Main menu

Background

ကလေးမြို့၏ဒေသထွက်ကုန်ချင်းရိုးရာဝတ်စုံ

Tue, 09/26/2023 - 12:16 -- journal_editor

မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုး နွယ်စု၁၃၅မျိုးရှိရာ တိုင်းရင်းသား လူမျိုးများအလိုက်  ကိုယ်ပိုင်ယဉ် ကျေးမှု၊  ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေများကို   အမြတ် တနိုးတန်ဖိုးထား  နေထိုင်ကြသည် ကိုတွေ့ရှိရမည်ဖြစ်သည်။ နေထိုင် ရာဒေသ မတူညီသည့်အပြင် ကိုး ကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။  ဝတ်စားဆင်ယင်မှုများမှာ လည်း မိမိတို့၏ရိုးရာသင်္ကေတများအလိုက် ကွဲပြားခြားနားသွားသည် ကို တွေ့ရှိရမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများအနက် ချင်းတိုင်းရင်းသားလူမျိုးစုကြီး တွင် မျိုးနွယ်စု ၅၃မျိုးဖြင့်  မြန်မာနိုင်ငံ၏အနောက်ဘက်ဒေသတွင် နေထိုင်ကြသည်ကို   တွေ့ရသည်။    ချင်းတိုင်းရင်းသားများအနက် နာမည်ကြီးသော တိုင်းရင်းသားဝတ်စုံများမှာ ဖလမ်းလူမျိုးတို့၏ ရိုးရာ ဝတ်စုံ၊ တီးတိန်လူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဇိုမီးလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဟားခါးလူမျိုးတို့၏ ရိုးရာဝတ်စုံများဖြစ်သည်။ ရိုးရာဂျပ်ခုတ် ရက်ကန်း လုပ်ငန်းသည် ဆယ်စုနှစ်များစွာ ချင်းအမျိုးသမီးများ၏  လူသိများပြီး ထင်ရှားကျော်ကြားသော လုပ်ငန်းတစ်ခုဖြစ်သည်။ ရှေးယခင်က ချင်း လူမျိုးများသည် ကိုယ်တိုင် ဝါပင်များကို စိုက်ပျိုးကြပြီး ရရှိလာသည့် ဝါဂွမ်းများကို ဗိုင်းငင်၊  ချည်ချ၊ ချည်ဆေးဆိုး၍ ချည်ထည်များကို လက်ရက်ကန်းစင်ဖြင့် အဆင်ဒီဇိုင်းမျိုးစုံ၊  တဘက်၊ စောင်၊ လုံချည် (ကွင်းပြည့်)၊ ပတ်လုံချည်အမျိုးမျိုးကို ရက်လုပ်ကြသည်။
ချင်းရိုးရာဝတ်စုံများသည် အလွန်လှပပြီး မြန်မာနိုင်ငံသာမက ပြည်ပနိုင်ငံများကပါ ရိုးရာ ဝတ်စုံများကို နှစ်သက်မြတ်နိုး တန်ဖိုးထား ကြသည်။ချင်းအမျိုးသမီးများသည် ရက်ကန်းရက်လုပ်ရာတွင် လူမျိုးစု ပေါ်မူတည်၍ အလျားလိုက် အစင်း၊ အကွက် သို့မဟုတ် ပန်းပွင့်ပုံများ၊ ချင်းလူမျိုးတို့၏သင်္ကေတဖြစ်သည့် အောက်ချင်းငှက် ပုံဖော်ထားသည့် အဆင်ဒီဇိုင်းသည် အခြားဒီဇိုင်းများနှင့်မတူ   ပေါ်လွင်ထင်ရှားလှပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့သည် ခရိုင်ရုံးစိုက် မြို့တစ် မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊    စိုက်ပျိုးမြေ ကျယ်ပြန့်စွာပေါများခြင်း၊ ရေသယံဇာတြွကယ်ဝခြင်း၊    ရာသီဥတု ကောင်းမွန်ခြင်းတို့ကြောင့်   ကလေးမြို့တွင် ချင်းတိုင်းရင်းသားများ အခြေချနေထိုင်သူ ပေါများသည်။ ကလေးမြို့တွင် လူဦးရေ သုံးသိန်း ခုနစ်သောင်းကျော်ရှိသည့်အနက် ချင်းတိုင်းရင်းသား တစ်သိန်းခုနစ် သောင်းကျော်(၄၆ရာခိုင်နှုန်း)ခန့်  နေထိုင်သော   မြို့တစ်မြို့ဖြစ်ပြီး အခြေချနေထိုင်သည့် ချင်းတိုင်းရင်းသားများမှာ ဖလမ်း၊ တီးတိန်၊ ဇိုမီး၊ ဟားခါးဒေသတို့မှ လူမျိုးများ အများစုနေထိုင်သော  မြို့တစ်မြို့ဖြစ် သည်။ 
