Main menu

Background

ဓနုဖြူမြို့က ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုတ်

Tue, 09/26/2023 - 12:17 -- journal_editor

ယခုတစ်ပတ်တွင်  မုန့်ဟင်းခါးကြိုက်သော  မြန်မာ လူမျိုးများအတွက်   ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်က   ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်နှင့် မိတ်ဆက်ပေးလိုပါသည်။ ငါး၊ ကုလားပဲ၊ ငါးဖယ်ခြစ်၊ ချင်း၊ စပါးလင်၊ ငရုတ်သီး မှုန့်၊ ငရုတ်ကောင်း၊ မြေပဲ၊ ငါးငံပြာရည်တို့ကို အချိုးကျ ပေါင်း စပ်ထားပြီး အသင့်စား   အစားအစာပြုလုပ်ရန်အတွက် ခြောက်နေအောင်လုံးထားပြီး  လင်ပန်းထဲထည့်၍ ပန်ကာ လေဖြင့် သင့်တော်သော    အနေအထားတွင် ရိုးရိုးအိတ် မဟုတ်ဘဲ လေစုပ်အိတ်ထဲသို့ထည့်၍ အသေအချာ ထုပ်ပိုး ထားရှိပါသည်။   စားသုံးသူများက အသေအချာ ထုပ်ပိုးထား သော ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်ကို  အညွှန်းပါ အတိုင်း ရေနွေးဆူဆူတွင်ထည့်၍ လိုအပ်သလောက် မွှေပေး ပြီးပါက အရသာရှိသော မုန့်ဟင်းခါးဟင်းရည်တစ်ခွက်ကို လွယ်လင့်တကူရရှိပြီး မုန့်ဟင်းခါးဖတ်ဖြင့်  တွဲဖက်စားသုံး နိုင်ပါသည်။ ဇကာကြီးသူ မုန့်ဟင်းခါး ၂၀ကျပ်သား တစ်ထုပ်လျှင် ကျပ် ၄၀ဝ၀ ဖြစ်ပြီး   မုန့်ဟင်းခါးဖတ် ၄၀ ကျပ်သားနှင့် ပေါင်းစပ်စားနိုင်သလို ၄၀ ကျပ်သား တစ်ထုပ်လျှင် ကျပ် ၈၀ဝ၀ နှုန်း၊ မုန့်ဟင်းခါးဖတ် ၈၀ ကျပ်သားနှင့် စားနိုင်ပြီး ၇၀ကျပ်သား တစ်ထုပ်လျှင် ကျပ် ၁၁၀ဝ၀ ကို မုန့်ဟင်းခါး ဖတ် တစ်ပိဿာ ၄၀ကျပ်သားဖြင့် စားသုံးနိုင်သည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၏ မြို့နယ် တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ဇကာကြီးသူ မုန့်ဟင်းခါး အနှစ်ထုပ်လုပ်ငန်းခွင်သို့ ကွင်ဆင်းလေ့လာခဲ့ပြီး ဓနုဖြူမြို့ နယ်နှင့်အခြားမြို့များသို့ ဈေးကွက်ရရှိနိုင်ရေး အရသာ ကောင်း အရည်အသွေးကောင်း ဇကာကြီးသူ  မုန့်ဟင်းခါး အနှစ်ထုပ်ကို ကုန်အညွှန်းအမှတ်အသား ဆောင်ရွက်ထားရှိ မှုနှင့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင် ရေးနည်းလမ်းများကို   ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် က ဇကာကြီးသူမုန့်ဟင်းခါး အနှစ်ထုပ်လုပ်ငန်းသည် ဓနုဖြူ မြို့အတွက်သာမက   မအူပင်ခရိုင်ထဲက တိုးတက်ဖွံ့ဖြိုးလာ တော့မည့်လုပ်ငန်းတစ်ခုအဖြစ် အလားအလာကောင်းများ ကို ဂုဏ်ယူဖွယ်တွေ့ရှိခဲ့ရသည်။

 

မြင့်သူ(မအူပင်)