Main menu

Background

မော်လမြိုင်မှ အောင်မြင်နေသည့်အထည်ချုပ်လုပ်ငန်း(သို့မဟုတ်)အသေးစားလုပ်ငန်း

Mon, 09/11/2023 - 12:46 -- journal_editor

မွန်ပြည်နယ်၊မော်လမြိုင်မြို့အတွင်းစက်ချုပ်ပညာဖြင့် အသေး စား အထည်ချုပ်လုပ်ငန်းကို မိမိတို့အိမ်၌အလုပ်ရုံသဖွယ် စီမံဆောင် ရွက်လျက် စီးပွားရေးလုပ်ငန်း   အထည်ချုပ်လုပ်ငန်းများရှိသည်။  ထိုအထည်ချုပ်လုပ်ငန်းကို အမျိုးသမီးများက ဦးဆောင်၍ လုပ်သား များ ခန့်အပ်ပြီး လုပ်ကိုင်နေသူများဖြစ်ကြသည်။    မွန်ပြည်နယ် မော်လမြိုင်မြို့၊   ဇေယျာသီရိရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ လှိုင် ရပ်ကွက်တို့တွင် အထည်ချုပ်လုပ်ငန်းခုနစ်ခုရှိသည်။ စက်ချုပ်ပညာ သည် လူတို့အတွက် အလှအပဆင်မြန်းခြင်း၊ ခေတ်နှင့်အညီ ဖန်တီး ဆန်းသစ်ခြင်း၊ မြန်မာအမျိုးသမီးများဘဝ၏ အသက်မွေးဝမ်းကျောင်း အတွက် လွန်စွာကောင်းမွန်သည့် အတတ်ပညာရပ်တစ်ခုဖြစ်သည်။ ယခင်က စက်ချုပ်ပညာရပ်ကို   ဝါသနာပါသူများ၊  အိမ်ထောင်ရှင် အမျိုးသမီးများ တစ်ဖက်တစ်လမ်းမှ အိမ်တွင်းကုန်ကျစရိတ် သက် သာစေလိုကြောင်း လေ့လာဆည်းပူးကြသည့် အတတ်ပညာရပ်တစ်ခု ဖြစ်ပါသည်။ ယနေ့ခေတ်တွင် စက်ချုပ်ပညာဖြင့်  စီးပွားရေးလုပ်ငန်း ကို လုပ်ကိုင်လာသူပိုမိုများလာသည်ကို  တွေ့ရှိရသည်။  ထိုကဲ့သို့ မြန်မာအမျိုးသမီးများအနေဖြင့်  မိမိတို့အိမ်တွင် မိသားစုနှင့်အတူ တကွ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားစေရေး၊ မိသားစုစားဝတ် နေရေးဖူလုံရေးတို့အတွက်ရရှိရန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်းကိုဦးစီး၍  အသေးစားစီးပွားရေးလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်ခြင်းဖြစ်သည်။  

ကုန်ကြမ်းပစ္စည်း ဝယ်ယူခြင်း 
မော်လမြိုင်မြို့အထည်ချုပ်အသေးစားလုပ်ငန်း၌ လိုအပ်သည့် ကုန်ကြမ်းပိတ်စကို ယိုးဒယား မဲဆောက်မြို့၊ မြဝတီမြို့နှင့် ရန်ကုန်မြို့ ဘက်ခြမ်းမှ ဝင်ရောက်သော ပိတ်သား (စပန့်၊ ကော်တွန်၊ ပါထိုင်း)တို့ကို အသုံးပြုသည်။  ကီလိုဂရမ်ချိန် ဈေးနှုန်းဖြင့်လည်းကောင်း၊ ဈေးနှုန်းအားဖြင့် တစ်တောင်စမှ သုံးတောင်စပိတ်ဖြတ်  တစ်ကီလိုကို ကျပ် ၄၅၀ဝ မှ ၆၅၀ဝ အတွင်းရှိပြီး တစ်ကိုက်စမှ ၄ကိုက်စပိတ်ဖြတ် တစ်ကီလိုကို ၇၀ဝ၀ ကျပ်မှ ၈၅၀ဝ ကျပ်အတွင်း၊ နှစ်ကိုက်စမှ ကိုက် ရှည်၂၀ပိတ်စ တစ်ကီလိုကို ကျပ် ၁၀ဝ၀ဝ မှ ၁၄၀ဝ၀ အတွင်း အပွင့် အဆင်၊ကာတွန်းရုပ်အဆင်များဖြင့်ဈေးနှုန်းကွာခြားမှုရှိသည်။  ကိုက် ဖြတ်ဝယ်ယူလျှင် ဈေးနှုန်းအားဖြင့် ပိတ်စအဆင်  ကာလာစုံ၊ ဒီဇိုင်းစုံ ရွေးချယ်ဝယ်ယူ၍ရသည် တစ်ကိုက်ကို ၂၅၀ဝမှ ၃၀ဝ၀ကျပ်အတွင်း  ပိတ်စအမျိုးအစားအပေါ် မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိပါသည်။ ထိုပိတ်စများကို ဝယ်ယူ၍ အထည်ချုပ်လုပ်ငန်း၏  ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းဖြစ်သည်။ 

