွဲနိုင်ခဲ့ပြီး   သကြားတန်ချိန် သုံး ထောင်ခန့်ရရှိကြောင်း သိရှိရသည်။ UTP သကြားစက်သည် ရာသီ ချိန် နေ့စား/ပုတ်ပြတ်လုပ်သားဦးရေ ၁၃၀ခန့်ကို   အလုပ်အကိုင် အခွင့်အလမ်းများပေးထားနိုင်သည်။ အမြဲတမ်းဝန်ထမ်း ငါးဦးခန့်ထား ပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊  လုပ်သား တစ်ဦး တစ်လလျှင်အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ခြောက်သိန်းထိ လုပ်ခလစာပေးကြောင်း သိရှိရသည်။ ထွက်ရှိသည့် ကုန်ချောသကြား များကို မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချသည်။
မြတောင်သားသကြားစက်
မြတောင်သားသကြားစက်ကို ၂၀ဝ၃ခုနှစ်က စတင်လုပ်ကိုင် ခဲ့သည်။ ကြံထွက်ပေါ်သည့် ဒီဇင်ဘာလမှ ဧပြီလထိသာ သကြားစက် လုပ်ငန်း လုပ်ကိုင်ကြသည်။ တစ်ရက်လျှင် ကြံတန်ချိန်  ၂၃၀တန်ကို ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး ၂၀၂၂-၂ ဝ၂၃ခုနှစ် ကြံရာသီတွင် ကြံတန် ချိန် လေးသောင်းနှစ်ထောင်ခန့်ကို ကြိတ်ခွဲနိုင်ခဲ့ပြီး သကြားတန်ချိန် ၃၇၀ဝ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။  မြတောင်သား သကြားစက် သည် ရာသီချိန် နေ့စား/ပုတ်ပြတ်လုပ်သားဦးရေ ၁၀ဝ ခန့်ကို အလုပ် အကိုင်အခွင့်အလမ်းများ  ပေးထားနိုင်သည်။ အမြဲတမ်း  ဝန်ထမ်း ၁၅ ဦးကျော်ဦးရှိပြီး လုပ်သားတစ်ဦးတစ်လလျှင် အနည်းဆုံး ကျပ် သုံးသိန်းမှ  ကျပ် ငါးသိန်းငါးသောင်းထိ လုပ်ခလစာပေးကြောင်း သိရှိရသည်။ ထွက်ရှိသည့် ကုန်ချောသကြားများကို ဈေးကွက် လိုအပ် ချက်ရှိသော မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။ 
ဝေမာသကြားစက်
ဝေမာသကြားစက်ကို  ၂၀၂၂ခုနှစ်က စတင်လုပ်ကိုင်ခဲ့သည်။ ကြံ ထွက် ပေါ်သည့် ဒီဇင်ဘာလ မှ ဧပြီလထိသာ သကြားစက်လုပ်ငန်း လုပ်ကိုင်ကြသည်။ တစ်ရက်လျှင် ကြံတန်ချိန်  ၈၀ဝ၀ ကို  ကြိတ်ခွဲ ထုတ်လုပ်နိုင်ပြီး   ၂၀၂၂-၂၀၂၃  ခုနှစ် ကြံရာသီတွင်  ကြံတန်ချိန် ၇၆၄၂၂၁ တန်ကို ကြိတ်ခွဲနိုင်ခဲ့ပြီး သကြားတန်ချိန်  ရှစ်သောင်းရှစ်ထောင်ခန့်ရရှိခဲ့ကြောင်း သိရှိရသည်။ ဝေမာသကြားစက်သည် ရာသီ ချိန် နေ့စား/ပုတ်ပြတ်  လုပ်သားဦးရေ ၁၃၀ဝ ခန့်ကို  အလုပ်အကိုင် အခွင့်အလမ်းများပေးထားနိုင်သည်။ အမြဲတမ်း ဝန်ထမ်း ၆၅ဦးခန့်ရှိ ပြီး လုပ်သားတစ်ဦး တစ်လလျှင်အနည်းဆုံး ကျပ်နှစ်သိန်းငါးသောင်း မှ ကျပ် ၁၀ သိန်းထိ လုပ်ခလစာပေးသည်။ ထွက်ရှိသည့် ကုန်ချော သကြားများကို    ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ဖြစ် သော ဗီယက်နမ်နိုင်ငံသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။
မြတောင်သားသကြားစက်နှင့် ဝေမာသကြားစက်သည် ကြံ စိုက် တောင်သူများအား  ကြံခုတ်ခ တစ်တန်လျှင် ငါးထောင် ကျပ် နှုန်း၊ ကြိုတင်ပေးငွေ တစ်တန် ကျပ်နှစ်သောင်း၊ စိုက်ခ/ရိတ်ခ  တစ် ဧကလျှင် ကျပ်သုံးသိန်းနှင့် မြေဆီနှစ်အိတ်  ကြိုတင်ထုတ်ပေးပြီး ကြံ ပေါ်ချိန် ကြံတစ်တန် ဝယ်ယူသည့်ပေါက်ဈေး ကိုးသောင်းငါးရာကျပ်မှ ခုနှိမ်ရှင်းလင်းကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်အနေဖြင့်  ကြံစိုက်ပျိုး သော တောင်သူများထံမှ ထွက်ရှိသည့်ကြံများကို စက်သုံးစက်မှ ဝယ် ယူကြိတ်ခွဲပြီး ထွက်ရှိသည့် သကြားများအား ပြည်တွင်းလိုအပ်ချက် သာမက ပိုလျှံသည်များကို  ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်မှ လိုအပ်လျက်ရှိသည့် နိုင်ငံခြားငွေများကို တစ်ဖက်တစ် လမ်းမှ ဖြည့်တင်းပေးလျက်ရှိကြောင်း ‌ရေးသားတင်ပြလိုက်ရသည်။

သန်းသန်းတင် (မုံရွာ)