ချင်းရိုးရာ ရက်ကန်းပညာကို ဆွေစဉ်မျိုးဆက် အမွေဆက်ခံ၍ ရက်လုပ်လာခဲ့သည်မှာ ယခု ကလေးမြို့တွင် ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာသုံးရွာတို့မှ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့်  လုပ်ငန်းရှင် ၆၀ကျော်၊ ရက်ကန်းစင် ၂၄၆စင် ခန့်က ချင်းရိုးရာ  လုံချည်များကို အစဉ်အလာမပျက် ရက်လုပ်၊ဝတ် ဆင်၊    ရောင်းချလျက်ရှိကြောင်း လေ့လာသိရှိရသည်။
ချင်းရိုးရာလုံချည်များ ရက် လုပ်ရာတွင်     အဓိကအနေဖြင့် အိန္ဒိယချည်ကို  အသုံးပြုမှုများပြီး အရောင်လိုအပ်ချက်အရ   ဒီဇိုင်း များ ဖော်ရန်အတွက် တရုတ်ချည်များကို  အသုံးပြုကြောင်း သိရှိရ သည်။  အိန္ဒိယချည်တစ်ထုပ်  ကျပ် ၆၅၀ဝ၀၊ တရုတ်ချည် တစ်ထုပ်   ကျပ် ၆၇၀ဝ၀ ဈေးနှုန်းများဖြင့်  ဝယ်ယူရက်လုပ်ကြောင်း သိရသည်။ 
ရက်ကန်းရက်လုပ်သူများသည် မိမိရက်လုပ်သော   အထည် အမျိုးအစား၊ ဒီဇိုင်းပေါ် မူတည်၍ လုပ်အားခရရှိပြီး  ရိုးရာဝတ်စုံ ရိုးရိုး အထည်များ ရက်လုပ်မည်ဆိုပါက တစ်ရက်လျှင် နှစ်ထည်ခန့်ပြီးစီး၍ ဒီဇိုင်းဆန်း၍ လက်ကောက်များသည် လုံချည် ရက်လုပ်မည်ဆိုပါက တစ်ထည်လျှင် နှစ်ရက်ခန့် ရက်လုပ်ရကြောင်း သိရသည်။
ယခု ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများအပြင် တဘက်၊ စောင်၊ ဦးထုပ်၊  လက်ကိုင်အိတ်၊   ဆံထိုး၊ နားကပ်၊ ရောင်စုံလည်ဆွဲရှည်၊ ဆံအုပ်၊ ကလစ်၊ ဆွယ်တာ၊ ပိုက်ဆံအိတ်နှင့် လွယ်အိတ် စသည့် လူသုံး ကုန်ပစ္စည်းအမျိုးမျိုးကိုလည်း ရက်လုပ်လာကြောင်းသိရသည်။ 
ချင်းရိုးရာဝတ်စုံ တစ်ထည်လျှင် အနိမ့်ဆုံးဈေးနှုန်း ကျပ်    တစ် သိန်းငါးသောင်းမှ အမြင့်ဆုံးဈေးနှုန်း ကျပ် ၁၀သိန်းထိရှိကြောင်း သိရှိ ရသည်။ 
အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိပြီး  ဈေးကွက် မှာ ဒေသတွင်းဈေးကွက်  ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များအပြင် ယခု ချင်းတိုင်းရင်းသားများသည် နိုင်ငံအနှံ့အပြား   နေထိုင်လျက်ရှိသဖြင့် ၎င်းနိုင်ငံများက   အမှာစာရှိပါက တင်ပို့ရောင်းချလျက်ရှိကြောင်း ကလေးမြို့ရှိ ချင်းရိုးရာ အထည်ဆိုင်ရှင်တစ်ဦးထံမှ သိရသည်။
ချင်းလူမျိုးများသည်   အစဉ်အလာမပျက် ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ ဘုရားကျောင်းတက်ခြင်း၊ ဆုတောင်းပွဲအခမ်းအနားများ၊ ဘာသာရေးဆိုင်ရာ  ပွဲလမ်းများနှင့် မင်္ဂလာပွဲအခမ်းအနားများတွင် တူညီဝတ်စုံများ ဝတ်ဆင်သည့်ဓလေ့များကို   တန်ဖိုးထားကြသည့် အတွက် ချင်းရိုးရာ လက်ရက်ကန်းလုပ်ငန်းသည် တိမ်ကော ပပျောက် သွားမည်မဟုတ်ဘဲ အစဉ်ရှင်သန်လျက်ရှိနေမည်ဟု ယုံကြည်ပါသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင် ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းသည်အကောင်း ဆုံး နည်းလမ်းတစ်ဖြစ်သည်။  
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး(ြှနြ)လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်လျက်ရှိရာ   လုပ်ငန်းရှင် များဘက်မှလည်း ဒေသတစ်ခုထုတ်ကုန်တစ်မျိုးမှသည် ပိုမိုတိုးတက်မှု ရှိသည့် ဒေသစီးပွား၊ နိုင်ငံ့စီးပွားရေးဖြစ်လာစေရန် ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။