လုပ်ငန်းလည်ပတ်မှုနှင့်လုပ်သားခရရှိငွေ
လုပ်သားများသည် နံနက် ၇နာရီမှ ညနေ၅ နာရီအထိ အလုပ် ချိန်ကို သတ်မှတ်၍လုပ်ကိုင်ကြသည်။ ချုပ်သည့်အထည်ပေါ် မူတည် ၍ ချုပ်ထည်အမျိုးအမည်များမှာ အမျိုးသမီးဝတ်အင်္ကျီနှင့် ဘောင်း ဘီရှည် (ဝမ်းဆက်)၊  အင်္ကျီနှင့်ဘောင်းဘီတို (ဝမ်းဆက်)၊ ဂါဝန်ရှည်၊ ခေါင်းစွပ်လက်တိုအင်္ကျီ၊ခေါင်းစွပ်လက်ပြတ်အင်္ကျီ၊  ကလေး ကျား/မ ဝတ် ဝမ်းဆက်စုံ၊ အမျိုးသားဝတ် ဂျိုင်းပြတ်စွပ်ကျယ်၊ အမျိုးသားဝတ် ဘောင်းဘီတို(ပိုးကြိုးပါ)အထည်များ  ချုပ်လုပ်သည်။ ဒီဇိုင်းဆွဲ ပိတ် ညှပ်သူများအနေဖြင့်  ပိတ်စကို    သေချာစနစ်တကျထားပြီးမှ ကတ် သလောက်(အင်္ကျီပုံစံ)ကို ထပ်တူညှပ်ရသည်။  အထည်တစ်ခုလုံး တွင် ပါဝင်မည့် လိုအပ်ပစ္စည်းများကို သေချာစွာ ပြုလုပ်ပေးရသည်။ အထည်ချုပ်သည့်လုပ်ငန်းတွင်    အထည်ညှပ်သူများသည် ဝင်ငွေ အများဆုံးရသူဖြစ်သည်။ အထည်အရေအတွက်အပေါ်  မူတည်၍ ရရှိသဖြင့် တစ်နေ့ကို  လုပ်သားခရငွေကျပ် ၆၀ဝ၀ မှ ၁၀ဝ၀ဝ အထိ ရရှိသည်။ ၎င်းမှတစ်ဆင့် ချုပ်လုပ်သူထံသို့ရောက်ရှိပြီး ရိုးရိုးအပ်ချုပ် စက်ဖြင့်သော်လည်းကောင်း၊မော်တာအပ်ချုပ်စက်ဖြင့်လည်းကောင်း အသုံးပြု၍ အထည်ချုပ်ကြသည်။ ချုပ်ရိုးချုပ်သား ခိုင်ခံ့မှု၊ သပ်ရပ်မှု၊ အပ်ချည်မကျော်စေရန် အထည်ချုပ်ရသည် အထည်အရေအတွက် ပေါ်မူတည်၍ အထည်ချုပ်သူ  လုပ်အားခမှာ တစ်နေ့တာ လုပ်အားခ ရငွေ  ကျပ်၄၀ဝ၀မှ၈၀ဝ၀အတွင်းရရှိသည်။ထိုမှချုပ်ပြီးသား အထည် ကို မီးပူတိုက်၍ အချောသပ် အိတ်သွတ်ရသည်။  ၎င်းပြုလုပ်သူ လုပ် အားခ တစ်နေ့တာရငွေ ကျပ် ၄၀ဝ၀ နှင့်  ၇၀ဝ၀ အတွင်းရရှိသည်။  အထည်ချုပ်လုပ်ငန်းတွင် အလုပ်လုပ်ကြသူအားလုံးသည်  အမျိုး သမီးများဖြစ်ကြသည်။ လုပ်သားများအနေဖြင့် လုပ်ကိုင်မှုကွဲပြား၍ ရရှိသည့်ဝင်ငွေလည်း ကွဲပြားမှုရှိသည်။  

