Main menu

Background

ဈေးကွက်ပိုမိုရရှိ၍ ဈေးကောင်းရနေသော မွန်ပြည်နယ်ဒေသထွက်ကျွဲကောသီး

Tue, 10/10/2023 - 14:45 -- journal_editor

မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ မွန် ပြည်နယ်အတွင်း မြို့နယ် ၁၀မြို့နယ်တွင် မြို့နယ် အားလုံး၌ ကျွဲကောသီး ခြံ စိုက်ပျိုးကြသည်။ ၎င်းမှအများဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက် ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊မုဒုံ၊ ရေး၊ ခေါစာမြို့နယ်တို့၌ ကျွဲကောသီး အများဆုံးထွက်ရှိသည်။    ကျွဲကောသီး(အဖြူရောင်)နှင့် ကျွဲကောသီး (ပန်းရောင်)ဟူ၍နှစ်မျိုးရှိသည်။ ကျွဲကောသီးကို   စက်တင်ဘာလနှင့် အောက်တိုဘာလတို့၌ လှိုင်လှိုင်ပေါ၍အသီးထွက်ကောင်းချိန်ဖြစ်ခူးဆွတ် ရောင်းချကြသည်။    မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးဆိုလျှင် အထွက်နှုန်းကောင်း၊ ရောင်းအားကောင်း၊  စားသုံးသူများ အကြိုက်တွေ့၍   ပိုမိုစားသုံးကြသည်။ မွန်ပြည်နယ်အတွင်းကျွဲကောသီးအရောင်းနေရာ များတွင် မော်လမြိုင်မြို့ မော်မော်သစ်သီးဆိုင်နှင့် စိန်သုံးလုံး သစ်သီးဆိုင် တို့၌ အရွယ်အစားအလိုက် ရွေးချယ်ဝယ်ယူနိုင်သည်။ မွန်ပြည်နယ်မှထွက် ရှိသည့် ကျွဲကောသီးသည် နာမည်ကြီးသည်။ ကျွဲကောသီးကို ခူးဆွတ် ချိန်ရက်မှ နောက်ထပ် ရက် ၂၀နှင့် ရက် ၂၅ ရက်အတွင်း ထားရှိနိုင်သည်။ 
ကျွဲကောသီးစိုက်ဧကနှင့်ထွက်ရှိမှု
စိုက်ပျိုးမှုအပေါ်လည်းခြံရှင်များအနေဖြင့် ကျေနပ်ဖွယ်အထွက်နှုန်း များလည်း ရရှိပါသည်။  ဈေးကွက်ချဲ့ထွင်မှု  အားကောင်းလာသည်နှင့်အမျှ ကျွဲကောပင်စိုက်ခြံပိုင်ရှင်၊    ဥယျာဉ်ပိုင်ရှင်များ တွက်ခြေကိုက်သည်။ 

