Main menu

Background

ရာသီကုန်ဆုံးတော့မဲ့ ကော့လုံက မျှစ်

Thu, 08/31/2023 - 10:39 -- journal_editor

ငါးပိမှာကော့ရင်း မျှစ်မှာကော့လုံဆိုသည့်တိုင် ကရင်ပြည်နယ်တွင် ရေချိုငါးပိ အကောင်းဆုံးမှာ ကော့ရင်းဒေသထွက် ငါးပိဖြစ်ကြောင်းနှင့် ငါးပိရည်နှင့် တွဲဖက်စားသုံးသော မျှစ်ချို (ဝါးနွယ်မျှစ်) မှာ ကော့လုံဒေသထွက်မျှစ်များဖြစ်ကြောင်း ဒေသခံများက ဆိုရိုးပြုရသည့်တိုင် မြန်မာလူမျိုးများ နှစ်ခြိုက်စွာ တွဲ၍ စားသုံး ကြသည့် ကရင်ပြည်နယ် ဘားအံခရိုင်ကော့လုံဒေသထွက် မျှစ်များမှာ မကြာမီ မျှစ်ချိုးချိန်၊ မျှစ်ပေါ်ချိန် ရာသီကုန်ဆုံးတော့မည်ဖြစ်သည်။
ကရင်ပြည်နယ် ကော့လုံဒေသထွက် ဝါးနွယ်မျှစ် (မျှစ်ချို)များသည် နှစ်စဉ်မိုးဦးကျတွင် မေလနှောင်း ပိုင်းတွင် စတင်ထွက်ပေါ်လေ့ရှိပြီး သြဂုတ်လတွင် မျှစ်ချိုးရာသီ  ကုန်ဆုံးလေ့ရှိသည်။ ကရင်ပြည်နယ် ကော့လုံဒေသထွက်မျှစ်များသည် ပေါ်ဦး ပေါ်စအချိန်တွင် တစ်ပိဿာ တစ်သောင်းကျပ်ထိ ဈေးနှုန်း အရောင်းအဝယ်ဖြစ်ကြောင်းနှင့် မျှစ်ပေါ်သည့်ကာလ ဇွန်၊ ဇူလိုင်များတွင် တစ်ပိဿာ ကျပ် ၂၅၀ဝ ထိသာ ဈေးနှုန်းရရှိကြောင်း၊ လက်ရှိတွင် တစ်ပိဿာ ကျပ် ၃၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။
ကော့လုံဒေသထွက်မျှစ်များကို ဘားအံမြို့ ရေပေါ်ဈေးတွင် လာရောက်ရောင်းချနေသော ဒေသခံ တိုင်းရင်းသူတစ်ဦးက မျှစ်ရောင်းချရမှုနှင့်ပတ်သက်၍ ]]ကော့လုံက လာရောင်းတာ၊ မျှစ်က ဒီလဆို ကုန် တော့မှာလေ၊ အခု တစ်ပိဿာ ၃၅၀ဝ ရောင်းတယ်၊ တစ်နေ့ကို ငါးသောင်းဖိုးလောက် ရောင်းရတယ်၊ ကယ်ရီခ ငါးထောင် ပေးရတယ်။ နှစ်သောင်းလောက်ကျန်တယ်}}ဟု  ပြောသည်။ 
မျှစ်သည် ဝါးပင်ရက်သတ္တနှစ်ပတ်သား မတိုင်ခင် ဝါးပင်ပေါက်အရွယ်မှာ ချိုးယူ၍ မျှစ်အဖြစ် စား သောက်ခြင်းဖြစ်ကြောင်းနှင့်  မျွှစ်ကို ချက်ချင်းလက်ငင်းချိုးယူ၍ ငါးပိရည်၊ ငရုတ်သီးစပ်စပ်ဖြင့် တို့မြှုပ်၍  စားသုံးနိုင်သကဲ့သို့ တာရှည်ခံအောင်ထား၍လည်း နည်းအမျိုးမျိုး စားသုံးကြလေ့ရှိပြီး မြန်မာလူမျိုများ ကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ်ပေသည်၊ 

မျိုးဝင်းနိုင် (ဘားအံ)