အထည်စုံနှင့်ဈေးနှုန်းအခြေအနေ
ချုပ်ထည်အမျိုးအမည်များနှင့်ဈေးနှုန်းအခြေအနေမှာ အမျိုး သမီးဝတ် စပန့်ပိတ်သား အင်္ကျီနှင့်ဘောင်းဘီရှည် (ဝမ်းဆက်) ဆိုဒ်စုံ ကို ကျပ်၆၀ဝ၀ မှ ၆၅၀ဝ ဆိုဒ်စုံ၊ စပန့်ပိတ်သားအင်္ကျီနှင့်ဘောင်းဘီ တို (ဝမ်းဆက်)ဆိုဒ်စုံကို ကျပ် ၄၅၀ဝမှ ၄၈၀ဝ အတွင်း၊ စပန့်ပိတ်သား ဂါဝန်ရှည် (ဆိုဒ်စုံ)တစ်ထည်ကို    ကျပ် ၆၀ဝ၀ မှ ၆၅၀ဝ ၊    ခေါင်းစွပ် လက်တိုအင်္ကျီကျပ် ၃၅၀ဝမှ ၄၀ဝ၀အတွင်း၊ စပန့်ပိတ်သား ခေါင်းစွပ် လက်ပြတ်အင်္ကျီ(ဆိုဒ်စုံ) ကျပ် ၃၀ဝ၀ ၊ စပန့်ပိတ်သား ကလေး ကျား/ မဝတ် ဝမ်းဆက်စုံ ကျပ် ၃၅၀ဝ မှ ၄၀ဝ၀ ၊ စပန့်ပိတ်သား အမျိုးသား ဝတ် ဂျိုင်းပြတ်စွပ်ကျယ် ကျပ် ၃၀ဝ၀၊အမျိုးသားဝတ် ပါထိုင်း ဘောင်း ဘီတို(ပိုးကြိုးပါ) အထည် ကျပ် ၃၀ဝ၀ မှ  ၄၅၀ဝ အတွင်း ဆိုဒ်ကွာခြား မှုကြောင့် အနည်းငယ်ဈေးနှုန်းကွဟမှုရှိသည်။ 

ဈေးကွက်ဖြန့်ချိဆောင်ရွက်မှု
အထည်ချုပ်လုပ်ငန်းဦးစီးသူမှ အထည်အမျိုးအစားခွဲ၍ သတ် မှတ်ပုံဖော်ပြီး ပိတ်ဖြတ်သူ၊   မီးပူတိုက်သူ၊ အထည်ညှပ်သူ၊ အထည် ချုပ်သူ၊ အထည်ကိုအဆင့်ဆင့်ပြုလုပ်၍ ထုပ်ပိုးပြီး နောက်ဆုံး ကုန် ချောဖြစ်သော ကုန်စည်ကို ရောင်းချသူ၊ ဖောက်သည်တို့အား ဖြန့်ဖြူး ရောင်းချ၍ထိုမှတစ်ဆင့် ရပ်ကွက်မြို့နယ်ဈေးအသီးသီးတွင် ရောင်း ချမှုတွေ့ရပါသည်။ ထိုပစ္စည်းများသည်   မော်လမြိုင်မြို့ မြိုင်ရတနာ နှစ်ထပ်ဈေး၊ အောက်ဈေး၊   မြိုင်ရတနာလေးထပ်ဈေး(အပေါ်ဈေး) ဒေါင်းမင်းရပ်ဈေး၊ ဈေးကြိုဈေး၊  သီရိမြိုင်ဈေး၊ ရွှေမြိုင်သီရိဈေး၊ အေးသာယာဈေးနှင့် ကရင်ပြည်နယ် ဘားအံမြို့ မြို့မဈေး၊ သီရိဈေး၊ အခွန်လွတ်ဈေး၊ လှိုင်းဘွဲ့မြို့၊ ကမမောင်းမြို့၊  ကြာအင်းဆိပ်ကြီးမြို့၊ ကော့ကရိတ်မြို့၊ ကမမောင်းမြို့နယ် အသီးသီးသို့ ဖြန့်ချိရောင်းချကြ သည်။ 

