Main menu

Background

စစ်ကိုင်းဒေသထွက် လူကြိုက်များသော တရုတ်ဆီးသီး

Mon, 08/14/2023 - 10:27 -- journal_editor

တရုတ်ဆီးသီးများသည် စစ်ကိုင်းမြို့နယ်၌  ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတွင် အဖူးအပွင့်များ စတင်ဖူးကြပြီး မတ်လ တွင် အသီးကင်းလေးများ ဖြစ်ပေါ်ကာ ဧပြီလနှင့် မေလတွင် တဖြည်းဖြည်း ကြီးထွားလာသည်။ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ များတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချကြောင်း သိရ သည်။  တရုတ်ဆီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုန်း ဆန်သော မြေအမျိုးအစားဖြစ်ပြီး ပိုမိုအောင်မြင်ဖြစ်ထွန်း ကြောင်း သိရသည်။ အပင်စိုက်ပျိုးချိန်မှာ သုံးနှစ်မှငါးနှစ် အကြား အသီးများကို ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရ သည်။ ယခုအချိန်မှာ စစ်ကိုင်း ဒေသထွက်တရုတ်ဆီးသီးများ သည် ရာသီဥတုကောင်းမွန်သောကြောင့် ဈေးကွက်များတွင် အများအပြား ခူးဆွတ်ရောင်းချကြောင်း သိရသည်။
စစ်ကိုင်းမြို့အဝင် မုံရွာလမ်းမကြီးဘေး ဝဲ/ယာတစ် လျှောက်တွင် စစ်ကိုင်းမြို့မှ ထွက်ရှိသည့် တရုတ်ဆီးသီးများကို ထီးမိုး၍ စားပွဲခုံများတွင်တင်၍ရောင်းချနေကြသည်။ စစ်ကိုင်း မြို့ရှိ ခြံများနှင့် အိမ်များတွင် ဖောက်သည်ဈေး တစ်ပိဿာ ကျပ် ၂၅၀ဝ၊  ၃၀ဝ၀၊ ၃၅၀ဝ ထိ ဝယ်ယူရပြီး လက်လီရောင်း လျှင် ၂၅ ကျပ်သား တစ်စည်းကို ကျပ် ၁၅၀ဝ နှုန်း၊ တစ်ပိဿာ ကျပ် ၅၀ဝ၀ နှုန်းဖြင့် ပြန်လည်ရောင်းချကြောင်း သိရသည်။ 
ဈေးဆိုင်များတွင်   ယခုရောင်းနေသည့်    တရုတ် ဆီးသီးများမှာ စစ်ကိုင်း  တရုတ်ဆီးသီးများအပြင် ပြင်ဦးလွင် အထက်  အုန်းချောကထွက်သည့်  ဟုန်းပန်းတရုတ်ဆီးသီးနှင့် ယိုးဒယား တရုတ်ဆီးသီးများကိုလည်း ရောင်းချကြသည်။ ယိုးဒယား  တရုတ်ဆီးသီးကို မော်လမြိုင်မှ ဝယ်ယူရရှိကြောင်း သိရသည်။ ယိုးဒယား တရုတ်ဆီးသီးသည် တစ်နှစ်ပတ်လုံး ထွက်ရှိပြီး ယိုးဒယားတရုတ်ဆီးသီး ခြောက်ပိဿာ တစ်ခြင်းကို ကျပ် ၁၂၀ဝ၀ ဝယ်ယူရရှိပြီး လက်လီရောင်းလျှင် တစ်ပိဿာ ကျပ် ၄၀ဝ၀ နှုန်းနဲ့ ပြန်လည်ရောင်းကြောင်း သိရ သည်။ 
စစ်ကိုင်းတရုတ်ဆီးသီးများကို မန္တလေးမြို့နေ ပြည်သူ များက သွေးအားကောင်းပြီး ကျန်းမာရေးအတွက် အထောက် အကူပြုသဖြင့် စစ်ကိုင်းမြို့သို့ လာရောက်ဝယ်ကြောင်း သိရှိရ သည်။ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် တရုတ်ဆီးသီး များကို စိုက်ပျိုးထားပြီး   နှစ်ရှည်သီးပင်ဖြစ်သောကြောင့် မိသားစု  တစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိသော သီးနှံဖြစ်ပြီး စစ်ကိုင်းမြို့   တရုတ်ဆီးသီးသည်  မြန်မာပြည်တစ်ဝန်းလုံး အလွန်နာမည်ကြီး လူကြိုက်များသော အသီးအနှံ တစ်မျိုး ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ယဉ်အောင် (စစ်ကိုင်း)