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ
ကျွဲကောသီး(အဖြူရောင်)ဆိုလျှင် အသီး၏အရွယ်အစားအသေး/ အကြီးပေါ် မူတည်၍ဈေးနှုန်းကွာခြားမှုရှိသည်။ ၎င်းမှာ အသေးတစ်လုံး လျှင် ကျပ် ၅၀ဝ မှ ကျပ် ၁၀ဝ၀ အတွင်း၊ အလတ်တစ်လုံးလျှင် ကျပ်  ၁၅၀ဝ မှ ကျပ် ၂၅၀ဝ အတွင်း၊ အကြီးတစ်လုံးလျှင်  ကျပ် ၃၀ဝ၀ မှ  ၄၅၀ဝ ကျပ်အတွင်းရှိသည်။ လတ်တလောတွင် မော်လမြိုင်ထွက်   ကျွဲကောသီး များအားလုံး ဈေးမြင့်တက်နေခြင်းဖြစ်ပြီး ယခင်နှစ် ကျပ် ၁၅၀ဝ  သာရှိ သော ကျွဲကောသီးမှာလည်း တစ်လုံးလျှင် ကျပ် ၃၀ဝ၀ ခန့်  ပေါက်ဈေးရှိနေ ကြောင်းကိုလည်း ကျွဲကောခြံပိုင်ရှင်များထံမှ  သိရသည်။   မွန်ပြည်နယ် မော်လမြိုင်ထွက် ကျွဲကောသီးဈေးများ ယခင်နှစ်ထက် နှစ်ဆနီးပါး ဈေး မြင့်တက်လျက်ရှိကြောင်း၊ မော်လမြိုင်မြို့ အခြေစိုက် ကျွဲကောသီး ရောင်း ဝယ်ရေးလုပ်ငန်းများထံမှ သိရသည်။ 
ယခင်နှစ်များက ကျွဲကောသီးအလုံးကြီး အလုံးသန့်  တစ်လုံးလျှင် ရောင်းဈေး ကျပ် ၂၀ဝ၀ သာရှိရာမှ  ယခုနှစ်တွင် ၃၅၀ဝမှ ကျပ် ၄၀ဝ၀ ဝန်းကျင်အထိရှိနေကြောင်း   မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက်မှ ကျွဲ ကောခြံပိုင်ရှင် ဒေါ်ရှီးက ရှင်းပြသည်။ ကျွဲကောသီးသည် အလွန်ပူသော ရာသီဥတုကြောင်း အသီးထွက်သည့်အခါမှာလည်း ပိုးကျသည့်အတွက် အားလုံး ပုပ်ကုန်ကြောင်း၊ အပူရှိန်လွန်ကဲခြင်း နှင့်အသီးအများအပြား ထွက်သောအချိန်တွင် ပိုးများကျရောက်ခြင်းကြောင့်လည်း  အသီးဈေး နှုန်းမြင့်လာကြောင်း  မော်မော်သစ်သီးရောင်းဝယ်ရေးဆိုင်မှ ပြောကြား သည်။ 
မွန်ပြည်နယ်မှ ထွက်ရှိသော ကျွဲကောသီးများကို  ဒေသအတွင်း စားသုံးမှုအပြင်    အမြို့မြို့နယ်နယ်သို့    ဖြန့်ချိရောင်းချလျက်ရှိသည်။ မော်လမြိုင်မြို့ရှိခြံပိုင်ရှင်များမှ ထွက်ရှိသော ကျွဲကောသီးများကို မွန်ပြည် နယ်အတွင်းသာမက ရန်ကုန်နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက် ရှိသည်။
ကျွဲကောသီးမှ အာဟာရ
မွန်ပြည်နယ်ထွက် ကျွဲကောသီး(အဖြူရောင်)သည် ချိုချဉ်အရသာ၊ ကျွဲကောသီး(ပန်းရောင်)သည် ကျွဲကောသီး(အဖြူရောင်)ထက် အသား ပိုမိုနုညံ့ကာ အချိုဓာတ်ပိုကဲသည်။  ကျွဲကောသီးကို စားသုံးရာတွင် သူ့ ချည်းအစိပ်လိုက်အခွံနွာ၍ စားကြသလို ဖျော်ရည်အဖြစ် ဖျော်သောက် ကြသည်။ ကမ္ဘာပေါ်ရှိအချဉ်သီး မျိုးနွယ်ထဲတွင် အရွယ်အစားအကြီးမား ဆုံး အမျိုးအစားဖြစ်သည်။ အချဉ်ဓာတ်ကဲသော ကျွဲကောသီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန့်၊ ဆားအနည်းငယ်နှင့် ငရုတ်သီး မှုန့်တို့ဖြင့် ရောစပ်၍ စားကြသည်။  ကျွဲကောသီးတွင် ပါဝင်သည့် အမျှင်ဓာတ်၊ပိုတက်ဆီယမ်၊ ဖောလစ် အက်ဆစ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီ အလွနြွ်ကယ်ဝသောကြောင့် ဝမ်းမှန် သည်၊ ဖျားနာမှုကိုလည်းအထောက်အကူပြု ၍ သက်သာစေသောဓာတ်စာ အာဟာရဖြစ်သည်။  လူတိုင်းကြိုက်နှစ်သက်သည့် မွန်ပြည်နယ် ဒေသ ထွက် ကျွဲကောသီးကို လွယ်ကူစွာဝယ်ယူ စားသုံးနိုင်ကြောင်း တင်ပြအပ် ပါသည်။

ခင်ကြည် (မွန်ပြည်နယ်)