အထည်ချုပ်လုပ်ငန်း၏အကျိုးအမြတ်ရရှိမှု
အထည်ချုပ်ရုံတစ်ခုတွင်    လုပ်သားလေးဦးနှင့်သော်လည်း ကောင်းလုပ်ကိုင်သူရှိသလို လုပ်သားငါးဦးမှ  ၁၅ ဦးဖြင့် လုပ်ငန်းကို လုပ်ကိုင်သည်များရှိသည်။   ၎င်းမှ စီးပွားရေးလုပ်ငန်း  အထည်ချုပ် အလုပ်ရုံတစ်ခု၏ လုပ်သား ၁၀ ဦးနှင့် လုပ်ဆောင်နေသည့် စီးပွား ရေးလုပ်ငန်း အောင်မြင်သူ အထည်ချုပ်လုပ်ငန်း ကောင်းထက်တံဆိပ် ပိုင်ရှင် မသန်းစိန်အား တွေ့ဆုံ၍ မေးမြန်းခဲ့ပါသည်။ လုပ်ငန်းအတွက် ရင်းနှီးငွေ၊ လုပ်သားခပေးရငွေ၊ အထည်ရောင်းချငွေ လုပ်ငန်းလည် ပတ်  ဆောင်ရွက်မှုတစ်ခုလုံး၏  အသုံးစရိတ် တစ်လတွက်ချက်မှု အပေါ် ပြန်လည်ရရှိသည့်  အကျိုးအမြတ်အားဖြင့် တစ်လလျှင် ငွေကျပ် ၄၀ဝ၀ဝ၀ မှ ၇၀ဝ၀ဝ၀အတွင်း ရရှိကြောင်းနှင့်အထည်ချုပ် ရတဲ့အရေအတွက်အပေါ်မူတည်၍  ဝင်ငွေကွာခြားမှုရှိပါကြောင်း သိရသည်။ ဆောင်းလနှင့်နွေလများ၌   အထည်ချုပ်ကောင်းသော လများဖြစ်ရှိသလို မိုးရာသီတွင် အနည်းငယ် လျော့နည်းမှုလည်းရှိ ကြောင်း၊   စက်ချုပ်ပညာကို  လေ့လာဆည်းပူးသူများလည်းရှိလာ ကြောင်း၊ စက်ချုပ်ပညာမတတ်သေးသည့်  ပညာသင်များကိုလည်း အခမဲ့သင်ကြားပေးနေကြောင်း၊   စိတ်ဝင်တစား ကြိုးစားလာကြ သည့်အတတ်ပညာရှင်များရှိလာကြောင်း သိရှိရသည်။ 
မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း လူကြီးလူငယ် ဝတ် ဆင်သူများကြသည့် ပြည်တွင်းချုပ်အထည်ဖြစ်၍ ဈေးကွက်အတွင်း ရောင်းချသည့် အထည်ဈေးနှုန်းသက်သာသော၊ ခိုင်ခံ့သော၊ သပ်ရပ် စွာဝတ်ဆင်နိုင်သောအထည်ဖြစ်သည်။    ထို့ကြောင့် ဒေသစီးပွား  ဖွံ့ဖြိုးမှုတစ်ခုဖြစ်သည်နှင့်အညီ  ဒေသတွင်းပြည်သူများ    အလုပ် အကိုင်အခွင့်အလမ်းများနှင့်ဝင်ငွေများရရှိနေသည့်   အထည်ချုပ် အသေးစားလုပ်ငန်းအကြောင်း တင်ပြလိုက်ရပါသည်။

ခင်ကြည် (မွန်)