Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် ကဏန်းဈေးကွက်

Tue, 09/26/2023 - 10:34 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်နေသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အပြင်  ပင်လယ်နှင့်   နီးကပ်လျက်ရှိသော ကမ်းခြေဒေသမှထွက်ရှိသည့် ရေထွက်ကုန်များသာမက ငါး၊ ပုစွန်၊ ကဏန်းများကိုလည်း မွေးမြူလျက်ရှိပြီး ရေထွက်ပစ္စည်း များကို ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့လည်း  တင်ပို့လျက်ရှိနေသည်၊ ကဏန်းကောင်များ သည် ရေချို၊ ရေငန်စပ်ဒေသများတွင်ပေါက်ဖွား၍ မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်းတစ်လျှောက် ဒီရေရောက်သည့် နေရာ များတွင်လည်း တွေ့ရှိနိုင်ပြီး  ဧရာဝတီတိုင်းဒေသကြီး ငပု တော၊  မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ စသည့် မြို့နယ်များတွင်လည်းထွက်ရှိသည်။  
လပွတ္တာခရိုင်  လပွတ္တာ မြို့နယ်ရှိ မွေးမြူရေးကုမ္ပဏီများ ဖြစ်သည့်  TML  ကုမ္ပဏီ၊ MRF ကုမ္ပဏီ၊ စူပါရွှေရောင်ကုမ္ပဏီ များမှ မွေးမြူထားသောကဏန်းများကို အအေးခန်းစက်ရုံများ မှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်၊
ကဏန်းများကို စတင်မွေးမြူချိန်မှ ၄၅ ရက်ပြည့်လျှင် ရောင်းတန်းဝင်ကြောင်းနှင့် အရေခွံများလဲလျှင်လည်း ရောင်း ချနိုင်ကြောင်း သိရသည်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ များတွင် အရောင်းအဝယ်များပြီး  ကျန်လများ၌ နည်းပါး ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့ ဈေးကွက် သို့ အဓိကတင်ပို့နေသည့်အပြင် ရွှေရောင်ကုမ္ပဏီမှ ပြည်တွင်း ဈေးကွက်၊ TML  ကုမ္ပဏီမှ အာရှဈေးကွက်နှင့် MRFကုမ္ပဏီ မှ ဥရောပဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်မှ ကဏန်းများကို ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချမှုမှာ ၂၀၂၃ ခုနစ် ဧပြီလတွင်  ၄၃၄၀၄ ပိဿာ၊ မေလ တွင်၂၉၂၉၃ ပိဿာ ၊ ဇွန်လတွင် ၃၃၇၁၅ ပိဿာ၊ ဇူလိုင်လ တွင် ပိဿာ ၂၉၄၈၀ နှင့် သြဂုတ်လတွင် ၃၈၄၂၁ ပိဿာ  တင်ပို့ခဲ့သည်။  ကဏန်းပျော့ တစ်ပိဿာ ကျပ် ၁၅၃၀ဝ နှင့် ကဏန်းမာ တစ်ပိဿာလျှင် ကျပ် ၁၄၅၀ဝ  ဖြင့် တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။                        

 

မင်းမင်းဦး(ပသ)