Main menu

Background

ဒေသထွက် ရေခူ(သို့မဟုတ်)ငါးဂျယ်လီ

Thu, 08/31/2023 - 10:28 -- journal_editor

ခူသည် ကမ်းရိုးတန်းတစ်လျှောက် ရေငန်ပိုင်းနှင့် ပင်လယ်ကျယ်များတွင် ရေပေါ်၌  ပေါ်လေ့ရှိကြောင်း  သိရ သည်။ ခူတွင် စားခူ၊ ခူနီ၊ ခူဝက်ခေါက်၊ ခူမီး(ခ)ခူတောင်များ   အမျိုးမျိုးရှိပြီး  လူတို့စားသုံးရသောခူသည်  စားခူဖြစ် ကြောင်း   သိရှိရသည်။  ခူနီ၊ ခူဝက် ခေါက်တို့သည်  လူတို့အတွက် အသုံး မဝင်ဘဲ ခူမီ(ခ)ခူတောင်များကို လက်ဖြင့် ကိုင်တွယ်မိပါက မီးကဲ့သို့ ပူလောင်ခြင်း၊ ယားယံခြင်းဖြစ်ကြောင်းနှင့် အန္တရာယ် ရှိကြောင်း ခူလုပ်သားတစ်ဦးထံမှ သိရ သည်။ စားခူကို  ဖေဖော်ဝါရီ၊  မတ်နှင့် ဧပြီလတို့တွင် အများဆုံးရရှိကြောင်း၊ ၎င်းခူများသည်ရေပေါ်တွင် ပေါလော နေချိန်တွင် သံချိတ်ဖြင့် ချိတ်ယူဖမ်းဆီး ရသည်။ ခူကို ရေဆုတ်ပတ်တွင် အများ ဆုံး ဖမ်းယူရရှိကြောင်းနှင့် စားခူတစ် ကောင်သည် လေးပိဿာနှင့် ငါးပိဿာ ခန့်ရှိပြီး ခြေလက်များ ဖြတ်တောက်၍ ကိုယ်ပိုင်းကို   ဆားကြမ်း၊   ဆိုဒါမှုန့်၊ ကျောက်မှုန့်များ  အချိုးကျ ရောစပ်ကာ  ပထမတန်းတွင်သုံးရက်ခန့်  စိမ်ထား ရသည်။ သုံးရက်ပြည့်တွင် ပြန်ဆယ်ယူ ပြီး ရေငန်နှင့်ဆေးကြော၍ ဒုတိယတန်း တွင် ဆားကြမ်းဖြင့် သုံးရက်ခန့်ပြန်လည် စိမ်ထားရာမှ တတိယတန်းသို့ ပြောင်း လဲရေစစ်ရပြီး  နောက်ဆုံးရောင်းတမ်း ဝင်အဆင့်ထိ ထားရှိရကြောင်း သိရှိရ သည်။
စားခူ တစ်ပိဿာလျှင် ယခင်က ကျပ် ၃၅၀ဝ မှ  ၄၀ဝ၀ ထိရှိပြီး ယခု ကာလတွင် တစ်ပိဿာကို  ကျပ် ၆၅၀ဝ ထိဈေးမြင့်နေပြီး ခူကို ကြက်သွန်ကြော်၊ ခရမ်းချဉ်သီး မြေပဲ၊ နံနံပင်များထည့် ကာ သုပ်စားရသော ကမ်းရိုးတန်းဒေသ ထွက်   ဟင်းမယ်ဖြစ်ကြောင်း  သိရှိရ သည်။

 

ဦးကျား