Main menu

Background

နမ့်ဆန်မြို့နယ်၏ လက်ဖက်စိုက်ပျိုးပုံ အဆင့်ဆင့်

Mon, 08/14/2023 - 10:23 -- journal_editor

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းတွင် ပလောင်လူမျိုးအများစုနေထိုင်ကြပြီး လက်ဖက်ကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အဓိကစိုက်ပျိုး လုပ်ကိုင်ကြကြောင်းနှင့်
လက်ဖက်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး အဆင့်ဆင့်လုပ်ကိုင်ရကြောင်း သိရသည်။ပထမအဆင့် လက်ဖက်ပင်မှထွက်ရှိသော လက်ဖက်စေ့များကို နတ်တော်၊ ပြာသိုနှင့် တပို့တွဲလများတွင် ခူးဆွတ်ထားပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ စိုက်ပျိုးကြကြောင်း၊ လက်ဖက်စေ့များ စိုက်ပျိုးသည့်နေရာကို တချို့တောင်သူများက တစ်နှစ်လျှင်တစ်ကြိမ် ခြံရှင်းလင်းပြီး တချို့တောင်သူများက တစ်နှစ်လျှင် နှစ်ကြိမ် ရှင်းပေးရကြောင်း သိရသည်။ စိုက်ပျိုးခဲ့သည့် လက်ဖက်စေ့များသည် သုံးနှစ်အကြာတွင် အရွက်များ အနည်းငယ်ထွက်ရှိလာသည့်အတွက်လက်ဖက်ရွက်များကို ခူးရကြောင်းနှင့် ထိုလက်ဖက်ပင်များကို ပြန်လည်စိုက်ပျိုးရကြောင်း၊ ထွက်ရှိလာသော လက်ဖက်များကို ရွက်စိမ်းလက်ဖက်၊ လက်ဖက်စို၊ အခါးခြောက်၊ လျှော်ခြောက်၊ အချဉ်မွှေးဟူ၍ ပုံစံမျိုးစုံ၊ တံဆိပ်မျိုးစုံဖြင့် ဈေးကွက်အတွင်းသို့ ထုတ်လုပ်ရောင်းချကြောင်း သိရှိရသည်။

ခင်ခင်ဌေး (နမ့်ဆန်)